မြန်မာတိုင်း(မ်)စာစဉ်ဟောင်းများရှာရန်

ယခုတစ်ပတ်မြန်မာတိုင်း(မ်)စာစောင်
Latest Issue
Now! Fashion Forward
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ၊ ၂၆-၁-၂၀၁၂ တွင် လွှင့်တင်သည်။

နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်သူများ အား လက်ခံရန် ဂျွန်မက်ကိန်းတိုက်တွန်း

မြန်မာနိုင်ငံအစိုးရအနေဖြင့် ဧပြီလတွင် ကျင်းပရန်
စီစဉ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံ
တကာမှ စောင့်ကြည့်လေ့လာသူများအား ဖိတ်ခေါ်ရန်
နိုင်ငံတော်သမ္မတအား တိုက်တွန်းခဲ့ကြောင်း မြန်မာ
နိုင်ငံသို့ ပြီးခဲ့သည့်သီတင်းပတ်က လာရောက်ခဲ့သည့်
အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက
ဇန်န၀ါရီလ ၂၂ ရက် နေ့ ရန်ကုန်မြို့ အမေရိကန်
စင်တာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပါကစ္စတန်နိုင်ငံ၏
ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဘနာဇီယာ
ဘူတို၏ အထိမ်းအမှတ်ဆုဖြစ်သော Shaheed
Benazir Bhutto Award for Democracy
ဆုအား
ဇန်န၀ါရီလ ၂၅ ရက်နေ့က ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ
၎င်း၏နေအိမ်၌ ဘနာဇီယာဘူတို၏သမီးထံမှ လက်ခံရယူနေစဉ်။

News

» သတင်းအပြည့်အစုံသို့..

ချယ်ရီဝက်ဂွန် QQ ကားစီးရေ ၈၀၀ ယခုလကုန် ရောက်မည်

တရုတ်နိုင်ငံထုတ် ချယ်ရီဝက်ဂွန်ကားများ စီးရေ ၈၀၀
ခန့် ဇန်န၀ါရီလအတွင်း ရောက်ရှိမည်ဖြစ်ကာ ရန်ကုန်မြို့
ကမ္ဘာအေးဘုရားလမ်းရှိ စက်မှုဝန်ကြီးဌာန ကားအ
ရောင်းပြခန်းတွင် အဆိုပါကားများကို ပါမစ် မရှိသူများ
ကိုပါ ယခင်ဈေး နှုန်းများအတိုင်း ရောင်းချပေးသွား
မည်ဟု စက်မှုဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားကုန်စည်နှင့် ကားပြပွဲတွင် ကားများကို လက်ငင်း ငွေချေစနစ်ဖြင့် ရောင်းချပေးခဲ့

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ အထိ မင်းဓမ္မလမ်း၊ အမ်စီစီခန်းမတွင် ကျင်းပခဲ့ သော အမျိုးသားကုန်စည်ပြပွဲနှင့် ကားပြပွဲကြီးတွင် ကောင်းစေတမန်၊ ကားအရောင်းနှင့်ဝန်ဆောင်မှု ကုမ္ပဏီမှ မော်ဒယ်လ်မြင့် ကားများကို ၀င်ရောက်ပြသခဲ့ပြီး ကားများကို ပြပွဲ၌ပင် ချက်ချင်းဝယ်ယူနိုင်သောစနစ်ဖြင် ရောင်းချပေးခဲ့သည်။

» သတင်းအပြည့်အစုံသို့..

၂၅ ကြိမ်နှင့်အထက် သွေးလှူရှင်များအား ဂုဏ်ပြုပွဲကျင်းပ

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး အမျိုးသား
သွေးလှူဘဏ်က ၃၅ ကြိမ်မြောက်၊ ၂၅ ကြိမ်နှင့်အထက်
သွေးလှူရှင်များဂုဏ်ပြုပွဲကို မြန်မာနိုင်ငံဆရာဝန်များ
အသင်း (မန္တလေး)၌ ဇန်န၀ါရီလ ၂၁ ရက်က ကျင်းပ
ခဲ့သည်။
News

တီလားဗီးယား မွေးမြူစားသုံးခြင်း ဂရုပြုသင့်

တီလားဗီးယားငါး မွေးမြူခြင်းနှင့် စားသုံးခြင်းတွင်
ကောင်းကွက်အချို့ ရှိနေသော်လည်း ဂရုပြု
ဆင်ခြင်ရမည့် အချက်များလည်း ရှိနေကြောင်း
သုတေသန ပညာရှင်တစ်ဦးက ပြောသည်။

News

» သတင်းအပြည့်အစုံသို့..

ရော့ခ်ဂီတအဖွဲ့ Side Effect ရဲ့ ရန်ပုံငွေများ 'ကန်' ပိတ်ဆို့မှုစနစ် သက်ရောက်မှုကြောင့် ဆုံးရှုံးခဲ့ရ

ကိုယ်ပိုင်တေးစီးရီး ထုတ်ဝေနိုင်ဖို့ ရည်ရွယ်ချက်နဲ့
ရော့ခ်တီးဝိုင်းအဖွဲ့ Side Effect ရဲ့ ၀က်ဘ်ဆိုက်
လွှင့်တင်ပြီး ရန်ပုံငွေရှာဖွေတဲ့ ကြိုးပမ်းမှုဟာ မြန်မာ
နိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့စီးပွားရေးပိတ်ဆို့မှု
စနစ်ရိုက်ခတ်မှုအောက်မှာ အရာမထင် ဖြစ်ခဲ့ရပါတယ်။

တစ်သက်တာစာပေဆုနှင့် စည်သူဘွဲ့ရ ဆရာကြီး ဦးသော်ကောင်းနှင့်တွေ့ဆုံခြင်း

အငြိမ်းစား စာကြည့်တိုက်မှူး၊ စာရေးဆရာ၊
ဒေါက်တာ ဦးသော်ကောင်း ဟာ ၂၀၁၁ ခုနှစ်၊
ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ အမျိုးသားစာပေဆု
ချီးမြှင့်ပွဲမှာ တစ်သက်တာစာပေဆု ဂုဏ်ပြုချီးမြှင့်
ခံခဲ့ရပြီး ဒီနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)မှာလည်း
စည်သူဘွဲ့ထပ်မံ ချီးမြှင့်ခံရတာကြောင့် စာပေခရီးရှည်ကြီးကို ပျော်
ရွှင်စွာ လျှောက်လှမ်းနေတဲ့ ဆရာကို မြန်မာတိုင်း(မ်)မှအကြီးတန်း
သတင်းထောက် ဇွန်ပန်းပွင့် ကတွေ့ဆုံ အင်တာဗျူးထားပါတယ်။

News

» သတင်းအပြည့်အစုံသို့..

ဖြူလွလွနှင်းမှုန်တွေကြားက လူငယ်အိုလံပစ် အားကစားပြိုင်ပွဲ

ဩစတြီးယား နိုင်ငံငယ်လေးအတွက်ကတော့ ၂၀၁၂
ဟာ လာခြင်းကောင်းသော မင်္ဂလာနှစ်သစ်ပါပဲလို့
ဆိုရမလို ဖြစ်နေပါပြီလို့ မီဒီယာတွေက တင်စား
ကောင်းချီးပေးလာတာဟာ အကြောင်းတော့ရှိပါတယ်။
News

အခွင့်အရေးကို အသုံးမချနိုင်ခဲ့သည့် ဟံသာဝတီယူနိုက်တက်

မြန်မာနေရှင်နယ်လိဂ် တတိယအပတ် ပွဲစဉ်
တစ်ခုဖြစ်သော ဟံသာဝတီ ယူနိုက်တက်နှင့်
ချင်းယူနိုက်တက်ပွဲကို ဇန်န၀ါရီလ ၂၁ ရက်နေ့က
အောင်ဆန်းကွင်း၌ ကျင်းပရာ တစ်ဖက်တစ်ဂိုးစီနှင့်
သရေဖြစ်ကာ တစ်မှတ်စီ ခွဲယူခဲ့ကြသည်။

News

» သတင်းအပြည့်အစုံသို့..

အာရှတိုက်သားများ နဂါးနှစ်ကြိုဆိုပွဲ ခြိမ့်ခြိမ့် သဲသဲကျင်းပ

တရုတ် ၁၂ ရာသီခွင် မှ ခွန်အားအကြီးဆုံး နဂါးသည်
၎င်း ကိုယ်စားပြုသည့် ချမ်းသာကြွယ်ဝခြင်းနှင့် စွမ်းအား
တွင် ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်ပေးလိမ့်မည်ဟု ၎င်းတို့က
မျှော်လင့် နေကြသည်။
News

အာဖဂန်စစ်သားတစ်ဦး ပြင်သစ်တပ်ဖွဲ့ဝင်လေးဦးအား ပစ်သတ်

တာလီဘန် သူပုန်အလောင်းများအပေါ် ကျင်ငယ်
စွန့် နေသည့် အမေရိကန်စစ်သားများ၏ ဗီဒီယို
ကိုကြည့်ပြီးနောက် ပြင်သစ်စစ်သားလေးဦးတို့အား
ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း တရားခံ အာဖဂန်
စစ်သားက ပြောဆိုခဲ့သည်ဟု လုံခြုံရေးရပ်ကွက်များထံမှ သိရသည်။

News

» သတင်းအပြည့်အစုံသို့..