မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ်အဖြစ် ပြညောမွှေမလေနူ ရွှမေိန နထစသ ၂၀၁၃ ပွဲကြီးကို
ဇန်န၀ါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့၊ မင်းဓမ္မ လမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ
၌ Myanmar Travel & Trade Expo 2013 မှ တာဝန်ယူ ကျင်းပသွားမည် ဖြစ်သည်။
ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ပြည်တွင်းပြည်ပမှ လေကြောင်းလိုင်း
များနှင့် ဘဏ်လုပ်ငန်း များ၊သင်တန်းကျောင်းများအပြင် ကား ပြခန်းများ၊ တိုးဘတ်စ်ကား
ဝန်ဆောင်မှု လုပ်ငန်းများ၊ ပြည်တွင်းကားဝန်ဆောင်မှု လုပ်ငန်းများစသည်တို့ဖြင့် အသီးသီး
ခင်းကျင်းပြသသွားမည် ဖြစ်သည်။
ပြပွဲရက်အတွင်း လာရောက်ကြည့်ရှု သူများအတွက် ဖျော်ဖြေရေးအစီအစဉ်များနှင့် ကံစမ်းမဲ
လက်မှတ်များစီစဉ် ထားရှိမည်ဖြစ်ပြီး ပြခန်းဝယ်ယူသူများအတွက် ရန်ကုန်ဘန်ကောက်
ခရီးစဉ် ငါးဦးကံစမ်းမဲပေးသွားမည် ဖြစ်သည်။
ခရီးသွားကုမ္ပဏီများအနေဖြင့် မိမိတို့ ကုမ္ပဏီမှ ပြည်တွင်း ပြည်ပခရီးစဉ်များကို တိုက်ရိုက်
ရောင်းချနိုင်ခြင်း၊ ဟိုတယ်များ၊ စားသောက်ဆိုင်များမှလည်း မိမိတို့၏ ၀န်ဆောင်မှုများကို
ခရီးသွားကုမ္ပဏီများ ဖြင့် တိုက်ရိုက်ချိတ်ဆက်နိုင်ခြင်း၊ံသအနှူကစစူငနမ များမှလည်း
ဟိုတယ်များနှင့် ချိတ်ဆက်ပြီး ဈေးကွက်သစ်များရှာဖွေနိုင်ခြင်း စသည့်အကျိုးများရရှိနိုင်မည်
ဖြစ်သည်။
ထို့ပြင် ပြည်တွင်းပြည်ပမှ ဘဏ်လုပ်ငန်းများကလည်း မိမိတို့ လုပ်ငန်းများကို တိုက်ရိုက်
ရှင်းလင်းပြသခြင်း၊ ကားပြခန်းများနှင့် တစ်ဦးချင်းရောင်းချလိုသူများ၊ ကားနှင့် ဆက်စပ်
ပစ္စည်းများတိုက်ရိုက် ရောင်းဝယ်နိုင်ပြီးTour Bus ကားကြီးများကိုလည်း ခရီးသွားကုမ္ပဏီ
များ Transportation ကုမ္ပဏီများနှင့် ချိတ်ဆက် ပြသနိုင်မည် ဖြစ်သည်။
အဆိုပါပြပွဲကြီးကို နိုင်ငံတကာခရီး သွားပြပွဲများပေါ်အခြေခံကာ ကျင်းပ သွားမည် ဖြစ်သည်။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။
