
ရန်ကုန်နေ လူအတော်များများကတော့ ၂၀၁၂ ခုနှစ်ကို ၀က်ပေါင်ခြောက်နဲ့ နာနတ်သီးပီဇာစစ်ပွဲကြီး
ဖြစ်တဲ့ နှစ်အဖြစ် အမှတ်ရနေကြမှာပါ။
အငြင်းပွားမှုတွေထဲမှာ အကျည်းတန်ဆုံးလို့ ပြောရမယ့် ပီဇာမှာနာနတ်သီးထည့်တာ ကြိုက်တဲ့သူ
တွေနဲ့ နာနတ်သီးပီဇာ မုန်းသူတွေကြား အင်တာနက်ဟစ်တိုင်ကနေ အပြန်အလှန်အချင်းများနေကြ
တာတွေဟာ အခုတော့ရပ်စဲသွားပါပြီ။
အချိန်အတော်ကြာ ဖြစ်ပွားခဲ့တဲ့ စကားစစ်ပွဲတစ်လျှောက်မှာ ကမ္ဘာအေး ဘုရားလမ်းက ပုလဲကွန်ဒို
မီနီယံတိုက်(စီ)မှာ ပင်မဆိုင်တစ်ဆိုင်ဖွင့်ထားတဲ့ Pa Pa Pizza ဆိုင်ကတော့ ရန်ကုန်က စားသုံးသူ
တွေ ကိုယ်ကြိုက်ရာ ပီဇာရွေး ချယ်မှာယူနိုင်စေဖို့ ပီဇာအမျိုးမျိုးရောင်း ချပေးမယ်ဆိုတဲ့ သူ့ဆုံးဖြတ်
ချက်ကို မပြောင်းလဲခဲ့ပါဘူး။
အခုအချိန်အထိ ဒီဆိုင်ရဲ့မီနူးမှာ ဟာဝိုင်ယီ ပီဇာတောင် ရနိုင်တာ တွေ့ရပါတယ်။ န၀ဒေးလမ်းမှာ
ဖွင့်ထားတဲ့ Pa Pa Pizza ဆိုင်ခွဲသစ်မှာ မကြာသေးခင်က နေ့လယ်စာ သွားစားတဲ့အချိန်မှာ
ကျွန်တော်တို့လေးယောက်အုပ်စုက တစ်ယောက်မှ ပီဇာမှာ နာနတ်သီးပါတာ နဲ့ ပတ်သက်ပြီး
နည်းနည်းလေးတောင် စိတ်ဝင်စားမှု မပြကြပါဘူး။
ကျွန်တော်တို့ စိတ်ဝင်စားတာက Sicilian ပီဇာပါ။ ဒီပီဇာကို အစိတ်လိုက် မှာလို့ရတယ်လို့ မီနူးမှာ
ရေးထားပါတယ်။
တကယ်တမ်း အစိတ်လိုက် မရောင်းဘူးဆိုတာ သိလိုက်ရတဲ့အခါမှာ ပီဇာကို အစိတ်လိုက်မှာဖို့
ကြိုးပမ်းနေတဲ့ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြပါတယ်။
ဒါကြောင့် ကျွန်တော်တို့လည်း ကြက်သားပီဇာ (ကျပ် ၈,၀၀၀)၊ အသီးအရွက်ပီဇာ (ကျပ် ၇,၀၀၀)၊
ချိစ်သုံးမျိုးပီဇာ (ကျပ် ၇,၅၀၀) နဲ့ ငရုတ်ပွပီဇာ (ကျပ် ၉,၅၀၀) ကို အသီးသီးမှာလိုက်ကြပါတယ်။
ဒီဆိုင်နဲ့ ပတ်သက်ပြီး သေချာပေါက် ပြောနိုင်တာကတော့ ရန်ကုန်မှာ ဈေးနှုန်း အသင့်အတင့်နဲ့ ပီဇာ
ကောင်းကောင်း စားချင်တယ်ဆိုရင် သွားဖို့အသင့်ဆုံး ဆိုင်တစ်ဆိုင်ပါပဲ။
ကြက်သားပီဇာကတော့ တော်တော်လေး ခြောက်တဲ့ အတွက် ကျွန်တော်မကြိုက်ပါဘူး။
ဒီတစ်ခုကလွဲလို့ ကျန်တဲ့ပီဇာသုံးမျိုးက အပြစ် ပြောစရာမရှိပါဘူး။ အကောင်းဆုံးကတော့ အရသာ
ရှိတဲ့ အသားတုံးခပ်ထူထူလေးတွေပါတဲ့ ငရုတ်ပွပီဇာပါ။
ဒါမျိုးကို အနောက်နိုင်ငံမှာတောင် တွေ့ဖို့ ခဲယဉ်းပါတယ်။ ဆိုင်ခွဲသစ်မှာတော့ မွမ်းမံပြင်ဆင်မှု တွေ
သိပ်မလုပ်ထားဘူးလို့ ပြောရမှာပါ။
လမ်းကျဉ်းလေးထဲမှာ ဖွင့်ထားတာ ဖြစ်ပြီး န၀ဒေးလမ်းကလည်း မြင်ကွင်းသိပ် မရှင်းတဲ့ကြားမှာ
ဆိုင်းဘုတ်ကလည်း သေးပြီး ခပ်နိမ့်နိမ့်မှာပဲ တင်ထားတာ ကြောင့် ဒီဆိုင်ကို ပထမအကြိမ်သွားတဲ့
သူတွေ ဆိုင်ကို ရှာတွေ့ဖို့ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။
နံရံမှာ ပန်းချီကားတချို့ ချိတ်ထားပေမယ့်လည်း အတွင်းပိုင်းအပြင်အဆင်က ရိုးရှင်းပါတယ်။
သီချင်းတိုးတိုးလေး ဖွင့်ပေးထားရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ သောက်စရာ အဖျော်ယမကာ
ကတော့ ရွေးစရာသိပ်မရှိပါဘူး။
အချိုရည်ဘူးတွေ၊ ဘီယာပုလင်းတွေနဲ့ ကျွန်တော်ကြောက်တဲ့ Berri Estates ၀ိုင်ဘူးတွေပဲ ရပါ
တယ်။
Gelato Sole ရပေမယ့် ပီဇာနဲ့တင် ဗိုက်တင်းသွားတဲ့အတွက်အချိုပွဲစားဖို့ ကျွန်တော်တို့မစဉ်းစားနိုင်
တော့ပါဘူး။
ဝန်ဆောင်မှုကတော့ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် မဆိုးဘူးလို့ ပြောရမှာပါ။ ဒါပေမဲ့ သူ့ရဲ့
ဝန်ဆောင်မှု က တစ်မူထူးခြားပါတယ်။
ကျွန်တော်တို့ ၀င်လာတဲ့အချိန်မှာ စားပွဲထိုးလေး ယောက်က ကြိုဆိုနှုတ်ဆက်ပါတယ်။
ကျွန်တော်တို့အုပ်စုထဲက ပထမ တစ်ယောက်မှာလို့ ပြီးသွားတာနဲ့ပဲ အားလုံးအထဲကို ၀င်သွားကြပါ
တယ်။
ကျန်တဲ့သူတွေ လိုချင်တာမှာဖို့ တစ်ယောက်လောက်သာ နောက်သုံးလေးစက္ကန့်လောက် စောင့်နေ
ပေးခဲ့မယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။
Pa Pa Pizza
၉(ဘီ)၊ F(၁)၊န၀ဒေးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- (၀၁) ၃၇၆-၉၀၇
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။
