Wednesday, 19 June 2013

Soups with Cinderella pumpkin

ရွှေဖရုံသီး Soup တော်တော်များဟာ ပျစ်ပျစ်အစ်အစ်လေးမို့ မြန်မာဟင်းရည်သောက်များနဲ့
တော်တော်လေး ပုံစံကွဲပြားပါတယ်။ ဒါကြောင့်မို့ အရသာကလည်း တစ်မျိုးထူးနေတတ်ပါတယ်။
ဒါနဲ့ပဲ ဖြိုးတို့စားနေကျ ဟင်းရည်သောက်ပုံစံမျိုးနဲ့ ခပ်ဆင်ဆင်ရှိတဲ့ ဟင်းရည်သောက်မျိုးကို
ရွေးပြီး ချက်နည်းလေးတွေကို မျှဝေလိုက်ပါတယ်။

ဇီယာနံ့လွှမ်းပြီး ချိုချိုစပ်စပ်အရသာရှိတဲ့ မက်ဆီကန်ရွှေဖရုံသီးဟင်းရည်သောက်ကတော့
soup အနေတင်မဟုတ်ပဲ အရည်သောက်ဟင်းရည် တစ်ခွက်အဖြစ်လည်း စားလို့ရပါတယ်။
ခပ်အေးအေးညတွေမှာဆိုရင် ချွေးလေး စို့သွားအောင် ခပ်စပ်စပ်လေးချက်ပြီး စားလို့ရပါတယ်။

ဖြိုးတို့ စားနေကြ ပဲကုလားဟင်းမျိုးနဲ့ ဆင်ပါတယ်။  နောက်ပြီး အသားဟင်းသပ်သပ် စီစဉ်
စရာမလိုအောင် ပရိုတိန်းများ ပါဝင်တဲ့ ပဲလည်းပါပြီးသားမို့ ကျန်းမာရေးအတွက် လည်း
ကောင်းပါတယ်။ သက်သတ်လွတ်သမားများအတွက်လည်း အဆင်ပြေတဲ့ အရည်သောက်
ဟင်းမျိုးတွေပ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


Follow The Myanmar Times