မြေပဲထောပတ်နဲ့ ဂျယ်လီ၊ ငါးနဲ့ အာလူး ချောင်းကြော်၊ ကြောင်နဲ့ ကြွက်ကာတွန်း၊ စတဲ့ အတွဲ
အဖက်မျိုးတွေမှာ အသား ကင်နဲ့ ဘီယာအေးအေးလေးလောက် ကောင်းတဲ့ အတွဲအဖက်
မျိုးကို ဘယ်အရာမှ မမီပါဘူး။
ဩစတြေးလျလေသံနဲ့ စကားပြောတတ်တဲ့ Conan the Barbarian ဆို တဲ့စစ်သည်တစ်ဦး
ပြောခဲ့ဖူးတာကတော့ "ကိုယ့်ရဲ့ရန်သူကို နှိမ်နှင်းပစ်နိုင်ပြီး သူတို့တွေ ထွက်ပြေးသွားတာကို
မြင်ရ တာ၊ သူတို့မိန်းမတွေရဲ့ဝမ်းနည်းပူဆွေး မှုကိုကြားရတာဟာ ဘ၀မှာ အကောင်းဆုံး
အချိန်ပါ"တဲ့။
ဒါကတော့ သူ ရန်ကုန်က အကင်ဆိုင်မှာ ကြက်သား၊ ဆိတ်သား၊ ၀က်ကလီစာ၊ အာလူးနဲ့
ပဲပြားစတဲ့ အကင်တွေကို ၀ါးလိုက်၊ အေးမြနေတဲ့ တိုက်ဂါးဘီယာ တစ်ကျိုက်မော့လိုက်
စည်းစိမ်မျိုးကို မခံစားဖူးလို့ ဒီလိုပြောခဲ့တာပါ။
ဒါတွေတင် မကသေးပါဘူး။ ငါးကင်၊ ဂဏန်းသံပုရာပေါင်း၊ မာလာဟင်း စတာတွေကလည်း
ဘီယာနဲ့ လိုက်ဖက်တဲ့ အမယ်တွေပါ။
အကင်ဆိုင်ဟာ သူငယ်ချင်းအုပ်စု လိုက်စုပြီး သွားစားလို့ကောင်းတဲ့နေရာ တစ်ခုပဲ ဖြစ်ပါ
တယ်။ လူတိုင်းအကြိုက် နဲ့ ကိုက်ညီမယ့်အစားအစာမျိုးစုံ မှာစား လို့ရတယ်။ ထပ်မှာချင်
သေးတယ်ဆိုရင် လည်း အလွယ်တကူမှာလို့ရတယ်။
ပြီးတော့ အကင်ဆိုင်က အစားအစာတွေ အားလုံး ဘီယာနဲ့မလိုက်တာမရှိဘူး။ ဒါကြောင့်
လူများလေ ပိုပျော်စရာ ကောင်းလေပေါ့။ 'ကောင်းကောင်း'စားတော်ဆက်ဟာ ဓမ္မစေတီ
လမ်းရဲ့ အချက်အချာကျတဲ့ နေရာမှာရှိတဲ့အတွက် သူ့ဆိုင်သွားစားရ တာ အဆင်ပြေ
ပါတယ်။ ဒါပေမယ့် လိုင်းကားတွေ အနားက ကပ်မောင်း သွားတာမျိုး၊ စိတ်မထင်ရင်မထင်
သလို ကားဟွန်းတွေ အကျယ်ကြီး တီးကြတာ မျိုးတွေ လုပ်တတ်ကြတဲ့ ကားဒရိုင်ဘာ
တွေရဲ့ ဒဏ်ကိုတော့ ခံရမှာပါ။
စားသောက်ဝိုင်းတွေ ခင်းထားတဲ့နေရာမှာ မီးချောင်းမှိန်မှိန်လေးတွေ ထွန်းထား ပေးထားတဲ့
အတွက် ပတ်ဝန်းကျင်ကိုတော့ အထောက်အပံ့မဖြစ်ပါဘူး။ ဒါပေမယ့် ပိုင်ရှင်မဲ့ကြောင်လေး
တွေကို အရိုးအရင်းတွေ ချကျွေးပြီး ကောင်းမှုလုပ်နိုင်ပါတယ်။
နောက်ထပ် ထူးခြားမှုတစ်ခုကတော့ ဆီးသွားခွက်တွေ ရနံ့ကင်းသန့်ရှင်းစေဖို့ ရေခဲတုံးကြီး
တွေ ချထားပေးတာပါ။ Conan တစ်ယောက်ဘ၀မှာ အကောင်း ဆုံးဆိုတာတွေကို လက်လွတ်
ဆုံးရှုံးခဲ့ တာ သေချာပါတယ်။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။
