မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်နှင့်
အခြားမြို့နယ်စည်ပင် သာယာနယ်နမိတ်အတွင်း
တွင် ယာဉ် စည်းကမ်း၊ လမ်းစည်းဖောက်ဖျက်
ကျူး လွန်သူများအား စည်ပင်သာယာရေး ဥပဒေ
အရ ဒဏ်ကြေးများ ထပ်မံတိုးမြှင့် လိုက်ကြောင်း
သိရသည်။
ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဖုန်းကို လစဉ်သတ်မှတ်အရေအတွက် အတိုင်းရောင်းချပေး
လျက်ရှိရာ ပထမ နှစ်လတွင် စီဒီအမ်အေ ၈၀၀ ဖုန်းများကို သာ ရောင်းချပေးဦးမည်ဖြစ်သည်ဟု
ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြော
သည်။
အမေရိကန်အစိုးရက လုပ်ငန်းစာချုပ် ချုပ်ဆိုရန် လက်ရှောင်သွားရသည့် နိုင်ငံ၏ ဆိုက်ဘာ
လုံခြုံရေး စိုးရိမ်ပူပန်မှု နှင့်ပတ်သက်ပြီး တရုတ်နည်းပညာ ကုမ္ပဏီကြီး ဟွာဝေး၏ ဥက္ကဋ္ဌက စိုးရိမ်
ပူပန်စရာမလိုကြောင်း မေလ ၉ ရက်နေ့ တွင် ပြောကြားခဲ့သည်ဟု သတင်းများ ၌ ဖော်ပြထားသည်။
ကွန်ပျူတာနှင့် မိုဘိုင်းပစ္စည်းများ၏ လုံ ခြုံရေးအတွက်
Symantec မှ Norton နောက်ဆုံးပေါ်ဗားရှင်း(Version)
ကို ပြည်တွင်းတွင် မေလ ၅ ရက်နေ့က စတင်ဖြန့်ချိခဲ့သည်။
စမတ်ဖုန်းထုတ်တော့မယ်လို့ ကောလာ ဟလတွေ ထွက်နေတာ ကြာပြီဖြစ်တဲ့ Amazon ဟာ
စမတ်ဖုန်းတွေမှာ သရီးဒီ ဇာတ်ကားကို မျက်မှန်မပါဘဲ ကြည့် နိုင်အောင် ဖန်သားပြင်နည်းပညာ
သစ် တစ်မျိုးကို ဖန်တီးပြုလုပ်နေတယ်လို့ မေ ၉ ရက်ထုတ် ဝေါလ်စထရိဂျာနယ်မှာ ဖော်ပြထား
ပါတယ်။
မိုဘိုင်းဖုန်းသုံးစွဲသူ ပိုမိုများပြားလာ သည့်အလျောက် မိုဘိုင်းပာန်းဆက်နှင့်
ဆက်စပ်ပစ္စည်းများ ရောင်းအားကောင်း နေသည်ဟု မိုဘိုင်းဖုန်းအရောင်းဆိုင် များက ပြောသည်။
မိမိထံဖုန်းခေါ်ဆိုချိန်တွင် သီချင်းသံ များ ကြားရမည့် Hello Music ကို ကျပ် ၁,၅၀၀ တန်
စီဒီအမ်အေဖုန်းများတွင် လည်း ထည့်သွင်းနိုင်ပြီဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲပြီး ဆက်သွယ်ရေးကဏ္ဍ၏
ပြုပြင်ပြောင်း လဲမှုများအရ Myanmar Public Telecom အမည်ဖြင့် ပြောင်းလဲဖွဲ့စည်း ကာ
တယ်လီဖုန်းအော်ပရေတာလုပ်ငန်း တစ်ခုအသွင် ပြောင်းလဲသွားမည်ဖြစ် ကြောင်း ဆက်သွယ်
ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက
ဧပြီလ ၂၉ ရက်နေ့တွင် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသည့်
ကုမ္ပဏီများနှင့် ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
World Wide Web ကို စတင်ခဲ့သည့် နှစ် ၂၀ ပြည့် အမှတ်တရကျင်းပမည့် အစီအစဉ်များမှ
တစ်ခု အပါအ၀င် အနေဖြင့် ကမ္ဘာ့ပထမဦးဆုံး ၀က်ဘ်ဆိုက်စာမျက်နှာကို ဆိုက်ဘာ စပေ့စ်မှ
ဖယ်ထုတ်ပြီး ယနေ့ခေတ် အင်တာနက်ဘရောက်ဆာများအတွက် ပြန်ဆင်ပေးမည်ဟု စီစဉ်သူ
များက ဧပြီ လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
ပြည်မြို့၌ ဇွန်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် Barcamp Pyay 2013 ကျင်းပသွားမည်ဖြစ်
ကြောင်း သိရသည်။
