Wednesday, 19 June 2013

ပြည်ထဲရေးနှင့် ရန်ကုန်မြို့တော်စည်ပင် အများဆုံး ဝေဖန်အကြံပြုခံရ

ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (၀ိုင်စီဒီစီ)သည် ပြည်သူ့
ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ (စီအီးအက်စ်ဒီ)မှတစ်ဆင့် ပြည်သူလူထု
အများဆုံး ဝေဖန်အကြံပြု ခြင်းခံရသောဌာနများဖြစ်ပြီး စီအီးအက်စ်ဒီသို့ ရောက်ရှိသော အကြံပြုစာ
များ၏ ၁၉ ဒသမ ၆ နှင့် ၁၂ ဒသမ ၅ ရာခိုင်နှုန်းအသီးသီး ရှိကြကြောင်း သိရသည်။

» အပြည့်အစုံသို့

သီလ၀ါသို့ ရထားလမ်းဖောက်ရန် အစီအစဉ်ရှိ

အစိုးရသစ်လက်ထက်တွင် ဂျပန်နိုင်ငံ ၏ အကူအညီဖြင့် ပထမဆုံးစတင် အကောင်အထည်ဖော်ခဲ့
သော သီလ၀ါ အထူးစီးပွားရေးဇုန်အား ရန်ကုန်မြို့ တွင်းနှင့် လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ရန်
မီးရထားလမ်း ဖောက်လုပ်သွားမည် ဖြစ်သည်ဟု မေလ ၂၅ ရက်နေ့ က ရန်ကုန်မြို့၊ ကုန်သည်
စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော ဂျပန်-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး
ဆွေးနွေးပွဲမှ သိရသည်။

» အပြည့်အစုံသို့

အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ပြဿနာအချို့ ဖြေရှင်းနိုင်ခဲ့

ရန်ကုန်မြို့တော် အများပြည်သူသယ်ယူ ပို့ဆောင်ရေး
အာဏာပိုင်အဖွဲ့ (Yangon City Public Transport
Authority) အား ပြန်လည် ဖျက်သိမ်းခဲ့သော်လည်း
သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပြဿနာအချို့ကို ဖြေရှင်းပေး
နိုင်ခဲ့သည်ဟု အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးကြည်သိန်း
ကပြောသည်။

» အပြည့်အစုံသို့

ခရီးသည်တင်ယာဉ်များ မိုးယိုပါက တိုင်နိုင်

မိုးရာသီအတွင်း ခရီးသည်တင်ယာဉ်များတွင် မိုးယိုပါက မထသသို့ တိုင်ကြားနိုင်မည်ဖြစ်ပြီး မိုးယို
သော ခရီးသည်တင်ယာဉ်များနှင့် ယာဉ်တည်ဆောက်မှု မကောင်းသော ယာဉ်များအား ပိုမိုကြံ့ခိုင်မှု
ရှိစေရန် သက်ဆိုင်ရာ ယာဉ်လိုင်းများအား နှိုးဆော်ထားကြောင်း မထသ(ဗဟို)မှ ဥက္ကဋ္ဌ
ဦးလှအောင်က မေလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ဒုတိယလပတ်အစည်းအဝေး၌ပြောသည်။

» အပြည့်အစုံသို့

ဓမ္မရောင်ခြည် သွေးလှူဒါန်းပွဲ ကျင်းပမည်

ဓမ္မရောင်ခြည် ဓမ္မလုပ်ငန်း၏ (၁၅)ကြိမ်မြောက်သွေးလှူဒါန်းပွဲကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အမျိုးသားသွေးလှူဌာန၌ ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်သော
ကြောင့် သွေးလှူရှင်များ ပါဝင်နိုင်သည်။

» အပြည့်အစုံသို့

ရန်ကုန်မြို့၌ ရေလေလွင့်ဆုံးရှုံးမှု ၅၀ ရာခိုင်နှုန်းရှိ

ရန်ကုန်မြို့တော်၏ ရေသိုလှောင်မှုနှင့် ရေဖြန့်ဝေမှုစနစ်
တို့တွင် ဘဏ္ဍာငွေ မလုံလောက်မှုကြောင့် ပြဿနာများစွာ
ရှိနေပြီး ရေလေလွင့်ဆုံးရှုံးမှု ၅၀ ရာခိုင် နှုန်း ရှိနေသည်ဟု
ရန်ကုန်မြို့တော် ရေပေးဝေရေးအတွက် ဂျပန်အစိုးရမှ ကူညီ
မည့်အစီအစဉ်နှင့် ပတ်သက်၍ မေလ ၂၆ ရက်နေ့ နေ့စွဲဖြင့်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်...

» အပြည့်အစုံသို့

မေလကုန်တွင် အအေးခန်းစက်ရုံများအား လျှပ်စစ်မီး ပေးနိုင်ရန်အတွက် ကြိုးပမ်းနေဟု ၀န်ကြီးချုပ် ပြော

စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများကို လျှပ်စစ်မီး ၂၄ နာရီ ဖြတ်တောက်ထားခဲ့သော်လည်း မေလ
ကုန်မှ စတင်ခါ လျှပ်စစ်မီးပြန်ပေးနိုင်ရန် ကြိုးပမ်းနေကြောင်းနှင့် အအေးခန်းစက်ရုံများကို ဦးစားပေး
မည်ဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့က သိရသည်။

» အပြည့်အစုံသို့

တက္ကစီများ မှတ်ပုံတင်ခြင်းကို မထသသို့ လွှဲပြောင်းခြင်း မရှိသေး

တက္ကစီများ မှတ်ပုံတင်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မထသ(ဗဟို)သို့
ဧပြီလဆန်းတွင် လွှဲပြောင်းပေးမည် ဆိုသော်လည်း ယခုအချိန်ထိ လွှဲပြောင်းပေးခြင်း မရှိသေး
ကြောင်း မထသ(ဗဟို)မှ သိရသည်။

» အပြည့်အစုံသို့

ဒလမြို့နယ်မှ လယ်သမားအချို့ ဆန္ဒထုတ်ဖော်

ဒလမြို့နယ်မှ လယ်သမားအချို့က ၁၉၉၁ ခုနှစ်က ၎င်းတို့၏
လယ်ယာမြေများကို မြို့နယ်တိုးချဲ့ရေး စီမံကိန်းအတွက်
သိမ်းဆည်းခဲ့မှုအပေါ်စစ်ဆေးပေးရန် လယ်ယာမြေနှင့်
အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်သို့
အကြိမ်ကြိမ် စာတင်ခဲ့သော်လည်း လာရောက်စစ်ဆေးပေး
ခြင်း မရှိသေးသောကြောင့် မေလ ၂၃ ရက်နေ့က ...

» အပြည့်အစုံသို့

ရန်ကုန်မြို့တော်အတွက် အမှိုက်သိမ်းကား ၄၂ စီး ဂျပန်မှဝယ်ယူပြီး ခြောက်စီး စတင်အသုံးပြု

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက နည်းပညာမြင့် အမှိုက်သိမ်းကား ၄၂ စီးကို
ဂျပန်နိုင်ငံမှ ၀ယ်ယူခဲ့ပြီး ဇွန်လ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကာ မတ်လ
၂၀ ရက်နေ့တွင် ရောက်ခဲ့သော ၁၀ ဘီး ပုံးကား ခြောက်စီးကိုလည်း မေလ ၂၇ ရက်နေ့တွင် စတင်
အသုံးပြုလျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ
လက်ထောက်ဌာနမှူး ဦးရဲကျော်မိုးက ပြောသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ရန်ကုန်သတင်း

Follow The Myanmar Times