Wednesday, 19 June 2013

နိုင်ငံ့ဝန်ထမ်း ၁၆,၀၀၀ ကျော်ကို စိစစ် အရေးယူခဲ့ဟုဆို

အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သည့် အဆိုနှစ်ခုနှင့်ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှုအခြေ
အနေများကို ပြည်ထောင်စုအစိုးရက လွှတ်တော်သို့ ပြီးခဲ့ သည့်လ ၁၅ ရက်ကပေးပို့လိုက်သည်။

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန် သောအုပ်ချုပ်ရေး ဖြစ်ပေါ်လာရေး လိုအပ်ချက်အရ စိစစ်အရေးယူ
ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ စာဖြင့် သတိပေးခြင်း
၎,၃၃၃ ဦး၊ နှစ်တိုး လစာရပ်ဆိုင်း ၈၁၆ ဦး၊ ရာထူးတိုးမြှင့် ရပ်ဆိုင်း ၁၈၅ ဦး၊ လစာနှုန်းအတွင်း လစာ
လျှော့ချ ၂,၅၆၆ ဦး၊ ရာထူးအဆင့်လျှော့ချ ၈၉၉ ဦး၊ တာဝန်မှ ယာယီရပ်ဆိုင်း ၁၃၄ ဦး၊ ရာထူး မှ
ထုတ်ပယ် ၁,၇၃၈ ဦး၊ ၀န်ထမ်းအဖြစ်မှ ထုတ်ပယ် ၄,၉၇၃ ဦး စုစုပေါင်း ၁၅,၇၂၃ ဦးနှင့် ပြည်ထဲရေး
ဝန်ကြီးဌာနမှ ပြင်းထန်စွာ ရှုတ်ချ ၈၇ ဦး၊ ရဲအချုပ်တွင် ထောင်ဒဏ် ၃၈၀ ဦး၊ ရဲမှုထမ်းသက်လျှော့
၆၈၉ ဦး၊ မယူမနေရအငြိမ်းစား ပင်စင် ၂၀ ဦး၊ ပြောင်းရွှေ့ပြစ်ဒဏ် ၅၂ ဦး၊ ရဲစည်းကမ်း တစ်ဦး
စုစုပေါင်း ၁,၂၂၉ ဦးအပါအ၀င် ၁၆,၉၅၂ ဦးရှိခဲ့သည်ဟု ပြည်ထောင်စု အစိုးရက လွှတ်တော်သို့ပေး
ပို့ခဲ့သည်။

တိုင်ကြားမှုတစ်ခုအား စစ်ဆေးခဲ့ရာတွင် မမှန်မကန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် စွဲဆိုချက်များမှ
'ပလပ်'ခဲ့ပြီး မမှန်တိုင်ကြားသူ ပုတ်ပြတ်ဝန်ထမ်း တစ်ဦးအား အသက်အရွယ်ကြီးရင့်နေသည့်အပြင်
လုပ်ငန်းများကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက် ဆက်လက်တာဝန်ပေးခိုင်း
စေခြင်း မပြုတော့ဘဲ တာဝန်မှရပ်ဆိုင်းခြင်း ဖြင့် အရေးယူခဲ့သည်ဟုပါရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း

Follow The Myanmar Times