
၁၄ ရက်နှင့် ၁၉ ရက်တို့သည် အိမ်ကိစ္စ၊ မြေကိစ္စနှင့် ငွေကြေးကိစ္စများ
ဦးစားပေးဆောင်ရွက်အောင်မြင်နိုင်သည်။ အပြိုင်အဆိုင် ရေလမ်း
ကုန်သွယ်မှု အကျိုးပေးမည်။ မီဒီယာသမားများအဖို့ မိမိ၏ ကြိုးပမ်း
အားထုတ်မှုကို မှတ်ကျောက်အတင်ခံနိုင်လိမ့်မည်။ လစာ၊ ခံစားခွင့်၊
လုပ်ပိုင်ခွင့် ပိုရမည့် မီဒီယာလုပ်ငန်းသစ်များမှ ကမ်းလှမ်းခြင်းခံရမည်။
မိခင်ဖြစ်သူ၏ ကျန်းမာရေးတိုးတက် ကောင်းမွန်လိမ့်မည်။
ယတြာ - အခမဲ့ဆေးခန်းသို့ ထောက်ပံ့လှူဒါန်းပါ။

ကံကောင်းသည့် ရက်များဖြစ် လိမ့်မည်။ လုပ်ငန်းနယ်ပယ်၌ ပိုမို
တတ်ကျွမ်းနားလည်လာမည်။ ရပ်ဝေးအဆက်အသွယ် ကောင်းများ
ပေါ်ပေါက်မည်။ ဆက်သွယ်ရေးပစ္စည်းများ အကျိုးပေးမည်။ ညီအစ်ကို
သားချင်းများထံမှ သတင်းကောင်းကြားရမည်။ ပြောသမျှဆိုသမျှ
အောင်မြင်ထိရောက်နေမည်။ နည်းလမ်းစုံဖြင့် ၀င်ငွေနှင့်စုဆောင်းငွေ
တိုးပွားနေမည်။
ယတြာ - ရာဟုထောင့်၌ရွှေဖယောင်းတိုင်များ ပူဇော်ပါ။
တင်္ခဏုပ္ပတ္တိဉာဏ်ထက်သန်နေမည်။ အကြံအစည်များ အောင်မြင်မည်။
ဂုဏ်သိက္ခာတိုးမည်။ အပျိုလူပျိုတို့အဖို့ အိမ်ထောင်ကျ တတ်သည့်
မင်္ဂလာရက်များဖြစ်လိမ့်မည်။ ဇိမ်ခံပစ္စည်း၊ ပရင်တာ၊ ကွန်ပျူတာ၊
ပုံနှိပ်စက်၊ ကင်မရာ၊ ဓာတ်ပုံကူးစက် စသည်တို့မှ ကောင်းကျိုးဖြစ်ထွန်း
မည်။ သံတမန်ရေးရာကိစ္စ ချောမွေ့အဆင်ပြေမည်။ အစုစပ်လုပ်ငန်း၊
မိဘ၊ အကြီးအကဲ တရားဘာဝနာပွားများခြင်း များစွာအကျိုးပေးမည်။
ယတြာ - အုန်းဆွမ်းကပ်လှူပါ။
၁၄ ရက်၊ ၁၉ ရက်တို့၌ ငွေကြေးနှင့် လုပ်ငန်းဆိုင်ရာကိစ္စများ အောင်မြင်
မှုရမည်။ အကြံဉာဏ်ကောင်းများ ပေါ်ထွက်မည်။ စိတ်စွမ်းအင်မြင့်မား
လာမည်။ ပရဟိတလုပ်ငန်းများ ဦးစားပေးဆောင်ရွက်နေရမည်။ နစ်နာ
ဆုံးရှုံးမှုဘေးမှ ကင်းဝေးမည်။ အခက်အခဲနှင့် ပြဿနာများကို ဖြေရှင်း
အောင်မြင်မည်။ စီမံကိန်းချဆောင်ရွက်ရသည့် အနာဂတ်လုပ်ငန်းများ
အောင်မြင်မှုအစပျိုးလိမ့်မည်။ ဆန္ဒမစောသင့်။
ယတြာ - တရားထိုင်ရန် အခင်းကော်ဇောလှူပါ။
နစ်နာဆုံးရှုံးမှုဘေးမှ ကင်းဝေး မည်။ ၁၄ ရက်နေ့၌ မည်သည့်
အခက်အခဲကိုမဆို ပြီးပြတ်အောင် ဖြေရှင်းနိုင်လိမ့်မည်။ ယေဘုယျအား
ဖြင့် လိုအင်ဆန္ဒပြည့်ဝနေမည်။ ကုန်ပစ္စည်းသစ်ထုတ်လုပ်ခြင်း၊ လုပ်ငန်း
ချဲ့ထွင်ခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာ စာချုပ်ချုပ်ဆို
ခြင်းများ ထိပ်တန်း ကောင်းကျိုးပေးနိုင်၏။ ချစ်သူခင်သူများနေမည်။
စေ့စပ်ကြောင်းလမ်းပြုရတတ်သည်။
ယတြာ - မွေးနံထောင့်၌ ရွှေထီးနှင့် ရောင်စုံနှင်းဆီများ လှူပါ။
၁၄ ရက်၊ ၁၉ ရက်တို့ ကံအထူးပွင့်လန်းမည်။ ရုပ်ပိုင်းဆိုင်ရာ လိုအင်
ဆန္ဒများ ပြည့်ဝလိမ့်မည်။ ရေလမ်းကုန်သွယ်မှု၊ ငွေကုန်သည်အလုပ်၊
ဆေးရုံဆေးခန်းဖွင့်လှစ်ခြင်း၊ ပုလဲရတနာနှင့် ကောက်ပဲသီးနှံတို့ အကျိုး
ပေးလိမ့်မည်။ သံတမန်ကိစ္စ၊ ကိုယ်စားလှယ်လုပ်ငန်း အဆင်ပြေမည်။
ရာထူး ဂုဏ်သိန်၊ လုပ်ပိုင်ခွင့်ခံစားခွင့်တိုးမည်။ လုပ်ငန်းခွင်၌ သာယာ
ချမ်းမြေ့မှုရမည်။ ပညာရေး၌ ကြိုးပမ်းသလောက် အရာရောက်မည်။
ယတြာ - တရားစာအုပ်များ ဓမ္မဒါနပြုပါ။
ကုသိုလ်ကံ အထူး ပွင့်လန်းတော့မည်။ မိဘဆရာသမား၊ အကြီးအကဲ၊
နတ်ကောင်းနတ်မြတ်နှင့် သူတော်စင် တို့ထံမှ ကောင်းကျိုးများ ရရှိလိမ့်
မည်။ အိပ်မက်ကောင်းများ မြင်မက်မည်။ ထိုအခါ အသိဉာာဏ်နှင့်
ရလဒ်ကောင်းများ မုချပေါ်ထွက်လိမ့်မည်။ ချစ်သူခင်သူ ပေါများမည်။
ညီအစ်ကို သားချင်းများထံမှ သတင်းကောင်းကြားရမည်။
ဆက်သွယ်ရေးပစ္စည်းသစ်များ အကျိုးပေးမည်။ သားသမီးကြောင့်
ဂုဏ်ယူဝမ်းမြောက်ရမည်။
ယတြာ - ရွှေသင်္ကန်းကပ်လှူရန် အလှူငွေထည့်ပါ။
တစ်ပတ်လုံး ကံကောင်းနေမည်။ အတိတ်ဘ၀ကုသိုလ်ကံ ပွင့်လန်း၍
နာမည်ကောင်းပိုမိုရရှိလာမည်။ ဖခင်ဖြစ်သူ၏ အလုပ်အကိုင်အဆင့်
အတန်းနှင့် ဂုဏ်ဒြပ်တို့ကြောင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရလိမ့်မည်။
ယှဉ်ပြိုင်ဘက်များထက် အသာစီးရမည်။ ကျန်းမာရေးတိုးတက်
ကောင်းမွန်မည်။ ပြဿနာများကို ဖြေရှင်းနိုင်မည်။ ၀င်ငွေနှင့် အကျိုး
အမြတ်တိုးပွားလိမ့်မည်။ ပညာရေး ခရီး၌ ကြိုးစားသလောက် ရလဒ်
ကောင်းလာမည်။
ယတြာ - ၁၇ ရက်နေ့၌ တနင်္ဂနွေထောင့်တွင် အုန်းဆွမ်းကပ်လှူပါ။
ဆုံးရှုံးငွေများ ပြန်ဝင် မည်။ အလုပ်အကိုင် အခွင့်အလမ်းကောင်းကြုံ
မည်။ မိမိအလုပ်၌ ရှယ်ရာရှင် ခေါ်ယူလိုပါက ၁၉ ရက်နေ့ကို ရွေးချယ်
သင့်၏။ အစုစပ်လုပ်ငန်းများ အထူးအောင်မြင်နိုင်သည်။ ကျန်းမာရေး
ညံ့ဖျင်းနေပါကလည်း ဆေးကောင်းဝါးကောင်းတွေ့၍ သက်သာပျောက်
ကင်းလိမ့်မည်။ ငယ်ရွယ်သူများအဖို့ အိမ်ထောင်ရေးကိစ္စများ အောင်မြင်
အောင် ဆောင်ရွက်နိုင်မည်။
ယတြာ - မိခင်ဖြစ်သူအား ငွေစက္ကူအသစ်များဖြင့် ကန်တော့ပါ။
ကံကောင်းသည့် ရက်များဖြစ်ပါသည်။ အိမ်ထောင်ဖက်ကြောင့် ၀င်ငွေ
နင့် အကြံအစည်ကောင်းများ တိုးပွား နိုင်သည်။ မည်သည့် အစုစပ်
လုပ်ငန်းမဆို အကျိုးပေးနေမည်။ လျှို့ဝှက်ချက်များကို ဖော်ထုတ် နိုင်
မည်။ အသိဉာာဏ်ပညာနှင့် ဗဟုသုတတိုးပွားမည်။ ပျောက်ဆုံးနေ
သည့် အဖိုးတန် ပစ္စည်းများ ပြန်လည်ရှာတွေ့တတ်သည်။ မိတ်ကောင်း
ဆွေကောင်း တိုးပွားမည်။ အများ၏ အထင်ကြီးလေးစားမှုခံရလိမ့်မည်။
ယတြာ - ဆေးဝါးဓာတ်စာလှူဒါန်းပါ။
လက်လွန်ငွေများ ပြန်ရနိုင်သည်။ ငွေကြေးအကျပ်အတည်း အခက်အခဲ
တို့ကို ပြေလည်အောင် ဆောင်ရွက် နိုင်လိမ့်မည်။ သားသမီးတပည့်
တပန်းတို့ကြောင့်ပျော်ရွှင်ကြည်နူးရလိမ့်မည်။ လျှပ်တစ်ပြက် ၀င်ငွေ
တိုးနိုင်မည့် ယာယီလုပ်ငန်းများ ပေါ်ပေါက်မည်။
ယတြာ - မိခင်ဖြစ်သူအား ပိုးထည်နှစ်စဖြင့် ကန်တော့ပါ။
ကံကောင်းသည့် နေ့ရက်များ ဖြစ်သည်။ သို့သော် အပြောအဆိုနှင့်
အစားအသောက်ဆင်ခြင်သင့်၏။ ဂါထာမန္တန်ရွတ်လေ့ ရှိသူတို့အဖို့
ကောင်းကျိုးပိုမိုရရှိလိမ့်မည်။ လိုအပ်သည့် ငွေကြေးအထောက်အပံ့များ
ရနိုင် သည်။ နစ်နာဆုံးရှုံးမှုဘေးမှ ကင်းဝေးအောင် ဆောင်ရွက်နိုင်မည်။
ယတြာ - တရားစီဒီချပ်များ လှူပါ။
ပရောဖက်မြတ်သစ်၊(နက္ခတ္တဝေဒပညာရှင်)
အခန်း(၂၀၁)၊ ဒုတိယထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၀၉ ၇၃၀၀ ၄၉၃၂၊ ၅၆၄၇၆၅၊ ၅၇၇၉၉၁။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။