တစ်ခါတစ်ရံ Really Simple Syndication လို့ သိကြတဲ့ အာရ် အက်စ်အက်စ်(RSS) ဆိုတာ ဘာ သတင်းတွေရှိလဲဆိုတာ ၀က်ဆိုက်ထဲ ၀င်ကြည့်စရာမလိုအောင် (သတင်းခေါင်းစဉ်လို) စာသားတွေကို ပို့ပေးတဲ့ လူကြိုက်များ နည်းလမ်းတစ်ခုပါ။ RSS feeds မှာ သတင်းခေါင်းစဉ်နဲ့ ဆောင်းပါးရှည် ဒါမှမဟုတ် ၀က်ဆိုက် စာမျက်နှာ ဆီဆက်သွားလို့ရနိုင်တဲ့ ဟိုက်ပါလင့်ခ်တို့ ပါဝင်ပါတယ်။ မြန်မာတိုင်းမ်ရဲ့ RSS feeds တွေကို သုံးစွဲသူတွေ အခမဲ့ ရယူနိုင်ပါတယ်။
News reader သို့မဟုတ် aggregator လို့လည်း ပြောကြတဲ့ ဒက်စ်တော့ပ် ဆော့ဖ်ဝဲအက်ပလီကေးရှင်း ဟာ နေရာမျိုးစုံက RSS feeds တွေ ကို စုဆောင်းတာ၊ update လုပ်တာနဲ့ ကြည့်ရှုတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီလို ဆော့ဖ်ဝဲအများကြီးကို လူတိုင်း အခမဲ့ ဒေါင်းလုတ် ရယူနိုင်ပါတယ်။ တခြား ဆော့ဖ်ဝဲတွေကတော့ Web နဲ့ ဘရောက်ဆာ အခြေခံ ဗားရှင်းတွေပါ။ မြင်ကွင်းနဲ့ လုပ်ဆောင်ချက်မှာ တစ်ခုနဲ့ တစ်ခု ကွာခြားမှု အနည်းငယ်ရှိတဲ့ အတွက် အဆင်ပြေဆုံးဆော့ဖ်ဝဲတစ်ခု ကို ဆော့ဖ်ဝဲပေါင်းများစွာထဲက ရွေးယူနိုင်ပါတယ်။
မြန်မာတိုင်းမ်ရဲ့ RSS feeds ကို တစ်ကိုယ်ရည်သုံးအဖြစ် အသုံးပြုနိုင်သလို စီးပွါးဖြစ်မဟုတ်တဲ့ ၀က်ဆိုက်မှာလည်း အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူတွေရဲ့ ၀က်ဆိုက်မှာ မြန်မာတိုင်း(မ်)က အကြောင်းအရာ တစ်ခုခု တင်ပေးတဲ့ အခါတိုင်းမှာ သင့်တော်တဲ့ ပုံစံနဲ့ အင်္ဂါရပ်တွေ သုံးစွဲသူတွေရဲ့ ၀က်ဆိုက်မှာ ရှိဖို့သလို မြန်မာတိုင်း(မ်) ပါ အကြောင်းအရာ အချက်အလက်တွေကို ပေးပို့တာကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုနိုင်တဲ့ မူပိုင်ခွင့်လည်း ရှိပါတယ်။ ညွှန်ကြားချက် အပြည့်အစုံကို သိရှိနိုင်ဖို့ စည်းကမ်းချက်တွေ ကို သုံးစွဲသူတွေက ဖတ်ရှုကြည့်စေလိုပါတယ်။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။