ဂျပန်ဝန်ကြီးချုပ် အစိုးရအဖွဲ့ဝန်ကြီးများ အပြောင်းအလဲလုပ်
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)

အပြောင်းအလဲလုပ်လိုက်သော ဂျပန်အစိုးရအဖွဲ့မှ ၀န်ကြီး သစ်များကိုတွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
တိုကျို - ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါသည် လူကြိုက်နည်းလှသည့် ၎င်း၏ အစိုးရအဖွဲ့ကို ပြန်လည်အသက်ဝင်လာ စေရန်နှင့် နယ်မြေပြဿနာကြောင့် တရုတ်နိုင်ငံနှင့် တင်းမာမှုများကို ဖြေလျှော့သွားလိုသည့် ၎င်း၏ ရည်ရွယ် ချက်ကိုပြသရန် ကြိုးပမ်းသည့်အနေဖြင့် အစိုးရအဖွဲ့ဝန်ကြီးများကို အောက်တို ဘာလ ၁ ရက်နေ့တွင် အပြောင်းအလဲ လုပ်လိုက်သည်။
ဂျပန်ဝန်ကြီးချုပ် နိုဒါသည် လူသိ နည်းသည့် ကိုရိကိဂျိုဂျီးမားကို ဘဏ္ဍာ ရေးဝန်ကြီးအဖြစ်နှင့် အခြားဝန်ကြီး သစ်ရှစ်ဦးကိုလည်း ခန့်အပ်ခဲ့သော် လည်း အထွေထွေရွေးကောက်ပွဲမတိုင် မီ ဟန်ချက်ညီစေရန် အရေးပါသည့် အခြားဝန်ကြီးများကို မပြောင်းလဲဘဲ ထားခဲ့သည်။ "ဒီအပြောင်းအလဲဟာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းနဲ့ ပြည်ပ ပြဿနာရပ်တွေကို အစိုးရနဲ့ အာဏာရ ပါတီတို့ ပူးပေါင်းဖြေရှင်းရေးအတွက် အများကြီး အထောက်အကူဖြစ်စေမှာ ပါ" ဟု နိုဒါကပြောသည်။ ယခုပြောင်းလဲဖွဲ့စည်းလိုက်သည့်ဝန်ကြီးသစ်စာရင်းတွင် ပညာရေး ၀န်ကြီး မာကီကိုတာနားကားလည်း ပါဝင်ကာ သူ့အားခန့်အပ်မှုသည် တရုတ်နိုင်ငံနှင့် သံတမန်တင်းမာမှုကို ကုစားလိုသည့် နိုဒါ၏ရည်ရွယ်ချက် တစ်ခု ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ် သူများက ပြောသည်။ မီကီကိုတာနားကားသည် လွန်ခဲ့ သည့်နှစ် ၄၀ က တရုတ်အစိုးရနှင့် သံတမန်ဆက်ဆံရေး ပြေလည်ခဲ့သည့် ယခင်ဝန်ကြီးချုပ်ဟောင်း ကာကူအိုက် တာနားကား၏ သမီးဖြစ်ကာ၊ သူ၏ မိသားစုသည်လည်း အများ၏လေးစား ခြင်းခံရသည့် မိသားစုဖြစ်သည်။ လူကြိုက်များသော ယခင်ဝန်ကြီးချုပ် ဂျွန်အိချီရိုကိုအိဇုမိ လက်ထက်က သူ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခဏတာ တာဝန်ယူခဲ့စဉ်က ၀န်ကြီးဌာနမှ အရာရှိ ကြီးများနှင့် ပြဿနာဖြစ်ခဲ့ရသည်။ ယင်းနောက် ၂၀၀၂ ခုနှစ်တွင် ၀န်ကြီး အဖြစ်မှ ထုတ်ပယ်ခံရပြီးနောက် မျက်ရည်စက်လက်ဖြင့် လူထုအား စကား ပြောခဲ့ခြင်းသည်လည်း အောက်မေ့ဖွယ် ဖြစ်ခဲ့ရသည်။ သူ့အားခန့်အပ်ခြင်းသည် ကျွန်းစု ပြဿနာနှင့် မည်သို့မျှသက်ဆိုင်ခြင်း မရှိဘဲ သူ၏ သိပ္ပံနှင့်နည်းပညာရေးရာ အတွေ့အကြုံများကြောင့်သာ ဖြစ်ကြောင်း နိုဒါက ပြောသည်။ "ကျွန်တော်က သူ့ကို နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ရွေးခဲ့တာမှမဟုတ်ဘဲ၊ ဂျပန်-တရုတ်ပြဿနာအတွက် ပညာ ရေးနဲ့သိပ္ပံဝန်ကြီးရွေးဖို့ ကျွန်တော် ဆုံးဖြတ်တာဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်ပါဘူး" ဟု ၎င်းကဆိုသည်။ သို့ရာတွင် ၀ါဆေးဒါးတက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ တာကေဟီ ကိုယာမာမိုတိုကမူ မီကိုတာနာကားအား ၀န်ကြီးခန့်အပ်မှုသည် သံတမန်ရေးရာ ဆေးတစ်လက်ဖြစ်ကြောင်း ဆိုခဲ့သည်။ "၀န်ကြီးချုပ်က ဘာတွေပြောနေနေ ဒါဟာ တရုတ်နိုင်ငံကို ရှင်းရှင်းလင်းလင်း အသိပေးလိုက်တာပါပဲ။ တရုတ်က မီကိုတာနာကားကို အရေးပါတဲ့သူ တစ်ဦးအဖြစ် ရှုမြင်ထားတာပါ" ဟု ၎င်းကဆိုသည်။ ပညာရေးဝန်ကြီးသစ် ဖြစ်လာသည့် တာနားကားသည် အစိုးရအဖွဲ့တွင် တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီး ဖြစ်ကာ အခြားဖွံ့ဖြိုးပြီး နိုင်ငံများစွာ၏ နောက်၌ အမျိုးသား/အမျိုးသမီး ခွဲခြားဆက်ဆံမှု ကျန်ရှိနေဆဲဖြစ်သော ဂျပန်နိုင်ငံ၏ နိုင်ငံရေးလောကမှ အမျိုး သမီး အနည်းစုတွင် တစ်ဦးအပါအ၀င် ဖြစ်သည်။ (အေအက်ဖ်ပီ)
