အမေရိကန်နှင့် တရုတ်တို့ပူးပေါင်းပြီး ပင်လယ်ဓားပြဆန့်ကျင်ရေး စစ်ရေးလေ့ကျင့်
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

တရုတ်နှင့်အမေရိကန် စစ်သင်္ဘောများလေ့ကျင့်နေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
ပေကျင်း - တရုတ်နှင့် အမေရိကန် စစ်သင်္ဘောတို့ပူးပေါင်းပြီး ပထမ ဆုံး အကြိမ်အဖြစ် ပင်လယ်ဓားပြ ဆန့်ကျင်ရေး စစ်ရေးလေ့ကျင့်မှုကို အေဒင် ပင်လယ်ကွေ့တွင် လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက စက်တင် ဘာလ ၁၈ ရက်နေ့တွင် ပြောကြားပြီး ယင်းသို့ပြုလုပ်ခြင်း သည် လုံခြုံရေးကိစ္စများတွင် ပူးပေါင်းသည့် သင်္ကေတအဖြစ် လေ့ကျင့် ခြင်းဖြစ်သည်ဟု ဆိုသည်။
ငါးနာရီကြာမြင့်သည့် အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ယီယန်းဟုခေါ် သည့် ဒုံးလက်နက်တင်သည့် တရုတ်စစ် သင်္ဘောနှင့် ဒုံးလက်နက်ကို ဖျက်ဆီး နိုင်သည့်စစ်သင်္ဘောများ ပါဝင်သည်။
အမေရိကန်နှင့် တရုတ်တို့ ပူးပေါင်း ထားသည့်အဖွဲ့က တပ်သားများ ကို ကယ်တင်ရန် သင်္ဘောပေါ်သို့ တက်သွားစဉ်တွင် အမေရိကန်ဖျက် သင်္ဘောက ပင်လယ်ဓားပြများ သိမ်းပိုက်ထား သော သင်္ဘောကို ပစ်ခတ်သည့် လေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း အမေရိကန်ရေတပ်၏ ပဉ္စမမြောက် ရေတပ်၏ ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံသို့ သုံးရက်ကြာသွား ရောက်ခဲ့သော ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြား စစ်ရေး အရ ပူးပေါင်းသည် ဆိုသည်ကို ပြသသော ထင်ရှားသည့် သင်္ကေတအဖြစ် ယင်း စစ်ရေးလေ့ကျင့် မှုကို ချီးကျူးပြောဆိုခဲ့သည်။
အမေရိကန်နှင့် တရုတ်တို့ ပူးပေါင်းပြီး ယခုတစ်ပတ်အတွင်း ပြုလုပ်သည့် အေဒင်ပင်လယ်ကွေ့ရှိ ပင်လယ်ဓားပြဆန့်ကျင်ရေး စစ်ရေး လေ့ကျင့်မှုသည် အားရကျေနပ်စရာ အောင်မြင်မှုရရှိခဲ့ သည်ဟု ပန်နက်တာက တရုတ်နိုင်ငံမှ အဆင့်မြင့်အရာရှိ ဗိုလ်ချုပ်ကြီး လီယန် ဂေါင်းလီနှင့်တွေ့ဆုံသည့် ပူးတွဲသတင်း စာရှင်းလင်းပွဲတွင် ပြောသည်။
"ပင်လယ်ဓားပြတွေရဲ့ ခြိမ်းခြောက်မှု ကို ရင်ဆိုင်ဖြေရှင်းရာမှာ ဒီလိုစစ်ရေး လေ့ကျင့်မှုတွေက ကျွန်တော်တို့ ရေတပ် စစ်သည်တွေရဲ့ စွမ်းဆောင်ရည်တွေကို မြင့်တက်စေပါတယ်" ဟု လီယွန်ပန်နက် တာက ပြောသည်။
၂၀၁၄ ခုနှစ်တွင် ပြုလုပ်မည့် အမေ ရိကန်ဦးဆောင်သော ရေတပ် အင်အား စုများ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် တရုတ်နိုင်ငံကို အမေရိကန်ရေတပ်က ဖိတ်ခေါ်ခဲ့သည်ဟု စက်တင် ဘာ ၁၈ ရက် တွင် ပန်နက်တာက ကြေညာချက်ထုတ် ပြန်ခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှု ကို Rim of the Pacific (RIMPAC) ဟု လူသိများသည်။
(အေအက်ဖ်ပီ)
