ဂျပန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ တရုတ်ပြည်တစ်ဝန်းကျယ်ပြန့်
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

တရုတ်ပြည်တောင်ပိုင်း ရှင်ကျန့်မြို့တွင် ဂျပန်ဆန့်ကျင်ရေးဆန္ဒပြ သူများ ချီတက်ဆန္ဒပြကြစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ပေကျင်း- အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းများ ပိုင်ဆိုင်မှုအပေါ် မကျေနပ် သော တရုတ်နိုင်ငံသားများက ပေကျင်း ရှိ ဂျပန်သံရုံးကို ၀ိုင်းဝန်းဆန္ဒပြ ခဲ့ကြပြီး နောက်တစ်နေ့ စက်တင်ဘာလ ၁၆ ရက် တွင်လည်း ဂျပန်ဆန့် ကျင်ရေး ဆန္ဒပြသူများသည် တရုတ်နိုင်ငံတစ်ဝန်းမြို့များ၌ တိုးချဲ့ ကြွေး ကြော်ဆန္ဒပြကြပြန်သည်။
ဂျပန်တို့က 'ဆင်ကာကူ'ဟုခေါ်ပြီး တရုတ်တို့က 'ဒိုင်အိုယု'ဟုခေါ်ကြ သည့် ယင်းကျွန်းနှစ်ကျွန်းကို မိမိတို့ဝယ်ယူထားပြီးဖြစ်ကြောင်း ယခင်သီ တင်းပတ် က ဂျပန်တို့ ကြေညာခဲ့ပြီးနောက် အလွန် ဒေါသထွက်နေခဲ့ကြ သည့် ဆန္ဒပြသူများအား ရဲများက လိုက်ပါထိန်းပေးကြပြီး အစိုးရစာနယ် ဇင်းများက ဆန့်ကျင်ဆန္ဒပြပွဲများမှာ အကြောင်းအကျိုးသင့်မြတ်ကြောင်း ဖော်ပြကြသည်။
ဂျပန်အား ဓားကြိမ်းကြိမ်းထားသည့် ကြုံးဝါးသံများဖြင့် အလံလွှင့်ထူကာ အကြမ်းဖက်ဆန္ဒပြ လှုပ်ရှားသူများအား ရှီကျန့်မြို့တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် လူစု ခွဲခဲ့ပုံနှင့် ကွမ် ကျိုးပြည်နယ်ရှိ ဂျပန်ကောင်စစ်ဝန်ရုံးနှင့်ကပ်လျက်ရှိ ဟိုတယ်အား ဆန္ဒပြသူ ၁,၀၀၀ ကျော်တို့က ၀င်ရောက်အကြမ်းဖက် တိုက်ခိုက် ပြီး ဂျပန် အလံအား မီးရှို့ခဲ့ပုံတို့ကို ဟောင်ကောင် ကေဘယ်တီဗီ သတင်းက ထုတ်လွှင့် ခဲ့သည်။
ရှင်ကျန့်မြို့၌ ဆန္ဒပြသူ ၁၀,၀၀၀ ကျော်ရှိသည် ဆို၏။ စက်တင်ဘာလ ၁၅ ရက် ဆန္ဒပြမှု ကျယ်ပြန့်လာရာမှ ဂျပန်လူမျိုးများ ဂျပန်ပိုင် စတိုးဆိုင်၊ အဆောက်အအုံ များနှင့် ဂျပန်နိုင်ငံလုပ် ကားများကိုပါ ဖျက်ဆီးလာကြသောကြောင့် ဂျပန်နိုင်ငံ သားများ၏ လုံခြုံရေးနှင့် ဂျပန်စီးပွား ရေးလုပ်ငန်းများ ဘေးကင်းရေး ကြိုတင်ထိန်းသိမ်းပေးရန် ဂျပန်ဝန်ကြီးချုပ် ယိုရှီကိုနိုဒါက တရုတ်အစိုးရအား သတိပေး ထားသည်။
ဂျပန်မီဒီယာသတင်းအရ ကျင်တာ အိုရှိ ပင်နာဆိုးနစ်ကုမ္ပဏီစက်ရုံ စက်တင်ဘာလ ၁၅ ရက်က ဖျက်ဆီးမှု ခံရ၍ ထုတ်လုပ်မှုရပ်ဆိုင်း ထားရပြီဟုဆို သည်။ စက်ရုံမှ အလုပ်သမား ၁၀ ဦးတို့ ကလည်း ဂျပန်ဆန့်ကျင်ရေး ကြွေးကြော် သံများ ဟစ်ကြွေးဆန္ဒပြကြောင်း ဂျပန် ကျိုဒိုသတင်းတွင် ဖော်ပြသည်။
ဂျပန်မီဒီယာသတင်းကမူ တရုတ် နိုင်ငံ မြို့ပေါင်း အနည်းဆုံး ၁၀၈ မြို့သို့ ဆန္ဒပြမှု ပျံ့နှံ့သွားပြီဟုဆိုသည်။ ပေကျင်းမြို့ရှိ ဂျပန်သံရုံး အပြင်ဘက်တွင် ထောင်နှင့်ချီ၍ စုစည်းထားသော ဆန္ဒပြသူများက မော်စီတုံးရုပ်ပုံနှင့် ညစ်ညမ်းစွာရေးသားထားသော ဂျပန်အလံများ ကို ကိုင်ဆောင်လျက် နိုင်ငံတော်သီချင်းများ သီဆိုပြီး ဘီယာ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
တရုတ်ရဲတပ်ဖွဲ့ဝင်များကမူ ဆန္ဒပြသူ များနှင့်အတူ လိုက်ပါလျက် ထိန်းသိမ်း ပေးသည်။ ရှန်ဟိုင်းရှိ ဂျပန်ကောင်စစ်ဝန်ရုံး ပြင်ပတွင် စက်တင်ဘာလ ၁၅ ရက်က ဆန္ဒပြသူ ၁,၀၀၀ ကျော်တို့က "ဂျပန် နိုင်ငံအငယ်စားလေး ကျဆုံးပါစေ"ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ဟောင်ကောင်ရှိ ဂျပန် ကောင်စစ်ဝန် ရုံးဆီသို့လည်း ဆန္ဒပြသူ ရာပေါင်းများစွာ တို့ချီတက်၍ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ စက်တင်ဘာ လ ၁၈ ရက် သတင်း များအရ ယင်းနေ့သည် ၁၉၃၁ ခုနှစ်က တရုတ်နိုင်ငံ မြောက်ပိုင်းဒေသကို ဂျပန် စစ်တပ်က ၀င်ရောက်သိမ်းပိုက် သည့် နှစ်ပတ်လည်နေ့ (Mukden Incident) ဖြစ်သည့်အလျောက် ပေကျင်းမြို့ရှိ ဂျပန်သံရုံးကို ဆန္ဒပြသူ ၁,၀၀၀ ကျော်တို့ ၀ိုင်းရံထား သောကြောင့် တရုတ် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က သံရုံးကို စည်းသုံးစည်းဖြင့် ကာကွယ် ပေးထားသည်။
ဟွန်ဒါ ကားကုမ္ပဏီသည် တရုတ် နိုင်ငံရှိ ၎င်း၏ စက်ရုံငါးရုံစလုံးကို ယာယီ ပိတ်ထားပြီး နစ်ဆန်းကလည်း စက်ရုံ သုံးရုံအနက် နှစ်ရုံ ကို ယာယီပိတ်လိုက် ပြီဖြစ်သည်။ တိုယိုတာကုမ္ပဏီမှာ ကုမ္ပဏီထုတ်လုပ်မှုပမာဏ လျှော့ချလိုက်ကြောင်းကိုသာ ကြေညာထားသည်။
(အေအက်ဖ်ပီ)
