ဂျပန်နှင့် အငြင်းပွားရာ ကျွန်းစုများသို့ တရုတ်သင်္ဘောစေလွှတ်

ဇော်ဝင်း ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်မှကျွန်းတစ်ကျွန်း။ ဓာတ်ပုံ-အေအက်ဖ်ပီ

ပေကျင်း - ဂျပန်နိုင်ငံက နိုင်ငံပိုင် ပြုလုပ်သွားမည်ဟု ပြောဆိုအပြီး တရုတ် နိုင်ငံသည် ဂျပန်နှင့် နယ်မြေအငြင်း ပွားရာ ကျွန်းစုများသို့ ၎င်း၏ကင်းလှည့် သင်္ဘောနှစ်စင်း စေလွှတ်ခဲ့ကြောင်း နိုင်ငံပိုင် ရှင်ဟွာ သတင်းဌာနက စက်တင် ဘာလ ၁၁ ရက်နေ့တွင် ပြောသည်။

'နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်' ဖြစ်ကြောင်း ခိုင်မာစွာ ပြသသွားရန် ရေတပ် ကင်းထောက်သင်္ဘောနှစ်စင်း သည် သောက်ယွီကျွန်းစုများ (ဂျပန် အခေါ် ဆန်းကကုကျွန်းများ) အနီး ရေပြင်တွင် ရောက်ရှိခဲ့ပြီး ဖြစ်သည်ဟု ရှင်ဟွာသတင်းက ဆိုခဲ့သည်။

ယင်းသို့ သင်္ဘောများ စေလွှတ်မှုသည် ဂျပန်နိုင်ငံက ယခင် ဂျပန်ကမ်း စောင့် တပ်ကပိုင်ဆိုင်ထားသည့် ကျွန်းသုံးခုကို ၀ယ်ယူမည်ဟု ကြေညာခဲ့ခြင်းအပေါ် တရုတ်အစိုးရက ဂျပန်သံအမတ်ကြီးကို စက်တင်ဘာလ ၁၀ ရက်နေ့ နှောင်းပိုင်း တွင် ခေါ်ယူကန့်ကွက်ခဲ့အပြီး ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က ယင်းကျွန်းစုများသည် တရုတ်နိုင်ငံပိုင်နက်၏ ရှိရင်းစွဲအစိတ် အပိုင်းတစ်ရပ်ဖြစ်ပြီး ယင်းအချုပ် အခြာ အာဏာပိုင်မြေကို နည်းနည်းမျှ အလျှော့ ပေးမည်မဟုတ်ကြောင်း ပြောခဲ့သည်။ ကျွန်းစုများသည် တရုတ်(တိုင်ပေ) မှ ၁၂၅ မိုင်နှင့် တိုကျိုမြို့မှ ၁,၂၄၃ မိုင် အကွာတွင်တည်ရှိပြီး ရေကြောင်းသွား လာရေးအတွက် မဟာဗျူဟာမြောက် အရေးကြီးသည့် ဒေသအတွင်း တည်ရှိ ၍ အနီးအနားတွင် သတ္တုတွင်းအရင်း အမြစ်များလည်းရှိမည်ဟု ခန့်မှန်းထား ကြသည်။ (အေအက်ဖ်ပီ)