အီမယ်ဒါ၏ အဖိုးတန်ရတနာများ လေလံတင်မည်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

ပုလဲနှင့်စိန်များ စီခြယ်ထားသော အီမယ်ဒါမားကို့စ်၏ ဆံညှပ်ကို ဗဟိုဘဏ်တွင်ပြသထားစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

မနီလာ- ဖိလစ်ပိုင် သမ္မတဟောင်း ဖာဒီနန် မားကို့စ်၏ဇနီး အီမယ်ဒါ မားကို့စ်၏ ကျောက်မျက်ရတနာများကို မကြာမီတွင် ခင်းကျင်းပြသပြီး လေလံ တင်သွားမည်ဟု သိရသည်။

လွန်ခဲ့သော ၂၆ နှစ်က သိမ်းဆည်း ရယူခဲ့သော ယင်းကျောက်မျက် ရ တနာ များကို အစိုးရပြခန်းတွင် ယခုနှစ်၊ သို့မဟုတ် ၂၀၁၃ ခုနှစ် အစောပိုင်း၌ ခင်းကျင်းပြသကာ လေလံတင်သွားမည်ဟု Presidential Commission on Good Government ၏ အထက်တန်းအရာရှိ မိုင် တာ ဂွန်ဇာဂါ က ပြောကြားခဲ့သည်။

ယင်းကျောက်မျက်ရတနာများမှာ ၁၉၈၆ ခုနှစ်တွင် မားကို့စ်မိသားစု အမေရိကန်သို့ ပြည်နှင်ဒဏ်ခံရအပြီး ၎င်းနှစ် ၂၀ ခန့် အာဏာရစဉ်က အလွဲသုံးစားပြု ရယူထားသောပစ္စည်းများဖြစ်ပြီး မားကို့စ်၏ ပိုင်ဆိုင် ပစ္စည်းများအဖြစ် ဖမ်းဆီးသိမ်းဆည်းခဲ့ပြီးနောက်ဘဏ်အာမခံသေတ္တာ ထဲတွင် ဆယ်စုနှစ် များစွာ ရှိနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်းအားဖြင့် မမေ့အပ် သော အတိတ်က သင်ခန်းစာတစ်ခုကို ပြသသကဲ့သို့ဖြစ်ရုံမက ၎င်းမှာ မားကို့စ် ၏ အာဏာအလွဲ သုံးစားပြမှုအတွက် သက်သေအထောက်အထား ပြသကဲ့ သို့ပင် ဖြစ်နိုင်ကြောင်း၊ ထို့ပြင် ဤနည်း အားဖြင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်မည်လည်း ဖြစ်ကြောင်း ဂွန်ဇာဂါက အေအက်ဖ်ပီကို ပြော ကြားသည်။

ခင်းကျင်းပြသကာ လေလံဆွဲမည့်ရတနာများအားလုံးတန်ဖိုးသည်ဒေါ်လာရှစ်သန်းခန့် အနည်းဆုံးတန်ဖိုးရှိမည်ဟုသိရသည်။ မားကို့စ် သည် ၁၉၆၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်ထိ အုပ်ချုပ်ခဲ့ပြီး ၎င်းအပြီးတွင် ဒီမိုကရေစီ ပြယုဂ်ဖြစ်သော ကိုရာဇန် အကွီနိုက အာဏာရလာခဲ့ သည်။

မားကို့စ်၏ဇနီး အီမယ်ဒါမားကို့စ် သည် ယခုအချိန်တွင် အသက် ၈၃ နှစ်ရှိပြီဖြစ်သည်။

(အေအက်ဖ်ပီ)