ထိုင်းနိုင်ငံတောင်ပိုင်းတွင် တိုက်ခိုက်မှုများဖြစ်ခဲ့

သန်းလွင် ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

လွှင့်ထူထားသော အိမ်နီးချင်းနိုင်ငံအလံကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

ထိုင်းနိုင်ငံ၏ မွတ်စလင်အများစု နေထိုင်ရာ တောင်ပိုင်းရှိ စစ်သွေးကြွ များက ဩဂုတ်လ ၃၁ ရက်နေ့က တိုက်ပွဲများအဆက်မပြတ်တိုက်ခိုက် မှု များကြောင့် စစ်သားများစွာ ထိခိုက် ဒဏ်ရာရကာ မငြိမ်မသက်ဖြစ် နေသော ဒေသတစ်ဝန်း မလေးရှားအလံကို လွှင့်ထူခဲ့ကြသည်ဟု အရာရှိများက ပြောသည်။

ဗုံးခွဲတိုက်ခိုက်မှုများတွင် စစ်တပ်မှ ကွန်မန်ဒိုသုံးဦးနှင့် ကမ်းတက် တပ် သား နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက အထိမ်းအမှတ် တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော်သည် တောင် ပိုင်းပြည်နယ်များဖြစ်သော ဆောင်ခလာ၊ ပတ်တာနီ၊ ယာလာနှင့် နာရာသီဝပ်တို့တွင် ဖြစ်ပွားခဲ့သည်။

ဗုံးငယ်လေးများထောင်ခြင်း၊ တာယာများ၊ သို့မဟုတ် ထိုင်းအမျိုးသားအလံ ကိုမီးရှို့ခြင်း၊ ဗုံးအတုများထောင်ခြင်း စသည့် အထိမ်း အမှတ်တိုက်ခိုက်မှု ပေါင်း ၁၂၄ ခုဖြစ်ခဲ့သည်ဟု ဒုတိယ အမျိုးသားရဲ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ် ပရာဝုသာဗွန်ဆီရီက အေအက်ဖ်ပီ ကို ပြောသည်။

"သူပုန်တွေဟာ ကျွန်တော်တို့ အိမ်နီးချင်းတွေရဲ့ အလံကိုလွှင့်ထူခဲ့ကြပါတယ်။ ဒါကို ကျွန်တော်တို့အရာရှိတွေကသိမ်းဆည်းခဲ့ပါတယ်' ဟု ၎င်းကပြောသည်။

ဒုတိယ၀န်ကြီးချုပ် ယွတ်သာဆပ် ဆာဆစ်ပါက တိုက်ခိုက်မှုများသည် လွန်ခဲ့သော ၂၃ နှစ်က ဘာဆပ်တူ အဖွဲ့တည်ထောင်သည့် အထိမ်းအမှတ် ကို လူသိရှင်ကြား စတန့်ထွင်ခြင်းဟုပြော သည်။ စစ်သွေးကြွများက ၎င်းတို့လှုပ်ရှား နေဆဲဖြစ်ကြောင်း ပြသရန်ရည် ရွယ်သည်ဟု ၎င်းကဆက်ပြောသည်။

ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားသည့် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့သည် ၂၀၀၄ ခုနှစ်မှစ၍ မလေးရှားနယ်စပ်အနီး ထိုင်းနိုင်ငံ တောင်ပိုင်းစွန်းတွင် ဒုက္ခပေးနေခဲ့ရာ နေ့စဉ်လိုပင် ဗုံးခွဲတိုက်ခိုက်မှု၊ သို့မဟုတ် သေနတ်ဖြင့် တိုက်ခိုက်မှုများကြောင့် ဗုဒ္ဓ ဘာသာများနှင့် မွတ်စလင် ထောင်ပေါင်းများစွာ အသက်ဆုံးခဲ့ရ သည်။

(အေအက်ဖ်ပီ)