အာတိတ် ရေနံတူးစင်သို့သွားမည့်ရုရှားအလုပ်သမားများကို ဂရင်းပိစ်အဖွဲ့က ကြားဖြတ်နှောင့်ယှက်
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

ဂက်ဇ်ပရွန် ရေနံတူးစင်ကြီးကို ခေတ္တသိမ်းယူ၍ ဆန္ဒပြနေကြသော ဂရင်းပိစ်အဖွဲ့ဝင်များ။
ဓာတ်ပုံ - အေအက်ဖ်ပီ
မော်စကို- သန့်ရှင်းသန့်ပြန့်သော မြောက်ပိုင်း ပင်လယ်ပြင်တွင် ရေနံ တူးလုပ်ငန်း စတင်ပြုလုပ်ရေးအတွက် ရေနံလုပ်သားများကို ပို့ဆောင် သည့် ရုရှားသင်္ဘောတစ်စင်းကို ဝေးလံသော အာတိတ်သမုဒ္ဒရာတွင် ဂရင်းပိစ် လှုပ်ရှားရေးအဖွဲ့များက လေသွင်း ရော်ဘာလှေတစ်စင်းဖြင့် ဩဂုတ်လ ၂၇ ရက်နေ့ ၌ ကြားဖြတ်နှောင့်ယှက် ခဲ့သည်ဟု သိရသည်။
ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်ပြီး မည်သူမျှ မစမ်းသပ် မတူးဖော်ရသေး သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် တစ်ခုဖြစ်သည်ဟု ယူဆရ သော အာတိတ်သမုဒ္ဒရာတွင် ကိုယ်ကျိုးရှာ လုပ်ရာတွင် ရုရှားနိုင်ငံက အခြားသူများထက် ဦးဆုံးအစပျိုးလုပ်ကိုင်ရာ သုံးရက်အတွင်း ဂက်ဇ်ပ ရွန် လုပ်ငန်းများသို့ ဒုတိယအကြိမ် ၀င်ရောက်စီးနင်းခြင်း ဖြစ်သည်။
ဂရင်းပိစ်လှုပ်ရှားရေး နိုင်ငံတကာ အဖွဲ့ဝင် ခြောက်ဦးက ဘယ်ရင့် ပင်လယ် အရှေ့တောင်ပိုင်းရှိ ဂက်ဇ်ပရွန် ရေနံ တူးစင်ကို သောကြာ နေ့၌ ၁၅ နာရီကြာ သိမ်းယူထားရာ အလုပ်သမားများက သတ္တုတုံးများဖြင့် ပစ်ပေါက်ပြီး ရေခဲရေ ဖြင့်ထိုးပက်သဖြင့် ထွက်ပြေးခဲ့ရ သည်။ သောကြာနေ့ကလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော တောင်အာဖရိကသားအမှုဆောင်ညွှန်ကြားရေးမှူး ကူမီနိုင်ဒူးနှင့် အခြား ခြောက် ဦးသည် တနင်္လာ နေ့ အရုဏ်တက်ချိန်တွင် ထိုရေနံတူးစင် သို့ အမြန်သွားပြီး လူစားလဲမည့် ဂက်ဇ်ပရွန်လုပ်သားများကို သယ်ဆောင် လာသည့် ခရီးသည်တင်သဘော် ကို ကြားဖြတ်နှောင့်ယှက်သည်။
ပင်လယ်တွင်း စွန့်စားသူများက ၎င်းတို့၏ ရော်ဘာလှေမည်းကို ကျောက် ချထားသော ရုရှားသင်္ဘောကြီးနှင့် သံကြိုးများဖြင့် တွဲချည် ထားရာ ရေခဲရေဖြင့် ထိုးပက်ခံရသဖြင့် မခံနိုင်ဖြစ် ပြီး ခုနစ်နာရီကြာပြီးနောက် ဆက်မလိုက် တော့ဘဲ ချိတ်တွယ်ထားရာမှ စွန့်ခွာခဲ့ ပြီး အတူပါလာသော ဂရင်းပိစ်စပိ ဘုတ်တစ်စင်းတွင် အကာအကွယ်ယူ ထားသည်။
၎င်းတို့အဖွဲ့သည် ရုရှား သင်္ဘောကို ၀ိုင်းပတ်နေကာ ဂက်ဇ်ပရွန် လုပ်သားများ လုပ်ငန်းခွင်မ၀င်နိုင် အောင် ဆောင်ရွက်ထားနိုင်ဆဲဖြစ် ကြောင်း အဖွဲ့ကပြောသည်။ အာတိတ်သမုဒ္ဒရာတွင် ရုရှားတို့ လုပ်ဆောင်ကြတော့မည့် ရေနံတူး လုပ်ငန်းကို ကမ္ဘာသိစေရန် သော ကြာနေ့က စတင်ခဲ့သည့် ကမ္ဘာအနှံ့ ဂရင်းပိစ်လှုပ်ရှားမှုကွန်ရက် ဆုံးခန်းတိုင် ရောက်တော့မည်ဖြစ်ကြောင်း နိုင်ဒူးက တွစ်တာ ၀က်ဘ် ဆိုက်တွင် နာရီအတော်ကြာ ပြောခဲ့သည်ဟု သိရသည်။
ရုရှားရေနံထုတ်လုပ်မှုမှာ ရပ်တန့်နေ ပြီး ဆိုဗီယက်ခေတ်က ဆိုက်ဘေးရီးယား တွင် တူးဖော်ခဲ့သည့် ရေနံတွင်းများမှာ ခန်းခြောက် စပြုလာပြီ ဖြစ်သည်။
(အေအက်ဖ်ပီ)
