အာရှတိုက်သားများ နဂါးနှစ်ကြိုဆိုပွဲ ခြိမ့်ခြိမ့်သဲသဲကျင်းပ

အာရှတိုက်သားများသည် ဇန်န၀ါရီလ ၂၃ ရက်၌ မီးရှူးမီးပန်း၊ ဗြောက် အိုးများ၏ ကျွက်ကျွက်ညံသံဖြင့် နဂါးနှစ်ကို ကြိုဆိုကြသည်။

News 

သေဆုံးသူ ပြင်သစ်စစ်သားများတွင် ဘူဂေးရီးယားနိုင်ငံသား တစ်ဦးပါဝင်

အာဖဂန်နစ္စတန်အရှေ့ ပိုင်းရှိ ၎င်းတို့၏ အခြေစိုက်စခန်းတွင် ဇန်န၀ါရီလ ၂၀ ရက်နေ့က ပစ်သတ်ခံရသော ပြင်သစ် စစ်သား လေးဦးတွင် ဘူဂေးရီးယားနိုင်ငံသား တစ်ဦးပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုလ ၂၁ ရက်က ပြောကြားသည်။

News 

အမေရိကန် လေယာဉ်တင်သင်္ဘောကြီး ဟော်မုဇ် ရေလက်ကြားကို ဖြတ်ကျော်ခဲ့

ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့မည်ဟု အီရန်က ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်လေယာဉ်တင် သင်္ဘော ယူအက်စ် အက်စ်အီဘရာ ဟင်လင်ကွန်းသည် ဇန်န၀ါရီလ ၂၂ ရက်က ယင်း ရေလက်ကြားကို ဖြတ်ကျော် ခဲ့ပြီးနောက် ယခုအခါ ပါရှန်ပင်လယ် ကွေ့ထဲသို့ ရောက်ရှိနေသည်။

News 

တောင်ကယ်ရိုလိုင်းနားတွင် ဂင်းဂရစ်ခ်ျ အနိုင်ရ

ရီပတ်ဘလီကန်ပါတီကိုယ်စား ပြု သမ္မတလောင်းရွေးချယ်ပွဲအတွက် တောင်ကယ်ရိုလိုင်းနား ပြည်နယ်တွင် ပြုလုပ်သော ပဏာမရွေးပွဲတွင် ညု ဂင်းဂရစ်ခ်ျက ရှေ့ကပြေးနေသော ပြိုင်ဘက် မစ်ရွမ်းနေကို အပြတ်အသတ် အနိုင်ရလိုက်သဖြင့် ပြိုင်ပွဲအခြေအနေကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။

News 

အီရန် သိပ္ပံပညာရှင်သတ်မှု မသင်္ကာသူဖမ်း

အီရန်နိုင်ငံက လွန်ခဲ့သည့် သီတင်းပတ်က သိပ္ပံပညာရှင်တစ်ဦးအား သတ်ဖြတ်မှုအတွက် ဖမ်းဆီးမှုများ ပြုလုပ်ကာ အစ္စရေးနှင့် အမေရိကန်တို့ ကို ပြစ်တင်ခဲ့သည်ဟု ပါလီမန် ပြောရေးဆိုခွင့်ရှိသူ အလီလာရီဂျာနီက ဇန်န၀ါရီလ ၁၆ ရက်နေ့က ပြောသည်။

News 

ပင်လယ်ထဲတွင် နစ်မြုပ်နေသော အီရန် ငါးဖမ်းသင်္ဘောမှ ရေလုပ်သားများအား အမေရိကန် ရေတပ်က ကယ်တင်ပေးခဲ့

အိုမန်ပင်လယ်ကွေ့တွင် ဘေးဒုက္ခရောက်နေသာ အီရန် ငါးဖမ်း သင်္ဘောမှ ရေလုပ်သားများအား အကူအညီ ပေးရန် ကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့ကို ၎င်းတို့ဦးဆောင်ခဲ့ကြောင်း အမေရိကန်ရေတပ်က ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။

News 

အင်ဒိုနီးရှားတွင် ရှားပါးကျားတစ်ကောင်အား ထောင်ချောက်ဘေးမှ အချိန်မီကယ်တင်နိုင်ခဲ့

တစ်ကိုယ်လုံးတွင် မြားဒဏ်ရာများဖြင့် ပြည့်နှက်နေသော ဆူမတြာ ရှားပါး ကျားတစ်ကောင်အား အင်ဒိုနီးရှား ကျားထိန်းသိမ်းရေး တောနက်ထဲရှိ ၀ိုင်ယာထောင်ချောက်မှ ကယ်တင်နိုင်ခဲ့ကြောင်း ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် တာဝန်ရှိသူများက ပြောသည်။

News 

စစ်တပ်မှ အာဏာသိမ်းရန် ကြံစည်ကြိုးပမ်းမှု တားဆီးနိုင်

ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ဘာသာရေးအယူသီးသော အစ္စလမ္မစ် စစ်ဘက် အရာရှိ ၁၂ ဦးကျော်၏ ရွေးချယ် တင်မြှောက်ခံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ အစိုးရအဖွဲ့အား ဖြုတ်ချရန် ၀ိုင်းဝန်း ကြံစည်မှုတစ်ရပ်ကို ကြိုတင်ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း ပြောကြားလိုက်သည်။

News 

သတင်းစာဆရာ အသတ်ခံရ

ဗီအိုအေအသံ လွှင့်ဌာန၏ ပါရှ်တိုဘာသာရေဒီယိုအစီ အစဉ်ဌာနမှ ပါကစ္စတန်သတင်းစာဆရာ တစ်ဦးအား သေနတ်သမားများသည် ဇန်န၀ါရီလ ၁၇ ရက်က ထိုသတင်းစာဆရာ ဗလီအတွင်းဝတ်ပြုနေစဉ် ပစ်ခတ်ခဲ့ကြောင်း ရဲအဖွဲ့က ပြောသည်။

News 

အာဖဂန်စစ်သားတစ်ဦး ပြင်သစ်တပ်ဖွဲ့ဝင်လေးဦးအား ပစ်သတ်

တာလီဘန် သူပုန် အလောင်းများအပေါ် ကျင်ငယ်စွန့် နေသည့် အမေရိကန်စစ်သားများ၏ ဗီဒီယိုကိုကြည့်ပြီး နောက် ပြင်သစ်စစ်သားလေးဦးတို့အား ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း တရားခံ အာဖဂန်စစ်သားက ပြောဆို ခဲ့သည်ဟု လုံခြုံရေးရပ်ကွက်များထံမှ သိရသည်။ News