အရှုပ်အရှင်းတွေကြားထဲက မန္တလေးအိမ်ခြံမြေဈေးကွက်
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)

မြို့အရှေ့ဖျား မြရည်နန္ဒာမြို့သစ်မှ ကျူးအိမ်အချို့ကို ရှင်းလင်း နေစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
၂၀၁၂ ခုနှစ်ကုန်ဖို့ ပိုမိုနီးကပ်လာတဲ့ အခု လိုအချိန်အထိ အလှုပ် အခတ်မရှိတဲ့ 'အငြိမ်' ဈေးကွက်နဲ့ တစ်ဖြောင့်တည်း သွားလာခဲ့တဲ့ မန္တလေးမြို့ရဲ့ အိမ်ခြံမြေ ဈေးကွက်မှာ အခုအခါ ဆူလွယ်နပ်လွယ် ငွေကြေးကစားနိုင်တဲ့ အကွက်အကွင်း ဖြစ်တဲ့ မြို့ကွက်သစ် အရှေ့ ခြမ်းက အပိုင်း တချို့ဟာ ပိုင်ဆိုင်မှုအငြင်းပွားရတဲ့ ဇာတ် လမ်းကနေ ရုန်းကန်နေရပါတယ်။
တကယ်တော့ မန္တလေးမြို့ရဲ့ အိမ်ခြံ မြေဈေးကွက်ဟာ မြို့တွင်းရော၊ မြို့ပြင်မှာ ပါ ခပ်ငြိမ်ငြိမ်နဲ့ စခန်းသွားနေခဲ့ရတာပါ။ ဒီနှစ်ဆန်းပိုင်း လောက်ကစပြီး ကြိုက် ရောင်းကြိုက်ဝယ် အနေအထားနဲ့သာ ရောင်း ချင်သူရော၊ ၀ယ်ချင်သူပါ သူ့ အနေအထားကိုယ်ကြည့် ကိုယ့် အခြေ အနေ သူအကဲခတ်ပုံစံနဲ့ စခန်းသွားနေ ခဲ့ကြတာ မန္တလေး မြို့တင် မကဘဲ အိမ်ခြံ မြေဈေးကွက်မှာ အရေးတယူလုပ်ပြီး ပြောကြရတဲ့ နေပြည်တော်၊ ရန်ကုန်နဲ့ ပြင်ဦးလွင်မြို့တွေလိုမျိုးလည်း အပါ အ၀င် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ၁၁ လပိုင်း မတိုင်မီက အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်ဟာ ၀ယ်ချင်သူကလည်း 'ကာလတစ်ခုအထိ' ရင်းနှီးမြှုပ်နှံထားရင် အကျိုးအမြတ်ရမယ်ဆိုတဲ့ စိတ်ကူး ကလေးနဲ့ ၀ယ်ယူဖြစ်ကြတာများသလို ရောင်းချချင်သူကလည်း ထိုက်သင့် တဲ့ အကျိုးအမြတ်ရလို့ ရောင်းတာဆိုတဲ့ စံနှုန်း လေးတစ်ခုနဲ့ အလုပ်လုပ်ဖြစ်ခဲ့ကြ တာပါ။
ပြောရရင် 'ပုံမှန်' အလုပ်လုပ်နိုင် တဲ့ ဈေးကွက်အခြေအနေလေးမှာ ရှိခဲ့ တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလိုအနေအထားကနေ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလလောက်ကစပြီး နှစ်လ၀န်းကျင်အတောအတွင်း အိမ်ခြံ မြေဈေးကစားကြတဲ့ အနေအထား ကြောင့် မြေလွတ် မြေရိုင်း အများစုရှိတဲ့ ကွက်သစ်တွေဘက်မှာ မတန်တဆဈေး နှုန်းတွေဖြစ်ခဲ့တာဟာ ၂၀၁၂ ခုနှစ် အတွင်းကာလကြာ ဈေးကွက်ငြိမ်မှုဖြစ် စေတဲ့အကြောင်းရင်းပဲ ဖြစ်ပါတယ်။
ဒီအနေအထား ကြုံတွေ့နေရချိန်မှာပဲ မြေလွတ်မြေရိုင်းတွေ အများဆုံးရှိနေတဲ့ မြို့အရှေ့ဖျားက ကွက်သစ်တွေမှာ ပိုင်ဆိုင်မှု အငြင်း ပွားနေကြရတဲ့ ကိစ္စရပ်တွေက ဖြေရှင်းရခက်တဲ့ အနေအထား အထိ ကြုံတွေ့နေကြရတာပဲဖြစ်ပါ တယ်။ "ပြီးခဲ့တဲ့ စက်တင်ဘာလ လယ် လောက်က စည်ပင်သာယာကနေ စက် ယန္တရားတွေနဲ့ ကျူးမြေတွေပေါ်ဆောက် ထားတဲ့ အိမ်တွေကို စပြီးရှင်းလင်းပါတယ်။
မရှင်းခင်ကတည်းက အစိုးရပိုင် မြေဖြစ်လို့ ဒီနေရာတွေမှာ မကျူးဖို့ ဆိုင်း ဘုတ်တွေစိုက်ပြီး အသိပေးပါတယ်။ မြရည်နန္ဒာကို စပြီး ရှင်းတုန်းကတော့ အခက်အခဲသိပ်မရှိဘူး။ ဒါပေမယ့် ပြည် ကြီးတံခွန်မြို့နယ်ထဲက ကံကြီးကုန်းရွာနဲ့ ဇီးအုပ်ရွာတွေကတော့ နေထိုင် ကြတဲ့ လူ တွေက လူစုလူဝေးနဲ့ ၀ိုင်းဝန်းကန့်ကွက် တာတွေ၊ တောင်းပန်တာတွေကြောင့် ပဋိပက္ခတွေရှိနေတယ်" လို့ အကျိုးဆောင် တွေက စက်တင်ဘာလ နောက် ဆုံးပတ်က ပြောပါတယ်။
ဒီနေရာမှာ ပြောစရာဖြစ်သွားတာက ကျူးမြေတွေလို့ ဆိုတဲ့ နေရာတွေပေါ်မှာ နေထိုင်နေကြသူတွေက ထောင်ပေါင်း များစွာ ရှိနေ တာပါ။ ဒီလိုထောင်ပေါင်း များစွာရှိလာတဲ့အချိန်ကို ရောက်လာမှ စည်ပင်သာယာက ၀င်ရောက်ရှင်းလင်း ခြင်းဟာအားနည်းချက် တစ်ခု ဖြစ်ကြောင်း မြို့ခံတွေက သုံးသပ်ကြသလို တချို့နေ ထိုင်သူတွေဟာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်သူတွေရဲ့ လက်မှတ် ပါတဲ့ စာချုပ်စာတမ်းတွေ လက်ဝယ်ရှိ ထားတယ်လို့ စောဒကတက်လာကြတာ ကိုလည်း တွေ့ရပါတယ်။
"အရောင်းအ၀ယ်စာချုပ်ကို အရပ် ချုပ်နဲ့ချုပ်တာ၊ သက်ဆိုင်ရာစာချုပ်စာ တမ်းရုံးကို ဘယ်လိုသွားစစ်ရမယ်၊ ဘယ် လိုစာချုပ်ချုပ်မှ တရားဝင်မယ်ဆိုတာ မသိဘဲ ဈေးချောင်နဲ့ရလို့၊ ကိုယ့်မှာရှိတဲ့ ငွေလေးနဲ့ လိုက်မီလို့ ခြစ်ခြုပ်ပြီး ၀ယ် လိုက်ကြသူတွေလည်းရှိသလို သိသိကြီး နဲ့ လုပ်ကြတဲ့သူ၊ လုပ်ပေးတဲ့သူတွေလည်း ရှိနိုင်တာပါပဲ။ အခုက မြေကွက်တွေ၊ အိမ် တွေကလည်း ထောင်ပေါင်း များစွာ ရှိနေ တာဆိုတော့ အစဆွဲထုတ်ပြီး ရှင်းရရင် လည်း တော်တော်မလွယ်တဲ့ ကိစ္စပါ။
ဒီကံကြီးကုန်း၊ ဇီးအုပ်ရွာတွေကလူ တွေကို မြို့တော်ဝန်က စက်တင်ဘာလ နောက်ဆုံးရက်ကတွေ့ပြီး တစ်ပတ် အတွင်းပြောင်းဖို့ ရက်သတ်မှတ်ပေး ပေမယ့် သတ်မှတ်ရက်ပြည့်တဲ့နေ့က တော့ တစ်စုံတစ်ရာထပ်ပြီးမလုပ်သေး ပါဘူး။ ဘယ်လိုဆက်လက် လုပ်ဆောင်ပေး မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပဲ။ ဈေးကွက်ကလည်း ငြိမ်တုန်းပဲ" လို့ အကျိုး ဆောင်တွေက သုံးသပ်ပြော ပါတယ်။
