အခွန်စည်းကြပ်မှုကို စနစ်တကျဖြစ်စေလိုဟု အမရပူရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်တို့အဖွဲ့ မန္တလေးဒေသထွက်ကုန်ပစ္စည်းများ လေ့လာ နေကြသည်ကိုတွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်
ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီမှ ကောက်ခံသော အခွန်အခများကို စနစ်တကျဖြစ်စေ လိုကြောင်း စက်တင်ဘာ ၂၉ ရက်က ကျင်းပသော အထည်အလိပ်၊ စားသောက်ကုန်၊ ဆေးဝါး၊ စက္ကူ ၊ ဓာတုဗေဒ နှင့် လူသုံးကုန် ပစ္စည်း ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အမရပူရ မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောသည်။
" ပြည်တွင်းအခွန်က ကောက်ခံနေတာ တစ်နှစ်ထက်တစ်နှစ် အခွန် ပေး ဆောင်ရမှု များလာတယ်။ ပုံမှန်ပေးသွင်း နေရတဲ့ အခွန်များလာ တဲ့အတွက် တာဝန်ရှိတဲ့သူနဲ့ ပေါင်းပြီး အခွန်ကို ညာ ပြီးတော့ ဆောင်ကြတယ်။ ဒါတွေက နိုင်ငံ တော်အတွက် အမှန်တကယ် အခွန် အပြည့်အ၀မရရှိပါဘူး" ဟု ဦးသိန်းထွန်း က ပြောသည်။
စာရင်းအရ နိုင်ငံတော်မှ အခွန်ငွေ ရရှိမှုမှာ နည်းနေသော်လည်း လုပ်ငန်းရှင်များ တစ်နှစ်အခွန်ဆောင်ရမှုမှာများ နေပြီး သက်သေမပြနိုင်သော အလွတ် သဘောလေ့လာချက်များအရ တွေ့ရှိ နေရ ကြောင်း ၎င်းက ဆိုသည်။ လုပ်ငန်းရှင်များက အခွန်အခများ ပေးဆောင်ရမှုအတွက် စနစ်ကျပြီး လုပ်ငန်းအလိုက် သတ်မှတ်နှုန်းထား များ ဖြစ်စေလိုကြကြောင်း ပြည်ထောင်စု ၀န်ကြီးနှင့် တွေ့ဆုံပွဲတွင် တင်ပြဆွေး နွေးခဲ့ကြသည်။
"တစ်ဦးတစ်ယောက်ချင်း အသိနဲ့ တော့ မရပါဘူး။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ လက်ထဲကိုရောက်သွားတယ်။ ဒီလိုပဲ ပြီးသွားတယ် ဆိုတာကို ဒီတိုင်းပြောနေ ယုံနဲ့ မပြီးပါဘူး။ ပြောပါ။ ပြောရင် လုပ်လို့ရတယ်။မပြောရင်တော့လုပ်လို့ မရပါဘူး။ "တကယ်လဲ ဖြစ်နေ တယ်လို့လည်း သုံးသပ်လို့ရပါတယ်။ ပြည်သူနဲ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာ ဖြစ်တဲ့အတွက် ကြိုက်တဲ့အချိန် ကြိုက်တဲ့ နေရာမှာ ပြောနိုင်ပါတယ်" ဟု မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးက ဆောင်ရွက်ရမည့် လုပ်ငန်းများသည် အခွန်ကောက်ခံရာမှ ရရှိသော ငွေများ ဖြင့်သာ ဆောင်ရွက်ရကြောင်း မှန်ကန်သော အခွန်အကောက်များ ဖြစ်စေရန် ဆောင်ရွက်ထားကြောင်း၊ အခွန် ၀န်ထမ်း များကိုလည်း မှန်ကန်စွာ ဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း ၀န်ကြီးချုပ်က ဆိုသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် လုပ်ငန်းရှင် များက လျှပ်စစ်မီးအပြည့်အ၀ရှိရေး၊ ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ် မှု လိုအပ်ချက်များ၊ အရင်းအနှီးရရှိမှု အတွက်ချေးငွေများ၊ နည်းပညာရရှိရေး များ၊ အခွန်အခများသက်သာစေမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရန် တို့ကိုလည်း တင်ပြဆွေးနွေးခဲ့ကြသည်။
"နိုင်ငံတော် အစိုးရက သွားနေတဲ့ စီးပွားရေးစနစ်မှာ နိုင်ငံတော်အပိုင်းကို တတ်နိုင်သမျှလျှော့သွားပြီး ပုဂ္ဂလိက ကဏ္ဍမှာ အရင်း အနှီးရော နည်းပညာ ပိုင်းရော ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကို တတ်နိုင်သမျှ ပုဂ္ဂလိက ဘက်ကိုလွှဲ ပြောင်းပေးသွားမယ့် စနစ်ဖြစ် တယ်။
အဲဒီမှာ အရင်ကလိုမျိုး အစိုးရမှာပဲ တာဝန်ရှိတာမျိုးမဟုတ်ပဲနဲ့ ပုဂ္ဂလိက ဘက်ကလည်း တတ်နိုင်သမျှ စွမ်းအား ရှိသလောက် ဆောင်ရွက်သွား ဖို့လိုပါတယ်" ဟုပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲမှ တင်ပြဆွေးနွေး ချက်များကို အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲများတွင်ထပ်မံ ဆွေးနွေး သွားမည်ဖြစ် ကြောင်း သိရသည်။
