တင်ချင်းဆက်အမြွှာကို မြန်မာနိုင်ငံတွင် ပထမဆုံးခွဲစိတ်မည်

ဖြိုးဝေကျော်
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

မန္တလေးမြို့ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် ကြပ်မတ် စောင့်ရှောက်ထားသော တင်ချင်းဆက် ကလေးငယ် နှစ်ဦးကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်

ပြီးခဲ့သော ၂၀၁၁ ခုနှစ်၊ မေလအတွင်းက တင်ချင်းဆက်လျက် မွေးဖွား လာခဲ့သော အမြွှာကလေးငယ်နှစ်ဦးကို လာမည့် နိုဝင်ဘာလ တတိယ ပတ်အတွင်း မန္တလေးမြို့ ခုတင် ၅၅၀ ဆံ့ ကလေး ဆေးရုံကြီးတွင် မြန်မာနိုင်ငံ၌ ပထမဆုံး တင်ချင်းဆက်ခွဲစိတ်မှုအဖြစ် လုပ် ဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။

"မြန်မာနိုင်ငံမှာ တင်ချင်းဆက်ခွဲစိတ် ကုသမှုအနေနဲ့ ပထမဆုံး ဖြစ် ပါတယ်။ ကလေးနှစ်ဦးစလုံး ဒီဆေးရုံကို ဖေဖော် ၀ါရီလ ၂၁ ရက်နေ့ က စရောက်လာပါ တယ်။

"ခွဲစိတ်ရာမှာ အခက်အခဲကတော့ ကြီးကြီးမားမား မတွေ့နိုင်ပါဘူး။ ဒါပေ မယ့် အရိုးချင်း၊ အာရုံကြောချင်းဆက်နေ တဲ့ အပိုင်းတွေရှိတော့ ကြိုးစားပြီး လုပ် ဆောင်သွားကြရမှာပါ။ ဦးနှောက်နဲ့ အာရုံကြော၊ အရိုး၊ ဆီးလမ်းကြောင်း၊ မေ့ဆေး၊ မျက်နှာနဲ့ မေးရိုးဆိုင်ရာ ခွဲစိတ် မှု စတာတွေနဲ့ သက်ဆိုင်တဲ့ ပါမောက္ခ ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးလုပ်ဆောင် နေကြပါတယ်" ဟု ကလေးဆေးရုံအုပ် ကြီး ဒေါက်တာအောင်ကျော်မြင့်က ယခု လ ၁၁ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

ကလေးနှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရပြီး ယခုအခါ အဆိုပါဆေးရုံရှိ အထူးကြပ်မတ် ကုသ ဆောင်တွင် စောင့်ရှောက်ထားရှိထား သည်။ ကလေးမိဘများက မင်းကွန်း ကျေးရွာအုပ်စုရှိ ထုံးဘိုကျေးရွာမှဖြစ် ကြောင်း ဆေးရုံအုပ် ဒေါက်တာမြတ်စိုး က ပြောပြီး ယခုအခါ မိဘများမှ တစ်လ လျှင် တစ်ကြိမ်ခန့် ကလေးများကို လာရောက်တွေ့ဆုံကြောင်း သိရသည်။

၎င်း တို့နှစ်ဦးကို အေးသုခဆေးရုံတွင် မွေးဖွား ပြီးနောက် ကလေးဆေးရုံကြီးသို့ ပြောင်း ရွှေ့လာခဲ့ခြင်းဖြစ်ကာ အောင်မြတ်ကျော် နှင့် အောင်ခန့်ကျော်ဟု အမည်ပေးထား သည်။ "တင်ချင်းဆက်မွေးတာက အလွန် ရှားပါးပါတယ်။ နိုင်ငံတကာမှာလည်း ရှားပါတယ်။

ရှားတဲ့အထဲမှာမှ ယောက်ျား လေးတင်ချင်းဆက်က ပိုရှားပါတယ်။ ကျွန်တော်တို့အနေနဲ့ ခွဲစိတ်မှု အောင် မြင်မယ်လို့ ယုံကြည်ထား ပါတယ်" ဟု ဒေါက်တာအောင်ကျော်မြင့်က ဖြည့်စွက် ပြောသည်။

ယခုအခါ ကလေးငယ်များကို နိုင်ငံတော်က ပံ့ပိုးစောင့်ရှောက်ထားသည့် အပြင် စေတနာရှင်များကလည်း ကလေး ဆေးရုံကြီး ဖုန်း ၀၂-၂၄၉၁၇၊ ၂၄၉၁၈ တို့ သို့ ဆက်သွယ်ပြီး ထောက်ပံ့လှူဒါန်း နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခင်က ရင်ချင်း ဆက်အမြွှာ ကလေးများကို ခွဲစိတ် အောင်မြင်ခဲ့သည်။