ရတနာ့ဂူဘုရားပွဲတော် ယမန်နှစ်ထက် ပိုမိုစည်ကားစွာကျင်းပ
အမရပူရမြို့ ရှိနှစ်ပေါင်း၆၀၀ ကျော် ပြီဖြစ်သော ရှေးဟောင်း ရတနာ့ ဂူဘုရားပွဲတော်သည် ယမန်နှစ်ကထက် ဘုရားဖူး
ဧည့်သည်များ ပိုမို လာရောက်ပြီး အထူး
စည်ကားလျက်ရှိကြောင်း ဘုရားဂေါပက
အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ယခုလဆန်း ရွှေဈေး တစ်နှစ်တာ၏အမြင့်ဆုံးဈေးဖြစ်
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ တွင် မန္တလေးရွှေဈေးသည် တစ်ကျပ်သား လျှင် ကျပ် ၇၈၀,၀၀၀ ကျော်ထိ မြင့်တက် လာခဲ့ပြီး အဆိုပါ ဈေးသည် ယခုနှစ်တွင် အမြင့်ဆုံးဈေး ဖြစ်ခဲ့ကြောင်း ရွှေလုပ်ငန်း ရှင်များက ဆိုကြသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလိုပါက ကူညီသွားမည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် များနှင့် ကျေးရွာများအတွက် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးလိုပါက တိုင်းဒေသကြီး အစိုးရက ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလျှပ်စစ် နှင့် စက်မှုဝန်ကြီး ဦးကျော်ဝင်းက ယခုလ ၆ ရက်နေ့ကပြောသည်။
ရွှေဘိုမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံစီမံချက်များ ရေးဆွဲအဆိုပြု
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရွှေဘိုမြို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံချက်များကို တိုင်းဒေသကြီး အစိုးရထံ အဆိုပြုတင်ပြ ထားကြောင်း ယခုလ ၆ ရက်နေ့က ရွှေဘိုမြို့၌ ကျင်းပသော
မြို့ပြ ဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲအရ သိရသည်။
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံးချုပ်ဖွင့်ပွဲ
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး
တိုးတက်ရေးပါတီ ( Tai-leng Nationa-lities Development Party) ၏ ပါတီ
ရုံးချုပ်ဖွင့်ပွဲနှင့် ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယခုလ စက်တင်ဘာ ၅
ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သည်။
မဟာမုနိ ရုပ်ရှင်တော်မြတ်တွင် အခမဲ့အင်တာနက် အသုံးပြုနိုင်ပြီ
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ် တွင်နိုင်ငံခြားသား ဧည့်သည် များနှင့် ပြည်တွင်း ဘုရားဖူးပြည်သူများ သည် ၀ိုင်ဖိုင်စနစ်ဖြင့် အင်တာ နက် အခမဲ့အသုံးပြုနိုင်ပြီဖြစ်ကြောင်း မဟာမြတ်မုနိဘုရားကြီး ဂေါပက အဖွဲ့က ပြောကြားသည်။
စစ်ကိုင်းမြို့တော်၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွင် ဟိုတယ်ဇုန်တစ်ခု ပါဝင်
စစ်ကိုင်းမြို့ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အဖြစ် အဆိုပြုရေးဆွဲသည့် မြို့ပြစီမံ ကိန်းပုံစံများတွင် ဟိုတယ်ဇုန် ပါဝင် ကြောင်း ယခုလ ၇ ရက်နေ့တွင် စစ် ကိုင်း မြို့၌ကျင်းပသော မြို့ပြစီမံကိန်းအ လုပ်ရုံဆွေးနွေးပွဲအရ သိရသည်။ အဆိုပြု စစ်ကိုင်းဟိုတယ်ဇုန်စီမံကိန်း ကို စစ်ကိုင်းမြို့နှင့် သမိုင်းဝင်ထင်ရှား သော မင်းကွန်းပုထိုးတော်ကြီးကြားရှိ လက်ပံရွာ ကမ်းနားလမ်းတွင် တည် ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
အနာဂတ်မန္တလေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်သွားမည်
မန္တလေးမြို့ ၇၈ ရှော့ပင်းမောလ်ရှိ ပရိုမိုရှင်း ဧရိယာတွင် အနာဂတ် မန္တလေး နှင့် အလုပ်အကိုင်အခွင့် အလမ်းခေါင်း စဉ်ဖြင့် ဦးဘုန်း (ဓာတု)က စက်တင်ဘာ ၃၀ ရက်တွင် ဆွေးနွေးပို့ချမည်ဖြစ်ပြီး..
အမရပူရမြို့နယ် အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိ
အမရပူရမြို့နယ်အတွင်းရှိ ရက်ကန်း လုပ်ငန်းရှင်များ၊ အထည်အလိပ်ရောင်း ၀ယ်ရေးလုပ်ငန်းရှင်များနှင့် ကုန်ကြမ်းပစ္စည်း ရောင်း ၀ယ်ရေး လုပ်ငန်းရှင်များ စုပေါင်းပြီး အထည်အလိပ် ရက်ကန်း လုပ်ငန်းရှင်များအသင်း အလုပ်အမှု ဆောင် အဖွဲ့ကို ယခုလ ၃ ရက် နေ့က စတင် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ပါတီတွင်း ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့များကို ဒီမိုကရေစီစနစ်အတိုင်း ဖွဲ့နိုင်ရန်တင်ပြထား
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံ လုံးဆိုင်ရာ ဗဟိုညီလာခံကို ကျင်းပသွား ရန် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အဆင့်မှ စ၍ မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်၊ တိုင်း ဒေသကြီး ညီလာခံအဆင့်ဆင့်အတွက် သက်ဆိုင်ရာညီလာခံ ကျင်းပရေး ကော်မ ရှင်အဖွဲ့များကို ဖွဲ့စည်း နေရာ ဒီမိုကရေစီ စနစ်အတိုင်း ဖွဲ့နိုင်ရန် ဒေါ်အောင်ဆန်း စုကြည်ထံ အကျိုးအကြောင်း တင်ပြထား ကြောင်း ပါတီဝင် အချို့က ပြောသည်။
ကုန်ကားကြီးများ သိမ်းယူခံခဲ့ရသောအမှုကို ပြန်လည် စစ်ဆေးပြီးလျော်ကြေးပြန်ပေးရန် နစ်နာသူတစ်ဦးက တောင်းဆိုထားဟုဆို
ပြီးခဲ့သော ၂၀၀၆ ခုနှစ်၊ မေလအတွင်းက
ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တရုတ်
ပည်မှ မြန်မာနိုင်ငံ အတွင်း သို့ ဓာတ်မြေ
ဩဇာများ တင်ဆောင်လာသော ကုန်တင်ယာဉ်ကြီး၊ ငယ် ၉၉ စီးကို ဖမ်းဆီးသိမ်း
ယူကာ ယာဉ်မောင်းနှင့် ယာဉ်နောက်
လိုက်များအား ထောင်ချခဲ့သော အမှုကို ပြန်လည်စစ်ဆေးပြီး လျော်ကြေးပြန်ပေး
ပါရန် အသနားခံ တောင်းဆိုထားကြောင်း သိရသည်။
ရွာများစွာ အားထားနိုင်မည့် ရွှေဆံနွယ်ဓမ္မဓရ ဆေးရုံကြီးဖွင့်မည်
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၊ ဆင်တဲကျေးရွာတွင် ရွာပေါင်းများစွာ မှီခိုအားထားနိုင်မည့် ရွှေဆံနွယ်
ဓမ္မဓရ ကုသိုလ်ဖြစ် ဆေးရုံကြီးဖွင့်လှစ်နိုင်
တော့မည်ဖြစ်ကြောင်း ဆေးရုံကြီး တည်
ဆောက်ရာတွင် ဦးဆောင်သူ ရွှေဆံနွယ် ဆရာတော် ဓမ္မဓရအရှင် ၀ါယမာနန္ဒက မိန့်ကြားသည်။
ရွှေဘိုမြို့အရှေ့ဘက် ကျောက်မြောင်းမြို့တွင် စီးပွားရေးအထူးဇုန်အတွက် အဆိုပြုထား
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အရှေ့ဘက် ၁၆ မိုင်အကွာရှိ ကျောက် မြောင်းမြို့ကို စီးပွားရေးအထူးဇုန်အဖြစ် တည်ဆောက် သွားရန် မြို့ပြဖွံ့ဖြိုးမှု စီမံ ကိန်းတွင် အဆိုပြုထားကြောင်း ယခုလ ၆ ရက်နေ့က ကျင်းပသော မြို့ပြဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲအရ သိရသည်။
ပဲဆီတစ်ပိဿာ ကျပ် ၅,၇၀၀ ဈေးထိဖြစ်လာ
ပြီးခဲ့သည့် ဩဂုတ်လလယ်မှစတင်၍ မြင့်တက်လာခဲ့သော ပဲဆီဈေးနှုန်းမှာ ယခုအခါ တစ်ပိဿာလျှင် ကျပ် ၄,၈၀၀ မှ ၅,၇၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ "ဩဂုတ်လလယ်လောက်ကတည်း က ပဲဆီဈေးက တက်သွားတာပါ။
စစ်ပြေးဒုက္ခသည် လေ့လာရန် ခွင့်ပြုချက်မရသေး
တရုတ်နိုင်ငံ နယ်စပ်ဒေသများ၌ ထွက်ပြေးခိုလှုံနေကြရသည့် ကချင် စစ်ပြေးဒုက္ခသည်များအား တရုတ် အစိုးရက ဩဂုတ်လ နှောင်းပိုင်းမှ စတင် ၍ ပြန်လည်စေလွှတ်နေသည်ဟူသော တိုင်ကြားချက်များအသီးသီး ရရှိသော်လည်း သွားရောက်လေ့လာရန် တရုတ် အစိုးရ၏ ခွင့်ပြုချက်မရရှိဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးများရုံး (UNHCR) ၏ ပြောရေးဆိုခွင့်ရှိသူ Ms. Vivian Tan က ပြောသည်။
ဖန်ပြွန်သန္ဓေသားရောဂါများ စစ်ဆေးနိုင်မည်
ဖန်ပြွန်သန္ဓေဆောင်ခြင်းဟု ခေါ်သည့် သန္ဓေသားရွှေ့ပြောင်း ကိုယ်ဝန်ဆောင် ရာတွင် သန္ဓေသားလောင်း၏ မျိုးရိုးဗီဇ ရောဂါများကို ကြိုတင်စစ်ဆေးနိုင်မည့် နည်းပညာသစ်ကို မြန်မာနိုင်ငံသို့ ပထမ ဆုံး စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။
ပတ်ဝန်းကျင်သန့်သန့်နေချင်သူတွေအတွက် မြို့လယ်က နှစ်ထပ်ခွဲတိုက်
ဒီတစ်ပတ်တော့ ပတ်ဝန်းကျင်သန့်သန့်
တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ နေရာ
ကောင်းမှာ နေချင်တဲ့သူတွေ အတွက်
မန္တလေးမြို့လယ် က နှစ်ထပ်ခွဲတိုက်အိမ်
လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
စီးပွားရေးလုပ်ငန်း လည်ပတ်နိုင်မှုပေါ်မူတည်နေသေးတဲ့ အိမ်ခြံမြေ
အိမ်ခြံမြေဈေးကွက် ငြိမ်သက်ခြင်း၊ လှုပ်ခတ်ခြင်းဟာ တခြားစီးပွားရေး လုပ်ငန်းတွေ ကောင်းစွာလည်ပတ် အလုပ်ဖြစ်ခြင်းအပေါ်မှာ လည်း အများ ကြီးမူတည်နေပါသေးတယ်လို့ ၀ါရင့် အိမ်ခြံမြေအကျိုးဆောင် တွေက သုံးသပ်
ပြောပါတယ်။
အအေးမိတုပ်ကွေးမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ကြဖို့
ရာသီဥတု အပြောင်းအလဲကာလတွေမှာ ကလေးငယ်တွေအပါအ၀င် လူအတော် များများမှာ အထူးသဖြင့် ခံစားရတတ်တဲ့ ရောဂါ ကတော့ အအေးမိတုပ်ကွေးရောဂါ ဖြစ်ပါတယ်။
လမ်းပိုင်းတစ်ခုကို ပြုပြင်ရုံဖြင့် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်
မန္တလေးမြို့ရှိ အဓိကလမ်းမကြီးများ တွင်ယာဉ်ကြောရှုပ်ထွေးမှုများ ဖြေရှင်း နိုင်ရန် အဆိုပါလမ်းမကြီးများကို အခြား လမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းပိုင်းတစ်ခုကို ပြန်လည် ပြုပြင်ရန် လိုအပ်နေကြောင်း မန္တလေးမြို့ခံများက သုံးသပ် ပြောဆိုသည်။
မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဖြင့် ကလေးသေဆုံးမှုနှုန်းကို ထိရောက်စွာလျှော့ချပေးနိုင်
မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း
နှင့် သင့်လျော်သော ဖြည့်စွက် စာကျွေး ခြင်းတို့ဖြင့် ကလေးငယ်များ သေဆုံးမှု နှုန်းကို ထိရောက်စွာ လျှော့ချပေးနိုင် သည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံ
ငွေအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဩဂုတ်
လအစောပိုင်းက ပြုလုပ်ခဲ့သော အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု သတင်းစာရှင်းလင်း ပွဲတွင်
ပြောသည်။
မန္တလေး၌ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီး အောင်မြေမန္တလာ ပြိုင်ပွဲရုံ၌ ကျင်းပမည်
မန္တလေးမှ လက်ဝှေ့ဝါသနာရှင်များ အတွက် သတ္တိပြောင်ပြောင်၊ ချွေးသွေးနဲ့ ရင်းပြဖို့ဝန်မလေးသူ ဖိုးကေ (ဧ၀ရက်)နှင့် အစွယ်ချွန်၍ နယ်ကျွံလာသော စိုးလင်း
ဦးတို့၏ အထူးလက်ဝှေ့စိန်ခေါ်ပွဲကို စက်တင်ဘာလ ၂၃ ရက်၊ ည ၇ နာရီ
တွင် မန္တလေး၊ အောင်မြေမန္တလာ
အားကစားပြိုင်ပွဲရုံ၌ ကျင်းပပြုလုပ်မည်
ဖြစ်သည်။
ကျော်ရင်မြင့် ၀တ္ထုတိုများ
'ပြောင်းလဲနေတဲ့ ခေတ်အချိန်အခါ ကာလမှာ မပြောင်းလဲနိုင်သေးတဲ့ လူ့ စရိုက်သဘာဝတွေကို ၀တ္ထုတိုထဲမှာ တွေ့ရလိမ့်မယ် မျှော်လင့် ပါတယ်'လို့ ဆိုထားတဲ့ စာရေးဆရာကျော်ရင်မြင့်ရဲ့ ၀တ္ထုတိုပေါင်းချုပ် စာအုပ်ဖြစ် ပါတယ်။
စာရေးဆရာ ကျော်ရင်မြင့်ဟာ ၀တ္ထု တိုအဖွဲ့ အနွဲ့မှာ စာဖတ်သူတွေအာရုံကို ဖမ်းစားနိုင်ခဲ့သူတစ်ဦး ဖြစ်သလို မဂ္ဂဇင်း မှာ သတင်းဆောင်းပါးတွေ ရေးသား လာ
ရာမှာလည်း ပရိသတ်တွေ နှစ်သက်
လက်ခံခဲ့ကြ ရတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။
