၂၅ ကြိမ်နှင့်အထက် သွေးလှူရှင်များအား ဂုဏ်ပြုပွဲကျင်းပ

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်က ၃၅ ကြိမ်မြောက်၊ ၂၅ ကြိမ်နှင့်အထက် သွေးလှူရှင်များဂုဏ်ပြုပွဲကို မြန်မာနိုင်ငံဆရာဝန်များအသင်း (မန္တလေး)၌ ဇန်န၀ါရီလ ၂၁ ရက်က ကျင်းပ ခဲ့သည်။

News 

ဆီနှင့်ဆီထွက်သီးနှံဆွေးနွေးပွဲ တိကျသည့်အဖြေနှင့်ဝေးဆဲ

နေပြည်တော် စီးပွားကူးသန်းဝန်ကြီး ဌာန၌ ဇန်န၀ါရီလ ၁၇ ရက်ကကျင်းပခဲ့ သော ဆီနှင့်ဆီထွက်သီးနှံဆိုင်ရာဆွေး နွေးပွဲသို့ မန္တလေးမြို့မှ တက်ရောက်ဆွေး နွေးခဲ့သော ဆီစက်ပိုင်ရှင်များအတွက် တွေ့ကြုံနေရသော အခက်အခဲ ပြဿနာ များဖြေရှင်းရန် တိကျသောအဖြေထုတ် နိုင်ရန်အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဆီစက်ပိုင်ရှင်များက ဆိုသည်။

News 

တီလားဗီးယား မွေးမြူစားသုံးခြင်း ဂရုပြုသင့်

တီလားဗီးယားငါး မွေးမြူခြင်းနှင့် စားသုံးခြင်းတွင် ကောင်းကွက်အချို့ ရှိနေသော်လည်း ဂရုပြုဆင်ခြင်ရမည့် အချက်များလည်း ရှိနေကြောင်း သုတေသန ပညာရှင်တစ်ဦးက ပြောသည်။

News 

ရတနာပုံဒိုင်းမွန်းပလာဇာမှ ဆိုင်ခန်းရှစ်ခန်း ပြန်ဖျက်သိမ်း

စာချုပ်ပါ သတ်မှတ်ပုံစံထက် ကျော်လွန်၍ ဆိုင်ခန်းရှစ်ခန်းကို ပိုမိုဆောက် လုပ်ထားသဖြင့် ရတနာပုံဒိုင်းမွန်းပလာဇာ စီမံကိန်းက အဆိုပါ ဆိုင်ခန်းများကို ပြန်လည်ဖျက်သိမ်းခဲ့သည်။

News 

နိုင်ငံခြားတင်ပို့မှု ကျဆင်းသောကြောင့် မန္တလေးမြို့၌ ငါးဈေးကွက်ပျက်

ငါး၊ ပုစွန်များကို နိုင်ငံခြားတင်ပို့နေသော ကုမ္ပဏီများ ပိတ်သိမ်းရပ်ဆိုင်း လိုက်သည့်အတွက် ပြည်တွင်း ငါးဈေးကွက်မှာ ကျဆင်းပြီး ဈေးကွက် ပျက်နေကြောင်း ငါးလုပ်ငန်းရှင်များထံမှ သိရသည်။

News 

ဆရာကြီး ဦးရာဇတ် ၁၁၄ နှစ်မြောက် အထိမ်းအမှတ်နေ့

အချိန်က ၂ နာရီ ထိုးခါနီး၊ နေ့ရက်က ဇန်န၀ါရီ ၂၀။ စာရေးသူ သွားတဲ့ နေရာက အမျိုးသားအာဇာနည် ခေါင်းဆောင် ဆရာကြီးဦးရာဇတ် ၁၁၄ နှစ်မြောက် အထိမ်းအမှတ်ပွဲ။ စာရေးသူ အနည်းငယ် နောက်ကျသွား တာ မှန်ပေမယ့် ပြောပလောက်အောင် နောက်ကျခြင်း မရှိခဲ့။ ပွဲကလည်း မစတင်သေး။

News 

ဆင်းကတ်တစ်ကတ် ငါးထောင်ဖြစ်ရင်ကွယ်

တစ်ခေတ်တစ်ခါက လက်ကိုင်ဖုန်းများ မျက်နှာပန်းပွင့်စဉ် အခါသမယကို ပြန်လည်သတိရမိသည်။ ၁၉၉၀ ပြည့်နှစ်ကျော်လောက် ဖြစ် နိုင်သည်။ ဟန်းဖုန်းကိုင်သော လူတန်းစား၊ ဖုန်းဝယ်သော လူတန်းစားသည် အနည်းအကျဉ်းမျှသာရှိသည်။

News 

အိန္ဒိယ-မြန်မာချစ်ကြည်ရေး လက်တွေ့ သရုပ်ပြရေးဆွဲ

အိန္ဒိယ-မြန်မာချစ်ကြည်ရေး မန္တလေး ပန်းချီအနုပညာရှင် ၂၀ ဦး၏ လက်တွေ့ သရုပ်ပြပန်းချီရေးဆွဲခြင်း အခမ်းအနားကို မန္တလေးမြို့၊ အိန္ဒိယကောင်စစ်ဝန်ချုပ် အိမ်တော်တွင် ဇန်န၀ါရီလ ၂၃ ရက်၌ ကျင်းပခဲ့သည်။

News 

မြောက်ဇာမရီ ကာကွယ်ရန် စီစဉ်လျက်ရှိ

ပဲခူးရိုးမ သာယာဝတီခရိုင်အတွင်းရှိ မြောက်ဇာမရီသစ်တောကြိုးဝိုင်း နယ်မြေကို တောဆင်ရိုင်းများအတွက် ဘေးမဲ့တောအဖြစ် ထိန်းသိမ်းကာကွယ် ရန်သစ်တောဦးစီးဌာနက စီစဉ်လျက်ရှိကြောင်းသိရသည်။

News 

သုခရိပ်မြုံ ပရဟိတဂေဟာသို့ ထောက်ပံ့လှူဒါန်း

မန္တလေးမြို့ရှိ လူမှုကူညီရေး အဖွဲ့အစည်း တစ်ခုဖြစ်သော ONE FOR ALL SOCIAL NETWORK အဖွဲ့က HIV ကူးစက်ခံ မိဘမဲ့ကလေးများ ကူညီစောင့်ရှောက်ရေး 'သုခရိပ်မြုံ' ပရဟိတဂေဟာ ဖြစ်မြောက်ရေး အဖွဲ့သို့ ယခုလ ၂၃ ရက်က အလှူငွေကျပ် ၉၂၀,၀၀၀ ပေးအပ်လှူ ဒါန်းခဲ့သည်။

News 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဗီဒီယိုလုပ်ငန်း ကော်မတီ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဗီဒီယို လုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၁)၊မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ ဌာနခွဲမှူး(လုပ်ငန်းစု) ဦးလှိုင်ဖြိုးသည် ပြည်နယ်ဗီဒီယိုလုပ်ငန်း ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်း စစ်ဆေးဆောင်ရွက် ခဲ့သည်။

News 

ပြင်ဦးလွင်က တစ်ထပ်တိုက်လှလှ

ပြင်ဦးလွင်မြို့ အနီးစခန်းမှာရှိပြီး ခေတ်မီ လှပတဲ့ တစ်ထပ်တိုက် တစ်လုံးကို ဖော်ပြ ပေးလိုက်ပါတယ်။ နေထိုင်ဖို့အတွက်သာမက အပန်းဖြေ အနားယူဖို့အတွက်ပါ ကောင်းမွန်တဲ့ ဘန်ဂလိုဆန်ဆန် ဒီတိုက်ကို ခြံဝင်း အကျယ်ပေ ၅၀၊ ပေ ၈၀ အတွင်းမှာ ဆောက်လုပ် ထားပါတယ်။

News 

ခေါ်ဈေးပိုမြင့်လာတဲ့ မနော်ဟရီလမ်း အိမ်ခြံမြေဈေးကွက်

မန္တလေးမြို့ရဲ့အရှေ့ပိုင်းမြို့သစ်ရပ်ကွက်ကြီးရဲ့ အရှေ့အနောက်သွား လမ်းတစ်လမ်းဖြစ်တဲ့ မနော်ဟရီ လမ်းပေါ်မှာ အရှေ့ပိုင်းကျတဲ့အိမ်ခြံမြေ အကွက်အကွင်းတွေကလည်း ခေါ်ဈေးတွေမြင့် တက်လာတယ်လို့ အိမ်မြေ အကျိုးဆောင်တွေက ပြောပါတယ်။ News