အမ်အေအိုင်က စီတာ၏အဆင့်မြင့် နည်းပညာရပ်များ အသုံးပြုသွားမည်

ယုယုမော်
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)

အမ်အေအိုင်နှင့် စီတာတို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူလက်မှတ်ရေးထိုးကြစဉ်။
ဓာတ်ပုံ - သီရိလူ

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်)သည် ကမ္ဘာ့ လေကြောင်း လိုင်းနည်းပညာပံ့ပိုးမှုကုမ္ပဏီဖြစ်သည့် စီတာ (SITA) နှင့် ပူးပေါင်း၍ အဆင့်မြင့်နည်းပညာများ စတင်အသုံးပြုသွားရန် သဘော တူညီခဲ့သည်ဟု လေကြောင်း လိုင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုး ပွဲကို ရန်ကုန်မြို့ကုန်သည်ကြီးများဟိုတယ်၌ အောက်တိုဘာလ ၂ ရက် နေ့က ကျင်းပခဲ့သည်။ ခရီးသည်နှင့် ခရီးဆောင်အိတ်များအား စီမံခန့် ခွဲမှု၊ လေဆိပ်စီမံခန့်ခွဲမှုများ၊ လေယာဉ်ဆက်သွယ်ရေးများနှင့် အဆင့် မြင့် ဆက်သွယ်ရေးများ အပါအ၀င် ခရီးသည်များအတွက် စရိတ်သက် သာပြီး ပိုမိုအကျိုးရှိစေမည့် နည်းစနစ်များဖြင့် လာမည့်သုံးနှစ်အတွင်း စတင် အသုံးပြုရန် စီစဉ်လျက်ရှိသည်။

"အမ်အေအိုင်ဟာ ဒေသတစ်လွှားမှာ အရေးပါတဲ့ ခရီးစဉ်တွေကို တိုးမြှင့်ချဲ့ ထွင်သွားမှာဖြစ်တဲ့အတွက် ခရီးသည်တွေနဲ့ လုပ်ငန်းမျှော် မှန်းချက်တွေရရှိဖို့ အတွက် အထိရောက်ဆုံးနည်းစနစ်တွေ ရဖို့က အရေးပါပါတယ်။ စီတာကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သူ့ရဲ့ သူမတူတဲ့ လုပ်ငန်းကျွမ်းကျင်မှုနဲ့ စိတ်ချ ယုံကြည်ရတဲ့ မှတ်တမ်းတွေကြောင့် အမ်အေအိုင်ရဲ့ နည်းပညာပိုင်းဆိုင်ရာ လက်တွဲ ဖော်ဖြစ်လာပါတယ်" ဟု အမ်အေ အိုင်လေကြောင်းလိုင်း၏ မန်နေဂျင်း ဒါရိုက်တာ ဦးစည်သူက အဆိုပါ အခမ်း အနားတွင်ပြောသည်။

စီတာ၏ လုပ်ဆောင်မှုများတွင် ကမ္ဘာ့ဆက်သွယ်ရေးများ၊အခြေခံ အဆောက်အအုံများနှင့် ကုမ္ပဏီပြင်ပ ၀န်ဆောင်မှုများကို စီမံခန့်ခွဲ ခြင်းများ အပါအ၀င် လေကြောင်းလိုင်းစီမံခန့်ခွဲမှု၊ ခရီးသည်အော်ပရေးရှင်းများ၊ ပို့ဆောင် ရေးနှင့် နယ်စပ်စီမံခန့်ခွဲမှု၊ လေကြောင်း ၀န် စည်စလယ်များ၏ အော်ပရေးရှင်း နှင့်အတူ အခြားဝန်ဆောင်မှုများပါဝင် သည်။

စီတာ၏ အာရှ -ပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ Mr Ilya GUTLIN ကလည်း အမ်အေအိုင်ကို လာမည့် ဆယ်စုနှစ်အတွင်း အာရှ၏ရှေ့ ဆောင် လေကြောင်း လိုင်းများထဲမှ တစ်ခုဖြစ်လာစေရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။