နေပြည်တော်၌် အစိုးရခေါင်းဆောင်များ တည်းခိုနိုင်မည့် အခန်းများလို
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)
နေပြည်တော်ရှိ ဟိုတယ်များ၌ အစိုးရအဖွဲ့ခေါင်းဆောင်များ အဆင့်မီမီတည်းခို နေထိုင်နိုင်မည့် Presidential Suite အခန်းများ ထည့် သွင်းတည်ဆောက်သွားရန် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်ကတိုက်တွန်းလျက် ရှိသည်။
နေပြည်တော်ရှိ ဟိုတယ်တိုင်း၌ လာမည့် အာဆီယံထိပ်သီးအစည်း အဝေးကဲ့သို့ နိုင်ငံတကာအစည်းအဝေးပွဲများကျင်းပရာတွင် တက် ရောက်လာမည့် အစိုးရအဖွဲ့ခေါင်းဆောင်များ တည်းခိုနိုင်မည့် Presidential Suite အခန်းနှစ်စုံစီ ရှိလျှင် အဆင်ပြေစွာ တည်းခိုနိုင် မည် ဖြစ်သည်။
နေပြည်တော်ရှိ ဟိုတယ်များ၌လုပ်ငန်းကျွမ်းကျင်သည့် ဟိုတယ်လုပ်ငန်းရှင်များရှိသကဲ့သို့ လုပ်ငန်းမကျွမ်းကျင်သည့် ဟိုတယ်လုပ် ငန်းရှင်များလည်း ရှိသည်။
ထို့ကြောင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်တစ်လုံးတွင် ရှိသင့်ရှိထိုက်သည့် အခန်းဖွဲ့စည်းပုံ အင်္ဂါရပ်များကို ထည့်သွင်းမစဉ်းစားဘဲ ဈေး ကွက်အခြေအနေအရ အခန်းရရှိ ရေးကိုသာ ဦးစားပေးဆောင်ရွက်နေသည်။
လုပ်ငန်းရှင်အချို့မှာလည်း ငွေ ရင်းနှီးမတည်မှု အခက်အခဲကြောင့်လည်း နိုင်ငံတကာအဆင့်မီအောင် ဆောင်ရွက် နိုင်ခြင်းမရှိဟု ပြည် ထောင်စုဝန်ကြီး ဦးဌေးအောင်က နေပြည်တော်ဟိုတယ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
ထို့ကြောင့် လက်ရှိတည်ဆောက်ပြီး ဟိုတယ်များနှင့် တည်ဆောင်ဆဲ ဟိုတယ်များ၌ အဆိုပါအခန်းများမဖြစ်မနေ ထည့်သွင်းတည် ဆောက်သွားရန် လိုအပ် ကြောင်း ပြည်ထောင်စုဝန်ကြီးက သုံးသပ် ပြောကြားသည်။
နေပြည်တော်သည် နိုင်ငံတကာ အစည်းအဝေးများ၊ပြပွဲများပြုလုပ် ကျင်းပသည့်နေရာ (M.I.C.E market) ဖြစ်သည့်အတွက် နိုင်ငံတ ကာမှ ကိုယ်စားလှယ်များ လာရောက်တည်းခို မည့်နေရာဖြစ်သည်။
ယခုအခါ နေပြည်တော်၌ Presidential Suite အခန်းပါဝင်သည့်ဟိုတယ်မှာ ဟိုတယ် ဇုန်(၁) တွင် ငါးလုံးသာရှိသေးသည်။ ထို့ကြောင့် မကြာမီကျင်းပမည့် နိုင်ငံတကာ အားကစားပြိုင်ပွဲသို့ တက်ရောက်မည့် အစိုးရအရာရှိကြီးများ တည်းခိုရာတွင် အခက်အခဲရှိလာနိုင် သည်ဟု နေပြည် တော်ရှိ Sky Palace ဟိုတယ်မှ မန်နေဂျာ ဦးသူရက ပြောကြားသည်။
"နေပြည်တော်က ဟိုတယ်ကြီးတွေ မှာတော့ ဒီအခန်းအမျိုးအစားရှိသင့်ပါ တယ်။ အထူးသဖြင့် မိုက်စ်ဈေးကွက် (M.I.C.E) အတွက် ရည်ရွယ်ထားတဲ့ ဟိုတယ်တွေ ရှိသင့်ပါတယ်။ ကျွန်တော် တို့လည်း Presidential Suite အခန်းထား ဖို့အတွက် ဆွေးနွေးနေပါ တယ်" ဟု ဦးသူရ ကပြောသည်။
နေပြည်တော်ဟိုတယ်ဇုန်သုံးခု၌ ဟိုတယ်ပေါင်း ၆၀ ရှိပြီး ဟိုတယ်ဇုန်(၃) ၌ ဟိုတယ်တည်ဆောက်ရန် အဆိုပြု ထားသူ ကုမ္ပဏီနှင့် လုပ်ငန်းရှင်ပေါင်း ၂၄ ဦးရှိပြီဖြစ်သည်။
