မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ကျင်းပ
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ သဲပန်းချီကား အရောင်း ဆိုင်ခန်းတစ်ခန်းကို တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) ကို ပထမဆုံး အကြိမ်အဖြစ် နေပြည်တော်မှာ ကျင်းပ မှုနဲ့အတူ မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အတွက် ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေ ထဲမှာ အဓိက အထောက်အပံ့ပေးမယ့် တာဝန်သိခရီးသွား လုပ်ငန်းပေါ်လစီ (Responsible Tourism Policy) ကို လည်း အတည်ပြုလွှဲ ပြောင်းပေးခဲ့ပါ တယ်။
ဒီပွဲကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Mr Ban Ki-moon၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) မှ အတွင်းရေးမှူးချုပ် Mr Taleb Rifai နဲ့ ဂျာမနီနိုင်ငံမှ Hanns Seidel Foun-dation မှ တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း သ၀ဏ်လွှာပေးပို့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် တာဝန်သိခရီး သွားလုပ်ငန်းပေါ်လစီဟာ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနဲ့ ဂျာမနီနိုင်ငံ Hanns Seidel Foundation တို့ ပူးပေါင်းကူညီဆောင်ရွက်မှုကြောင့် ယခုလိုပေါ်လစီတစ်ရပ် အတည်ပြု ထွက်ပေါ် လာရတာပါ။ ဒါကလည်း မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှု (public private partnership) ရဲ့ အကျိုးသက်ရောက်မှု တစ်ခုလို့ ပြောနိုင်ပါတယ်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဟာ နှစ်နှစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း သိသိသာသာ တိုးတက်ခဲ့ပြီးနောက် ခရီးသွားလုပ်ငန်းမှာ လိုအပ် တဲ့ ကဏ္ဍတွေဖြစ်တဲ့ ဟိုတယ်၊ လေကြောင်းလိုင်း စတာတွေကို တိုးချဲ့ရင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အလေးပေး ဆောင်ရွက်လာတာ ကို တွေ့ရမှာပါ။ မြန်မာနိုင်ငံရဲ့ တစ်ဟုန်ထိုးတိုးတက်လာတဲ့ ခရီးသွားလုပ်ငန်းနဲ့အတူ ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့အစည်း(UNWTO) နဲ့ ပြန်လည်ချိတ်ဆက်ပြီးနောက် ခရီးသွား လုပ်ငန်းဟာ ကမ္ဘာရေရှည်ဖွံ့ဖြိုးတိုးတက် မှုမှာ စွမ်းဆောင်ရည် အမြင့်ဆုံးကဏ္ဍ အဖြစ် ဦးဆောင်နေပါ တယ်လို့ အတွင်း ရေးမှူးချုပ် Mr Taleb Rifai ရဲ့ပြောကြား ချက်အရ သိရပါတယ်။
Mr Ban Ki-moon ပေးပို့တဲ့ ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ သ၀ဏ်လွှာမှာ 'ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ ခရီးသွားလုပ်ငန်းတိုးတက်မှုဟာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်နေပါတယ်' လို့ ဖော်ပြထားတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ရဲ့ အဓိက ဆိုလိုရင်း၊ အဓိကရည်ရွယ်ချက်က ခရီးသွားလုပ်ငန်းနဲ့ စွမ်းရည်ပြည့်ရေရှည် ဖွံ့ဖြိုးတိုးတက်မှု (Tourism & Sustainable Energy: Powering Sustain-able Development) ဖြစ်ပါတယ်။
တောက်ပတဲ့စွမ်းရည်ပြည့် အင်အားတွေ နဲ့ အဆင့်မြင့် ထိရောက်မှုရှိတဲ့ ၀န်ဆောင် မှု စွမ်းရည်တွေနဲ့အတူ ခရီးသွားလုပ်ငန်း ရေရှည် တည်တံ့ဖွံ့ဖြိုးစေဖို့အတွက်ပါပဲ လို့ ဆိုပါတယ်။ အခုလို ဒီလိုမျိုးကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့မှာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း တိုးတက် လာဖို့ အဆင့်တစ်ခုဖြစ်တဲ့ တာဝန်သိ ခရီးသွားလုပ်ငန်းပေါ်လစီကို အတည်ပြုခဲ့တဲ့အတွက် တန်ဖိုးရှိတဲ့ နေ့တစ်နေ့ဆိုလည်း မမှား ပါဘူး။ ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ကို ၁၉၈၀ ပြည့်နှစ် က စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်ပွဲကိုတော့ စပိန်နိုင်ငံ မက်စ်ပလိုမာစ့် မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
