အမေရိကန်အခြေစိုက်၊အဖိနှိပ်ခံစာရေးဆရာဆုကို စာနယ်ဇင်းဆရာ ဇော်သက်ထွေး ရရှိ

ဇွန်ပန်းပွင့်
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

Hellman-Hammett Grant Award ဆုရှင် ဇော်သက်ထွေး။

ကမ္ဘာတစ်ဝန်းက အဖိနှိပ်ခံစာရေးဆရာ တွေကို ရွေးချယ်ပြီးချီးမြှင့်တဲ့ Hellman- Hammett Grant Award ဆုကို ၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံမှ စာနယ်ဇင်း စာရေးဆရာ ဇော်သက်ထွေးက ရရှိခဲ့ပြီး အမေရိကန်နိုင်ငံ နယူးယော့ခ်ရှိ ဆုရွေးချယ်ရေးအဖွဲ့မှ စက်တင်ဘာလ ၁၄ ရက်နေ့က သူ့ဆီကို ဆုရကြောင်း အကြောင်း ကြားခဲ့တယ်လို့သိရပါတယ်။

"Hellman- Hammett Grant Award က နိုင်ငံတကာက အဖိနှိပ်ခံ စာရေးဆရာတွကို ရွေးချယ်ပြီးပေးတဲ့ ဆုပါ။ ကျွန်တော့ရဲ့ ဖိနှိပ်ခံခဲ့ရတဲ့ ဘ၀၊ ကြိုးပမ်းခဲ့ရတဲ့ အချိန်ကာလတွေကို အသိအမှတ်ပြုပေးတဲ့ ဆုကိုရတဲ့အတွက် ဂုဏ်ယူပါတယ်" လို့ ဆုရှင် ဇော်သက်ထွေးက မြန်မာတိုင်း(မ်)ကို ပြောပါ တယ်။

ဇော်သက်ထွေးရဲ့ စာပေရေးသား ခြင်းသက်တမ်း ၂၄ နှစ် အတွင်းမှာ ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ ဘောလုံးရသ ဆောင်းပါးတွေ ရေးသား ခဲ့ပြီး သူ့ရဲ့ ပထမဆုံးလုံးချင်းဝတ္ထု 'ကြမ်းတမ်းသော စစ်ပွဲနှင့် နူးညံ့ သောနှလုံးသား' ကို အောက်တိုဘာလမှာ စတင်ဖြန့်ချိတော့ မှာ ဖြစ်ပါ တယ်။

"ဒီဆုကို ၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံ မှ ဇာဂနာ ရရှိခဲ့ဖူးပါတယ်။ နှစ် ၂၀ ကြာမှ ကျွန်တော်ရတာပါ။ ဆုကို ကျွန်တော်တစ်ယောက်တည်း ရတဲ့ ဆုလို့ မသတ်မှတ်ဘဲနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖိနှိပ်ခံ စာနယ်ဇင်း သမား၊ စာရေး ဆရာများအားလုံးကို ရည်ညွှန်းပြီးပေးတဲ့ ဆုလို့လည်း ခံယူပါတယ်" လို့ ဇော် သက်ထွေးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဆုတစ်ဆုကို ဆု ကြေးငွေ ဒေါ်လာ ၆,၀၀၀ တန်ဖိုးရှိတဲ့ Hellman- Hammett Grant Award ရဲ့ ဖောင်ဒေးရှင်းကို အမေရိကန်ပြဇာတ် ရေးဆရာမ Lillian Hellman နှင့်ခင်ပွန်း နိုဘယ်ဆုရှင် Dashiell Hammett တို့က ၁၉၈၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာပါ။ အဖိနှိပ်ခံနိုင်ငံတွေမှ စာရေး ဆရာတွေကို ရွေးချယ်ဆုပေးဖို့ နယူး ယော့ခ်မြို့မှာ အခြေစိုက်တဲ့ Human
Rights Watch
အဖွဲ့ကို တာဝန်ပေးအပ် ခဲ့ပြီး အဆိုပါအဖွဲ့က ၁၉၈၉ ခုနှစ်မှ စတင်ခါ နှစ်စဉ်ဆုရွေးချယ်ပေးခဲ့တယ် လို့ သိရပါတယ်။

"ဒီဆုက အခြေအနေအရ လူသိရှင် ကြား အခမ်းအနားကို တက်ရောက်ပြီး ယူလို့မရတဲ့ ဆုရစာရေးဆရာတွေ ရှိခဲ့ ဖူးပါတယ်။ ကျွန်တော် ဒီဆုကို လူသိ ရှင်ကြား ယူမလား၊ တိတ်တဆိတ်ပဲ ယူမလားလို့ မေးပါတယ်။ ကျွန်တော်က ပတ်စ်ပို့ မရသေးတော့ အမေရိကန်ကို မလာနိုင်ပေမယ့် လူသိရှင်ကြားယူလို့ ရပါတယ်။ ဒီဆုကိုရတဲ့အတွက် ဂုဏ် လည်းယူတယ်။ သူတို့အနေနဲ့ ကျွန်တော် ဆုရကြောင်းကိုလည်း ကြေညာနိုင်ပါ တယ်လို့ အကြောင်းပြန်ကြားလိုက်ပါ တယ်" လို့ သူက ပြောပါတယ်။

ဇော်သက်ထွေး က ၁၉၈၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ထောင်သုံးကြိမ် ကျခဲ့ပြီး ထောင်တွင်းမှာ စုစုပေါင်း ၁၁ နှစ်ကြာ နေခဲ့ရပါတယ်။

"ထောင်ထဲမှာ ၁၁ နှစ်ကြာ နေခဲ့ရ ပေမယ့် စာပေရေးသားခြင်းကိုပဲ အသက် မွေးတဲ့အလုပ်တစ်ခုအနေနဲ့ လုပ်ချင်ခဲ့ ပါတယ်။ ထောင်ကနေ ထွက်လာတဲ့ အခါမှာလည်း ဂျာနယ်လုပ်ငန်းနဲ့ပဲ အသက်မွေးတယ်။ ထောင်ကျခဲ့တာ လည်း မီဒီယာလုပ်ငန်းကြောင့်ပဲ ကျခဲ့ တာပါ။ ဒါတွေအားလုံးက လွတ်လပ်စွာ စာပေရေးသားခွင့် ပျောက်ဆုံးနေတဲ့ အတွက်ကြောင့်ပေးတဲ့ ပြစ်ဒဏ်တွေပါ ပဲ" လို့ ဇော်သက်ထွေးက ပြောပါ တယ်။