စင်ကာပူလေကြောင်းလိုင်း အောက်တိုဘာလတွင် စတင်မည်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

စင်ကာပူ ချန်ဂီလေဆိပ်တွင် ဆိုက်ကပ်ထားသော စင်ကာပူ လေကြောင်းလိုင်းပိုင် လေယာဉ်များ။
ဓာတ်ပုံ - အေအက်ဖ်ပီ
စင်ကာပူလေကြောင်းလိုင်းသည် ခရီး သွားဧည့်သည် အသွားများ လာသည် အတွက် စင်ကာပူ-ရန်ကုန် တိုက်ရိုက် လေကြောင်းခရီးစဉ် ကို လာမည့်အောက် တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ နေ့စဉ် ပြေးဆွဲမည်ဟု လေကြောင်းလိုင်းက လွန်ခဲ့သည့်အပတ်က တရားဝင် ထုတ်ပြန်ကြေညာသည်။
အဆိုပါ တိုက်ရိုက်ခရီးစဉ်အား စင်ကာပူ လေကြောင်းလိုင်း၏ လေ ကြောင်းခွဲတစ်ခုဖြစ်သည့် ဆစ်ခ်အဲလေ ကြောင်းလိုင်းနှင့်အတူ ရန်ကုန်မြို့သို့ တစ်ပတ်လျှင် ၁၆ ကြိမ်ပျံသန်းပြေးဆွဲ သွားမည် ဖြစ်သည်။
ဆစ်ခ်အဲ လေကြောင်းလိုင်းသည် လက်ရှိ အဲဘတ်စ်အေ-၃၂၀ လေယာဉ် အမျိုးအစားဖြင့် တစ်ပတ်လျှင် ၁၆ ကြိမ် ပျံသန်းပြေးဆွဲ နေရာမှ ခရီးစဉ်ခုနစ်ကြိမ် အား ထပ်တိုးပေါင်းပြီး ခရီးသည် ၃၂၃ ဦးဆံ့ ဘိုးယင်း ၇၇၇-၂၀၀ လေယာဉ်ကြီး ဖြင့် စင်ကာပူလေကြောင်းလိုင်းမှ ပျံသန်း ပြေးဆွဲမည်ဖြစ်သည်။
ထို့သို့ လေကြောင်းလိုင်းနှစ်လိုင်း ပူးတွဲပြေးဆွဲခြင်းဖြင့် တစ်ပတ်လျှင် ခရီး သည် သယ်ဆောင်နိုင်မှုစွမ်းအား ၅၅ ရာခိုင်နှုန်း တိုးတက် လာမည်ဟု လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
"မြန်မာနိုင်ငံကို အပန်းဖြေ၊စီးပွားရေး ခရီးသွားဧည့်သည် အသွားများလာပါ တယ်။ဒါကြောင့်လည်း လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ဖို့ အတွက် စင်ကာပူလေကြောင်းလိုင်းအနေနဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ပျံသန်းပြေးဆွဲမှာဖြစ်ပါတယ်"ဟု လေကြောင်းလိုင်း၏ အလုပ် အမှုဆောင် ဒု-ဥက္ကဋ္ဌနှင့် ဆစ်ခ်အဲ လေကြောင်းလိုင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ မစ္စတာ Mak Swee Wah Mak Swee Wah က ပြောကြားသည်။
ထို့ပြင် လေကြောင်းလိုင်းအနေဖြင့် ဈေးကွက်အခွင့်အလမ်းသစ်များကို စဉ်ဆက်မပြတ် ကြည့်ရှုစစ်ဆေးလျက်ရှိရာ စင်ကာပူ လေကြောင်းလိုင်း စတင် လိုက်ခြင်းသည် ခရီးသွားဧည့်သည်များ အတွက် ထင်ရှားကျော်ကြားသော နေရာတစ်ခုဖြစ်သည့် မြန်မာနိုင်ငံသို့ အဆင်ပြေစွာ ခရီးသွားလာနိုင်စေ မည့်လိုအပ်ချက်များကို ဖြည့်ဆည်းပေး လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
