ဒုတိယအကြိမ် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် အောင်နွေထွေး အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုရရှိခဲ့
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

ဆုလက်ခံယူအပြီး ကျေးဇူးတင်စကား ပြောကြားနေတဲ့
ကိုအောင်နွေထွေး။
ဓာတ်ပုံ - ရတနာ

ဝဿန်ပွဲရောက် ကိုမင်းထင်ကိုကိုကြီးနှင့် ကိုမင်းကိုနိုင်။
ဓာတ်ပုံ - ဘူးသီး
'အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု - "Behind The Screen" (ပိတ် ကား၏ နောက်ကွယ်)' လို့ ကြေညာလိုက်တော့ ၀ဿန်ရုပ်ရှင်ပွဲတော် အခမ်းအနားကျင်း ပရာခန်းမထဲမှာ လက်ခုပ်သံတွေ ညံညံ စီသွား ပါတယ်။ ဇာတ်ကားကို ကြည့်ပြီး ပုံရတဲ့ ပရိသတ်တချို့ဆို ၀မ်းသာ အားရ နဲ့ မတ်တတ်ရပ်ပြီးတော့တောင် အားရပါးရ ဩဘာပေးလိုက် ကြပါတယ်။
ဝဿန်ရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်ကနေ ၉ ရက်နေ့ အထိ မဟာသန္တိသုခကျောင်းတော်ကြီးမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒုတိယ အကြိမ်မြောက်ကျင်းပနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်ဇာတ်ကားပေါင်း ၄၅ ကားထဲမှ ဆန်ခါတင်ကား ၂၀ ကို ရွေး ထုတ်ပြီး အကောင်းဆုံးဇာတ်ကား သုံးကားကို ရွေးချယ်ခဲ့ပါတယ်။
ဆုရမှတ်တမ်းကားကို ဖန်တီးသူဖြစ်တဲ့၊ကိုအောင်နွေထွေးဟာ ၁၉၆၀ ပြည့် နှစ်ဝန်းကျင်က အောင်မြင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်မိဘနှစ်ပါးရဲ့ အိမ်ထောင်ရေးလမ်းခွဲခဲ့ပုံအကြောင်းကို ရိုက်ကူးပြီး ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။
မိခင်ဖြစ်တဲ့ အကယ်ဒမီစမ်းစမ်းအေး (ရှုမ၀) နဲ့ ဖခင်ဖြစ်သူ မောင်ရင်ထွေးတို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားတွေထဲမှ ဇာတ်ဝင်ခန်းတွေကို ဖြတ်ညှပ်ထည့်ပြီး ဇာတ်ကားနောက်ကွယ်က ဖြစ်ရပ်မှန်တွေနဲ့ ပေါင်းစပ်ကာ သားတစ်ယောက်ရဲ့မျှော်လင့်ချက်ကို တင်ဆက် ပြသထားတာဟာ ပွဲတော်အမှတ်ပေးဒိုင်တွေနဲ့ ပရိသတ် တွေကို အမှတ်ပြည့် ဆွဲဆောင်နိုင်ခဲ့တာကြောင့် မှတ်တမ်းကား ကဏ္ဍအတွက် အကောင်းဆုံးဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
"ဒီမှတ်တမ်းရုပ်ရှင်ကိုရိုက်တာ ဒီ ၀ဿန်ရုပ်ရှင်ပွဲတော်အတွက် မဟုတ် ဘူး။ ဘယ်မှာမှပြဖို့လည်း မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက သားတစ်ယောက် အနေနဲ့ ခံစားခဲ့ရတဲ့အကြောင်းအရာတွေကို အမှန် အတိုင်း ရိုက်ကူးခဲ့တာပါ။ အမှန်အတိုင်းပြောရရင် မာမီ မဆုံးခင် အချိန်အထိ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ နောက် Yangon Film School မှာကျောင်းတက်ပြီးမှ မှတ်တမ်းရုပ်ရှင်ကိုရိုက်ဖို့ စိတ်ကူးရခဲ့ ပါတယ်"လို့ ကိုအောင်နွေထွေးက ဆု လက်ခံယူ အပြီးမှာ ပြောပါတယ်။
မိခင်ရော ဖခင်ပါသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေအပြင် မဂ္ဂဇင်းမျက်နှာဖုံးတွေနဲ့ ပို့စကတ်တွေကို ၂၀၀၇ ခုနှစ်က တည်းက စတင် စုဆောင်းခဲ့ပြီး မှတ်တမ်းကားကို လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကတည်း က စတင်ရိုက်ကူးခဲ့ခြင်းဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
"ကျွန်တော်တို့မိသားစုအကြောင်းကို ၂၀၀၉ ခုနှစ်မှာ YFS ကလုပ်တဲ့ ပြိုင် ပွဲတစ်ခုမှာ Fiction (စာမူ) ၀င်ပြိုင်တော့ ဆုရသွားတယ်။ အဲဒီအချိန်ကတည်းက စပြီး ဇာတ်ကားရိုက်ဖို့ ပြင်ဆင်ခဲ့တာပါ။ ကက်တလောက်မှာပြထားတဲ့ အမေ့ပုံ မှာ ဘေးနားကထိုင်နေတဲ့သူ (ခင်ပွန်းသည်ပုံ) ကို ညှပ်ထုတ်ထားတာကအစ အမေကိုယ်တိုင်လုပ်ခဲ့တာပါ။ ဘာမှ ပြန်ပြင်ခဲ့တာမရှိပါဘူး။ အဖေ့ကိုတော့ ခွင့်တောင်း ပြီး သူတစ်ယောက်တည်း နေထိုင်ရတဲ့ဘ၀ ပုံစံကို၊ ခြောက်ရက်လောက် ရိုက်ခဲ့ရပါတယ်" လို့ အပြုံးတွေ တဝေေ၀နဲ့ ကိုအောင်နွေထွေးက ပြော ပါတယ်။
နောက်ထပ် ဆုတစ်ဆု ဖြစ်တဲ့ အကောင်းဆုံးဇာတ်ကားတိုဆုကိုတော့ ဒါ ရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ မတွေ့တာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းသုံးယောက်အကြောင်းကို လျှို့ဝှက်ဆန်း ကြယ်ဆန်ဆန်တင်ပြထားတဲ့Time No See(မတွေ့တာကြာပြီ) ဇာတ်ကားက ဆွတ်ခူးသွားပါတယ်။
"ကျွန်တော်က ဇာတ်လမ်းကို အဓိက မစဉ်းစားဘူး။ Presentation ပေါ့။ ကိုယ်ဘာအသစ်တင်ပြနိုင်မလဲဆိုတာကို ဦးစားပေး လိုက် တာပါ။ ပုံမှန် စ၊ လယ်၊ ဆုံးမဟုတ်တဲ့ ပုံစံအသစ်ကို ကိုယ်တိုင်ဖန်တီးကြည့်ချင်တဲ့စိတ်နဲ့ ရိုက်ကူး ဖြစ်သွားတာပါ။ ဇာတ်ကားထဲမှာ အချိန်တွေက အရှေ့နဲ့အနောက် လွဲနေတာမျိုးပေါ့" လို့ သူ့ဇာတ်ကားအကြောင်းကို ကိုထူးပိုင်ဇော်ဦးက ပြောပြပါတယ်။
ဇာတ်ကားအစနဲ့အဆုံးကို ပရိသတ်က မခန့်မှန်းနိုင်သလို ဇာတ်ကားကနေ မက်ဆေ့ခ်ျမပေးထားဘဲ အနုပညာ အသစ်တစ်ခုကိုသာ ဖန်တီးခဲ့ပါတယ်ဆိုတဲ့ ကိုထူးပိုင်ဇော်ဦးက မမျှော်လင့်ဘဲ ဆုဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ဖော်မပြနိုင် လောက်အောင် ၀မ်းသာ ကြည်နူး မိတယ်လို့ သူ့ရဲ့ကျေးဇူးတင်စကားမှာ ထည့်ပြော သွားခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားတို့မှာ အလုပ်သွား လုပ်နေကြတဲ့ မွန်ပြည်နယ်က မိဘတွေနဲ့ ကျန်ရစ်ခဲ့ကြ တဲ့သားသမီးတွေ အကြောင်းကို ရင်နင့်ဖွယ်ရိုက်ကူးတင်ပြထားတဲ့ ဒါရိုက်တာ ဇော်နိုင်ဦးရဲ့ 'ပန်းမပွင့်သည့် ဥယျာဉ်' (Flowerless Garden) မှတ် တမ်းရုပ်ရှင်ကတော့ အကောင်းဆုံး တင်ပြမှုပုံစံအသစ်ဆုကို ရရှိခဲ့ပါတယ်။
"မှတ်တမ်းရုပ်ရှင်ဆုကို ကိုအောင်နွေထွေးလို့ ကြေညာအပြီးမှာ ကျွန်တော် ဒီနှစ်အတွက် ဆုမရနိုင်တော့ဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် အခုလိုရတဲ့ အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်" လို့ သူ့ဇာတ်ကားအမည်ကို ကြေညာလိုက်တဲ့အခါ လက်သီးလက်မောင်း တန်းပြီး ၀မ်းသာဝမ်းသာရဖြစ်ခဲ့တဲ့ ကိုဇော်နိုင်ဦးက ပြောပါတယ်။
ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်လာတဲ့ ဇာတ်ကားတွေရဲ့ အရည်အသွေးဟာ မနှစ်ကထက် ပိုမို တိုးတက်လာသလို တစ်ဦးတစ်ယောက်ထက် အသင်းအဖွဲ့ နဲ့ ကြိုးစားချင်တဲ့ဟန် ပိုများလာတယ်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ပန်းချီငြိမ်းချမ်းဆု (NCS) က ပြောပါတယ်။
"မနှစ်ကတော့ မြန်မာပြည်မှာ ပထမဆုံးရုပ်ရှင်ပွဲတော်ဆိုပြီး ၀ဿန်က စခဲ့တယ်။ နောက် လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော်၊ အခု ဒီနှစ် ၀ဿန်က မြန်မာနိုင်ငံ ရဲ့ရုပ်ရှင်ပွဲတော်တွေမှာ တတိယအကြိမ်မြောက် ဖြစ်လာတယ်ပေါ့။ အခုအကြိမ် မှာတော့ ပရိသတ်ကလည်း ရုပ်ရှင် ဆိုတာကို ကြည့်ရမယ်မှန်း၊ ပါဝင်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားရမှန်း သိလာတယ်။
ပိုအာရုံစိုက်လာတယ်။ဇာတ်ကားတွေကလည်း မနှစ်ကနဲ့ ယှဉ် လိုက်ရင် လက်ရာက ၅၀ ရာခိုင်နှုန်း တက်လာတယ်။ အသံ၊ ဇာတ်ညွှန်း၊ စာတန်းထိုးကအစ အုပ်စုလိုက်ပြင်ဆင် ကြတယ်။ တစ်ယောက်တည်းမဟုတ်ဘဲ Team Work စိတ်ဓာတ်တွေ ပါလာ တယ်" လို့ ပြောပါတယ်။
ပြိုင်ပွဲဝင်ဇာတ်ကားတွေကို မှတ်တမ်း ရုပ်ရှင်ကားအတွက် မိနစ် ၃၀ နဲ့ ဇာတ် ကားတိုအတွက် ၁၅ မိနစ်သတ်မှတ် ထားပြီး အားလုံး သတ်မှတ်ချက်ဘောင် ၀င်ခဲ့ပေမယ့် ပုံစံအသစ်နဲ့ တင်ဆက်တဲ့ ဇာတ်ကား နှစ်ကားသာ ရှိခဲ့တယ်လို့ လည်း ဆိုပါတယ်။
