ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားသည့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)
အေဒီ ၁၀ ရာစုမှ ၁၄ ရာစုအတွင်း တည်ဆောက်ခဲ့သော ရှေးဟောင်း အဆောက်အအုံပေါင်း ၃,၀၀၀ ကျော် တည်ရှိနေသေးသည့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင် ရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ယူနက်စကိုတို့ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေ သန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာနမှ သိရသည်။
ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း နှင့် ယူနစ်စကိုမှ ညွှန်ကြားရေးမှူးချုပ် HE Ms Irina Bokova တို့ ယခုလ ၇ ရက် နေ့တွင် တွေ့ဆုံခဲ့စဉ်က ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ စသော ပျူ မြို့ ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခြင်းကိစ္စနှင့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဆက်လက် တင်သွင်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြ ရာ ပုဂံယဉ်ကျေးမှုအမွေအနှစ် ထိန်း သိမ်းရေးလုပ်ငန်းနှင့်ပတ်သက်၍ လွန် ခဲ့သော နှစ်ပေါင်း ၂၀ ခန့်ကအထိ ယူနက် စကိုက ကူညီခဲ့ပြီး ယခုလည်း ကူညီ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဌာနညွှန်ကြားရေး မှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။
"ပျူရှေးဟောင်းမြို့သုံးမြို့ကို ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းဖို့အတွက် ဆောင်ရွက်နေတယ်။ ပုဂံဒေသကိုလည်း ဆက်လက် စာရင်းတင်သွင်းနိုင်ဖို့ ဆောင် ရွက်သွားမယ်။ တစ်ပြိုင်တည်းမှာပဲ ပုဂံ ကို Historical Park အဖြစ် အဆင့် တိုးမြှင့်သွားဖို့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမှာပါ"ဟု ဦးကျော်ဦးလွင် က ပြောသည်။
ထိုသို့ ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေး မှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန် နိုင်ငံတကာအထောက်အပံ့ ရရှိနိုင်ရေး အတွက် ယူနက်စကိုနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။
အလားတူ လွန်ခဲ့သောနှစ်ပေါင်း ၈၀၀-၁,၀၀၀ ခန့်က နံရံဆေးရေးပန်းချီ များ၊ အင်္ဂတေပန်းများ ရှေးဟောင်းစေတီ ပုထိုးများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ တည်ရှိနေသော ပုဂံဒေသကို ကမ္ဘာ့ယဉ် ကျေးမှုအမွေအနှစ်စာရင်းဝင်ရန် သတ် မှတ်စံချိန်စံနှုန်းများနှင့်အညီ ထိန်းသိမ်း ပြုပြင်မှုများကိုလည်း ပြည်တွင်း ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။
ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သွားပါက မြန်မာနိုင်ငံ သားများသာမက ကမ္ဘာ့ကပါ ပုဂံဒေသ ၏ ယဉ်ကျေးမှုအမွေအနှစ်များအား မပျောက်ပျက်အောင် ကာကွယ်ထိန်း သိမ်းကြရတော့မည်ဖြစ်သလို နိုင်ငံ အတွက် ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ညွှန်ကြား ရေးမှူးချုပ်က ပြောသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ၁၉၉၆ ခုနှစ်က ကမ္ဘာ့ယဉ် ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်း ရန် ဆောင်ရွက်ခဲ့သော်လည်း လိုအပ် ချက်နှင့် အခြားအကြောင်းများကြောင့် စာရင်းတင်သွင်းခြင်းကိစ္စမှာ ရပ်တန့်နေ ခဲ့ရသည်။
