နိုင်ငံသားပိုင် ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းများ ညှိနှိုင်း
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
တိုင်းရင်းသားပိုင် ဟိုတယ်များအနေဖြင့် ခရီးသွားလုပ်ငန်းများနှင့် စာချုပ်ချုပ်ဆို သွားမည်ဖြစ်ပြီး စာချုပ်ချုပ်ဆိုရာတွင် လိုအပ်သည့် အချက်အလက်များကို ခရီးသွားလုပ်ငန်းများနှင့် ညှိနှိုင်းဆောင် ရွက်သွားမည်ဟု မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင် ၀င်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြော ကြားသည်။
"ခရီးသွားလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်လုပ်ငန်းတွေဖြစ် တဲ့ကိစ္စမှာ ကျွန်တော်တို့လို ပြည်တွင်း ဟိုတယ် လုပ်ငန်းရှင်တွေပါ ပါလာတာပါ ပဲ။
ခရီးသွားလုပ်ငန်းတွေမှာလည်း သူတို့ ဘက်က အားနည်းချက်တွေလည်း ရှိနေ တာကို မပြောကြဘဲ တစ်ဖက်ကိုပဲ ဖိပြော နေသလို ဖြစ်နေပါတယ်။ ဟိုတယ်အမျိုးမျိုး ရှိတဲ့အတွက် အခန်းခတွေကလည်း မတူနိုင်သလို တူအောင်လည်း အတင်း လိုက်ညှိလို့ မရပါဘူး။
အခုခရီးသွား လုပ်ငန်းတွေအတွက် စာချုပ်ချုပ်ဆိုနိုင် မယ့် တိုင်းရင်းသားပိုင်ဟိုတယ်တွေ ရန်ကုန်မှာ ရှိပါတယ်" ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။
နိုင်ငံသားပိုင် ဟိုတယ်လုပ်ငန်းများက ယခုနှစ်တွင် ဟိုတယ်ခန်းများ ပြန်လည် ပြင်ဆင်ခြင်း၊ ဟိုတယ်များကို ပြန်လည် မွမ်းမံခြင်း စသည်ဖြင့် ပြုလုပ်နေကြ သည်။
ထို့ပြင် စာချုပ်ချုပ်ဆိုရာတွင် လိုအပ်သည့် အချက်များကို ပြန်လည် စိစစ်ထည့်သွင်းသွားမည်ဟု ရန်ကုန် ဟိုတယ်ဇုန်၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးတင်ဝင်းက ဆက်လက်ပြောသည်။
"ကျွန်တော်တို့ဘက်ကလည်း စာချုပ် ချုပ်တဲ့နေရာမှာ တစ်နှစ် နှစ်ကြိမ်စာချုပ် ပေးပါမယ်။ နောက်ပြီး စာချုပ်ပါ အခန်းခ ကိုတော့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး သဘော တူရင် ချုပ်ပါမယ်။
ဒါပေမယ့် ချေရမယ့်ငွေတွေကိုတော့ ဧည့်သည်အခန်းအပ်တဲ့အချိန်မှာ အကျေချေဖို့၊ အကြွေးမထားဖို့ လိုပါ တယ်။ တကယ်လို့ အဲဒီလိုသာ မဖြစ်ဘူး ဆိုရင် ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့က ဒီကိစ္စကို တာဝန်ယူဖြေရှင်းဖို့ လိုပါတယ်" ဟု ၎င်းကပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ Mr Suki Singh က ရန်ကုန်မြို့၌ တည်ရှိ သော ဟိုတယ်အခန်းအရေ အတွက်မှာ လက်ရှိဖြစ်ပေါ်နေသည့် ၀ယ်လိုအားကို ပြည့်မီနိုင်သော်လည်း အချို့ဟိုတယ်များမှာ နိုင်ငံခြားသားများတည်းခိုရန် လိုအပ် ချက်များရှိနေသည့်အတွက် အခန်း မလောက်ငခြင်းဖြစ်သည်ဟု သူက သုံးသပ်ပြောကြားသည်။
"သာမန်ဆိုရင် ဒီလိုအခန်းခတက် တဲ့ကိစ္စမှာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင် ရွက်ရမှာပါ။ ညှိနှိုင်းမှုတွေကလည်း တိတိ ပပ အဖြေထွက် မလာတော့ ၀န်ကြီးဌာန ကနေ လမ်းညွှန်ချက်ချမှတ်တဲ့အထိ အခြေအနေ ဖြစ်စေတာပါပဲ။ ကျွန်တော်တို့ လမ်းညွှန်ချက်အတိုင်း လိုက်နာရမှာပါ။
အခုလို ဟိုတယ်တွေနဲ့ ခရီးသွားလုပ်ငန်းတွေ ဖြစ်တဲ့ကိစ္စမှာ နောက်ဆုံးရလဒ်က နှစ်ဦးနှစ်ဖက်စလုံး ပြတ်သားတဲ့ဆုံးဖြတ်ချက် မရခဲ့ကြ ပါဘူး။ အခန်းခတက်တယ်ဆိုတာကလည်း ၀ယ်လိုအားနဲ့ ရောင်းလိုအား မမျှတ တာကြောင့်ပါ။ ဒါက စီးပွားရေးလုပ်တဲ့ သူတိုင်းသိပါတယ်"ဟု ၎င်းက သုံးသပ် ပြောကြားသည်။
နိုင်ငံသားပိုင်ဟိုတယ်အခန်းခများ တက်ရခြင်းမှာလည်း ရေမီတာ ၅၀ ရာခိုင် နှုန်းတိုးသွားခြင်း၊ ပြန်လည်ပြုပြင် မွမ်းမံမှု များပြုလုပ်နေ ရခြင်း စသည့် စရိတ်များ ကြောင့်လည်း ပါဝင်သည်။
သို့သော် ၀ယ်လိုအားနှင့် မျှတသည့် ဈေးနှုန်းများ ဖြင့်သာ သတ်မှတ်ရောင်းချလျက်ရှိပြီး လာမည့် ခရီးသွားရာသီအတွက် နိုင်ငံသားပိုင် ဟိုတယ်အချို့မှာ အခန်း တိုးချဲ့ခြင်း၊ ပြန်လည်အဆင့်မြှင့်တင်ခြင်း များပြုလုပ်လျက်ရှိသည်ဟု ယုဇနဂါးဒင်း ဟိုတယ်မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ကေသီနိုင်က ဆိုသည်။
မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာနမှ ဟိုတယ်များ ၏ အခြေခံအခန်းခကို အမေရိကန် ဒေါ်လာ ၁၅၀ ထက် မကျော်စေရန်နှင့် ခရီးသွားလုပ်ငန်းများနှင့် စာချုပ်ချုပ်ဆို ရန် လမ်းညွှန်ချက်ချမှတ်ပြီးသည့်နောက် ခရီးသွားလုပ်ငန်းအချို့ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်ဟု သိရသည်။
