လေယာဉ်ပေါ်က ရှေ့နေတွေ

သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

ခရီးသည်တင် လေယာဉ်တစ်စင်းဟာ ပျံသန်းနေစဉ် စက်ချို့ယွင်း သွားပြီး အရေးပေါ်ဆင်းသက်မှု ပြုလုပ်ရမှာ ဖြစ်တာကြောင့် ခရီးသည်တွေအားလုံး ထိုင်ခုံမှာထိုင်ပြီး ခါးပတ်ပတ်ထားကြဖို့ လေယဉ်မှူးက သူ့ဝန်ထမ်းတွေကတစ်ဆင့် ညွှန်ကြားလိုက်ပါတယ်။

မိနစ်အနည်းငယ်အကြာမှာ၊အားလုံးအဆင်သင့်ဖြစ်ပြီလားလို့ လေယာဉ်မှူးက မေးတဲ့အခါ

"သူတို့လိပ်စာကတ်ပြားတွေ လိုက်ပေးနေတဲ့ ရှေ့နေတွေကလွဲရင် အားလုံးနေရာမှာ အဆင်သင့်ပါပဲ ကပ္ပတိန်"လို့ ၀န်ထမ်းတွေက သတင်းပြန်ပို့လိုက်ပါတယ်။