ရော့ခ်ဂီတအဖွဲ့ Side Effect ရဲ့ ရန်ပုံငွေများ 'ကန်'ပိတ်ဆို့မှုစနစ် သက်ရောက်မှုကြောင့် ဆုံးရှုံးခဲ့ရ
ကိုယ်ပိုင်တေးစီးရီး ထုတ်ဝေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရော့ခ်တီးဝိုင်းအဖွဲ့ Side Effect ရဲ့ ၀က်ဘ်ဆိုက်လွှင့်တင်ပြီး ရန်ပုံငွေရှာဖွေတဲ့ ကြိုးပမ်း မှုဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့စီးပွား ရေးပိတ်ဆို့မှု စနစ်ရိုက်ခတ်မှု အောက်မှာ အရာမထင် ဖြစ်ခဲ့ရပါတယ်။
ဆေးစက်ရေးချက်ကားတွေနဲ့ ပန်းချီငွေဖြိုး တတိယမြောက်တစ်ကိုယ်တော်ပြပွဲကျင်းပမည်
ပန်းချီဆရာတွေဟာ မိမိတို့ရဲ့ကိုယ်ပိုင် ဟန်ရရှိဖို့ တစ်မျိုးပြီးတစ်မျိုး ဆန်းသစ် ဖော်ထုတ်လာနေချိန်မှာ ဆေးစက် တွေကို ကင်းဗတ်စပေါ် တစ်စက်ချင်းစီချပြီး ကိုယ်တင်ပြချင်တဲ့အရာကို ရုပ်လုံးပေါ်အောင် စုတ်ချက်တွေအစား စုတ်တံနဲ့ အစက်ကလေးတွေချပြီး အနုစိတ်ဖန်တီး ထားတဲ့ ရေးနည်းကို ပန်းချီငွေဖြိုးက သူ့ရဲ့ဟန်အနေနဲ့ ရေးဆွဲပြီး တစ်ကိုယ် တော်ပြပွဲလေး ပြသမှာပါ။
မစ္စမြန်မာ ၂၀၁၂ အတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်နေ
Myanmar Tourism Board က ကြီးမှူးပြီး Myanmar Tourism Services Co., Ltd (MTS) က စီစဉ်တဲ့ Miss Myanmar 2012 ရွေးချယ်ပွဲကြီးကို မတ်လ ၂၅ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်တာကြောင့် ပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်နေပါပြီ။
အဆိုတော် ယုန်လေးရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ
'လိုက်ခဲ့တော့'နဲ့ 'အိမ်မပိုင်ရင် ဂေါ်လီမလုပ်နဲ့'ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးနှစ်ခု ထွက်ရှိထားပြီဖြစ်တဲ့ ဟစ်ပ်ဟော့အဆိုတော် ယုန်လေးကတော့ သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဇန်န၀ါရီလ ၂၉ ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ညနေ ၅ နာရီကနေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
တစ်သက်တာစာပေဆုနှင့် စည်သူဘွဲ့ရ ဆရာကြီးဦးသော်ကောင်းနှင့်တွေ့ဆုံခြင်း
အငြိမ်းစား စာကြည့်တိုက်မှူး၊ စာရေးဆရာ၊ ဒေါက်တာ ဦးသော်ကောင်း ဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ အမျိုးသားစာပေဆု ချီးမြှင့်ပွဲမှာ တစ်သက်တာစာပေဆု ဂုဏ်ပြုချီးမြှင့် ခံခဲ့ရပြီး ဒီနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)မှာလည်း စည်သူဘွဲ့ထပ်မံ ချီးမြှင့်ခံရတာကြောင့် စာပေခရီးရှည်ကြီးကို ပျော်ရွှင်စွာ လျှောက်လှမ်းနေတဲ့ ဆရာကို မြန်မာတိုင်း(မ်)မှအကြီးတန်း
သတင်းထောက် ဇွန်ပန်းပွင့် ကတွေ့ဆုံ အင်တာဗျူးထားပါတယ်။
၃၃ နှစ်ပြည့် ဂီတမှတ်တိုင်ကို ပတ္တမြားရတုစီးရီးတွေနဲ့ အဆိုတော်ဖြူသီ စိုက်ထူလိုက်
ထူးခြားတဲ့ အသံပိုင်ရှင်ဖြစ်ပြီး ကြားလိုက်တာနဲ့ကို 'သူ'ပဲလို့ တန်းသိနိုင်တဲ့ အသံပိုင်ရှင်ဟာ အဆိုတော်ဖြူသီ ပါပဲ။ ပရိသတ်ရှေ့ လုံးဝမထွက်ဘဲ သီချင်းတွေ သီဆိုခဲ့တာ နှစ်သုံးဆယ်ကို သုံးနှစ် စွန်းခဲ့ပြီဖြစ်တဲ့ အဆိုတော်ကြီးက အမှတ်တရအထိမ်းအမှတ်အဖြစ် ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ 'ပတ္တမြားရတု တေးစု(၁)နဲ့(၂) တေးစီးရီးတွေကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။
နိုင်ငံကိုးနိုင်ငံက ပြဇာတ်ပညာရှင်တွေပါဝင်တဲ့ အနုပညာပွဲတော် ကျင်းပမည်
နိုင်ငံကိုးနိုင်ငံမှ ပြဇာတ်ပညာရှင်များ ပါဝင်တဲ့ ခေတ်ပြိုင်ပြဇာတ်နဲ့ အနုပညာ တင်ဆက်မှုပွဲတော် (International Festival of Contemporary Theatre & Performance) ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ကနေ ၁၁ ရက် နေ့အထိ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပမှာ ဖြစ်ပါတယ်။
အကယ်ဒမီ ပဟေဠိ အဖြေညှိကြမယ်
မကြာမီ ကျင်းပတော့မယ့် ရင်ခုန်ဖွယ်ရာ အကယ်ဒမီထူးချွန်ဆု ပေးပွဲကြီးမှာ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဂီတဆုတွေကို ဘယ်ဇာတ်ကားနဲ့ ဘယ်အနုပညာရှင်တွေ ရရှိမလဲဆိုတာ မြန်မာတိုင်း(မ်) စာဖတ်ပရိသတ်တွေ ခန့်မှန်းအဖြေညှိလိုက်ကြရ အောင်လား ...။
ကျန်းမာရေးကောင်းလာပြီမို့ အနုပညာလောကထဲ ပြန်ဝင်မယ့် ရှာရွန်စတုန်း
ဦးနှောက်တွင်း သွေးမတိတ်တဲ့ ဝေဒနာခံစားနေရတဲ့ ရှရွန်စတုန်းက နေပြန်ကောင်းလာပြီမို့ မိခင်တစ်ဦးရဲ့
တာဝန်တွေအပြင် ဟောလိဝုဒ် လောကထဲကိုလည်း ပြန်သွားဖို့ အသင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။
ပထမဆုံး ရိုက်ကူးတဲ့ ဇာတ်ကားနဲ့ ဂျိုလီ ဒါရိုက်တာဆုချီးမြှင့်ခံရ
ပြီးခဲ့တဲ့ စနေနေ့ညက ကျင်းပခဲ့တဲ့ (၂၃)ကြိမ်မြောက်ရုပ်ရှင်ထုတ်လုပ်သူ များအစည်းအရုံးဆုချီးမြှင့်ပွဲမှာ အင်ဂျလီ နာဂျိုလီဟာ သူ ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးတဲ့ "In the Land of Blood and Honey" ဇာတ်ကားနဲ့ ဒါရိုက်တာဆု Stanley Kramer Award ကို ချီးမြှင့်ခံခဲ့ရပါတယ်။
sherlock Holmes: A game of shadows
ဒါရိုက်တာ ဂိုင်းရစ်ချီရဲ့ စုံထောက်ရှားလော့ဟုမ်း ဇာတ်ကားသစ် Sherlock Holmes: A game of shadows ဟာ အရင်မူရင်း ဇာတ်ကားတွေထက် နည်းနည်းလေးသာ ပိုကောင်းလာပေမယ့် ၀င်ငွေကတော့ ကောင်းခဲ့ပါတယ်။
ဘီးတဲလ်အဖွဲ့ဝင်ဟောင်း ပေါလ် ဂရမ်မီပွဲမှာ တင်ဆက်မည်
ဘီးတဲလ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ပေါလ် မက်ကာတနေဟာ Coldplay ၊ Rihanna ၊ Foo Fighters ၊ Bruno Mars ၊ Nicki Minaj ၊ Taylor Swift တို့နဲ့အတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ လော့စ်အိမ်ဂျလိစ်က Staples စင်တာ မှာပြုလုပ်မယ့် ၅၄ ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲမှာ ပါဝင်တင်ဆက်ပေးမယ်လို့ ပွဲစီစဉ်သူတွေက ကြေညာခဲ့ပါတယ်။
နိုင်ငံခြားဧည့်သည်အ၀င် ၂၀၁၁ ခုနှစ်တွင် ထပ်မံစံချိန်တင်
၂၀၁၁ ခုနှစ် တစ်နှစ်လုံးတွင် မြန်မာ
နိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်
ဝင်ရောက်မှုမှာ ယခင်က စံချိန်သစ်တင်
ဝင်ရောက်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်က
ထက် ၂၀ ရာခိုင်နှုန်းကျော် ပိုမိုများပြားခဲ့ကာ စံချိန်သစ် ထပ်မံတင်နိုင်ခဲ့သည်ကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း
ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နိုင်ငံ
ခြားဧည့်သည်အ၀င် စာရင်းအရ သိရှိ
ရသည်။
