ဝက်ခြေထောက်ပေါင်း

သဲသဲထွေး
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

ဒီဟင်းလျာကို ဖိုးစိန်လမ်းထဲမှာ ဖွင့်လှစ်ထားတဲ့ Kruwa Namtip Thaifood Restaurant က ပံ့ပိုးပေး ထားပါတယ်။

ဒီတစ်ပတ် အလုပ်မရှုပ်ဘဲ အရသာရှိရှိ ချက်စားနိုင်တဲ့ ၀က်ခြေထောက် ပေါင်း လုပ်စားကြမယ်။

ပါဝင်ပစ္စည်းများ

ဝက်ခြေထောက်၊

ငရုတ်ကောင်း ခရုဆီ၊

ပဲငံပြာရည်အကြည်နဲ့ အနောက်၊

သကြား၊ ကြက်ဥ၊ သစ်ကြံပိုးခေါက်၊ကိုက်လန်၊နံနံပင်။

ပြုလုပ်နည်း

သန့်စင်ပြီး စိတ်ကြိုက်အရွယ်တုံးထားတဲ့ ၀က်ခြေထောက်ကို ပေါင်းအိုးထဲ စီထည့်ပြီး ခရုဆီ၊ သကြား၊ ငရုတ်ကောင်း၊ ပဲငံပြာရည်အကြည်နဲ့ အနောက်၊ သစ် ကြံပိုးခေါက်တွေ ထည့်ပါ။

နောက်ဆုံးမှ ရေကိုဝက်သားမြှုပ်တဲ့အထိ ထည့်ပြီး အဖုံးလုံအောင်ပိတ်ကာ မီးမပြင်းပဲ ပေါင်းပါ။

နှစ်နာရီလောက်တည်ပြီးပြီ ဆိုရင် ၀က်သားနူးအိလာပြီမို့ အရသာ မြည်းကာ မီးဖိုပေါ် ကချလို့ရပါပြီ။

ဟင်းပွဲ ပြင်မယ်ဆိုရင် ပန်းကန်ပြားထဲ ၀က် ခြေထောက်ပေါင်းကို စားနိုင်သလောက် ထည့်ပြီးအပေါ်က နံနံပင်လေးအုပ်လိုက်ကာ ပါးပါးလှီးထားတဲ့ကြက်ဥပြုတ်၊ ရေနွေး ဖြောထားတဲ့ ကိုက်လန်တို့နဲ့ တွဲဖက် ကာ သုံးဆောင်နိုင်ပါပြီ။