လက်ရွေးစင်အသင်း ဂျာစီ စပွန်ဆာ စာချုပ်ချုပ်

ကျော်ဇင်လှိုင်
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)

BUMIBOLA တာဝန်ရှိသူမှ လက်ရွေးစင်နည်းပြအဖွဲ့ဝင် ဦးတင်မြင့်အောင်အား အမှတ်တရအင်္ကျီ ပေးအပ်နေစဉ်။
ဓာတ်ပုံ - ကျော်ဇင်လှိုင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မလေးရှားနိုင်ငံအခြေစိုက် BUMIB- OLA အားကစားဝတ်စုံကုမ္ပဏီတို့၏ နှစ်ဦး နှစ်ဖက်သဘောတူ စပွန် ဆာစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို အောက်တို ဘာလ ၂ ရက် နေ့က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် BUMIBOLA ကုမ္ပဏီတို့သည် ၂၀၁၅ ခုနှစ်အထိ သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ကြပြီး BUMIBOLA ကုမ္ပဏီသည် မြန်မာ အမျိုးသား လက်ရွေးစင်အသင်းနှင့် အမျိုးသမီးလက်ရွေးစင်အသင်းသာမက လာမည့် ၂၀၁၃ ဆီးဂိမ်းတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ယူ-၂၃ မြန်မာဘောလုံး အသင်းကိုလည်း ကူညီပံ့ပိုးပေးသွားမည် ဟု သိရသည်။

BUMIBOLA ကုမ္ပဏီသည် မြန်မာလက်ရွေးစင်ဘောလုံးအသင်း ၀တ် ဆင်ကစားမည့် အားကစားဝတ်စုံများကို အဓိက ကူညီပံ့ပိုးသွားမည် ဖြစ်ပြီး ကျန် အားကစားပစ္စည်းများကိုလည်း ကူညီ ပံ့ပိုးသွားမည်ဟု သိရသည်။

မြန်မာ အသင်းအတွက် LOTTO အမှတ်တံဆိပ် အားကစားဝတ်စုံများ ကို လာမည့် ဆူဇူကီးဖလားခြေစစ်ပွဲများမှစ၍ BUMIBOLA ကုမ္ပဏီကကူညီပံ့ပိုးပေး သွားမည်ဖြစ်ပြီး ဒိုင်လူကြီးများ၏ ၀တ်စုံ များကို လည်း စီစဉ်ပေးသွားမည်ဟု သိရသည်။ အဆိုပါ LOTTO အမှတ် တံဆိပ် မြန်မာအသင်း အားကစား ၀တ်စုံများ၏ မူရင်းတန်ဖိုးမှာ တစ်ထည်လျှင် အမေရိကန်ဒေါ်လာ ၄၀ ဖြစ်ပြီး မြန်မာအသင်းပရိသတ်များအတွက် ဒေါ်လာ ၂၀ ဖြင့်ဈေးလျော့ရောင်းချပေး သွားမည် ဟုသိရသည်။