လီဗာပူးရဲ့ အမှောင်နေ့ရက်တွေ လွန်ပြီလား
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

လီဗာပူးရဲ့ မှောင်မိုက်တဲ့နေ့ရက်တွေက တော့ စိတ်ပျက်စရာပါ။ ဘင်နီ တက်ဇ် အလွန် လီဗာပူးဟာ ရွိုင်းဟော့ဆန်၊ ကင်နီဒဲလ်ဂလစ်ရှ်၊ ဘရန် ဒန်ရော်ဂျာ ဆိုပြီးပဲ့ကိုင်သူတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲ လိုက်တာ ကြိုးကြာနီတွေ နာလန်မထူနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။
ဒီအထဲမှာ ဘရန်ဒန်ရော်ဂျာကတော့ သမိုင်းမှတ်တိုင်သစ်ကြီး နှစ် ၁၀၀ အတွင်း အဆိုးရွားဆုံး ရာသီသစ်စတင်မှု ဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို ရရှိနေ ခဲ့ပြီဖြစ်ပါတယ်။
ဗန်ပါစီရဲ့ ပင်နယ်တီဂိုးဝင် သွားပြီးမှာတော့ ၁၉၁၁-၁၂ ရာသီနောက် ပိုင်း ပထမဆုံးအကြိမ် ရမှတ်အနည်းဆုံး နှစ်မှတ်စံချိန်ဖြစ်သွား ပြီး တန်းဆင်းဇုန်ထဲကို ရောက်သွားရတဲ့ အဖြစ်က မှောင်မိုက်တဲ့နေ့ရက် တွေရဲ့ အဆုံးသတ်ဖြစ်ဖို့ အရေးကြီးလိုအပ်နေ ခဲ့ပြီဖြစ်ပါတယ်။
မန်ယူနဲ့ပွဲမှာ လီဗာပူးတို့ ကံဆိုးချက် ကတော့ ကမ်းကုန်အောင်ပါပဲ။ လီဗာပူး ဟာ အနိုင်ရတဲ့ မန်ယူထက် ကစားပုံ သာလွန်ကောင်းမွန်ခဲ့ တဲ့ပွဲပါ။ ဖာဂူဆန် ကတောင် သူ့အသင်းရဲ့ အရမ်းညံ့တဲ့ ပွဲလို့ ၀န်ခံသွား အောင် လီဗာပူးကောင်း ခဲ့ပါတယ်။ ဒါပေမယ့် တစ်ယောက် အထုတ်ခံရတယ်။ ပင်နယ်တီအပေးခံရ တယ်။ မန်ယူဂိုးသမား လင်ဒီဂတ် လက်စွမ်းပြတယ်ဆိုတဲ့ အချက်တွေက လီဗာပူးကံဆိုးဖို့ဖြစ်ခဲ့ရတာတွေပဲဖြစ်ပါ တယ်။

လူးဝစ်ဆွာရက်ဇ်
ပရီမီယာလိဂ် ပွဲဦးထွက်မှာ ၀က်စ်ဘရွန်းကို ၃-၀ နဲ့ ရှုံးတော့ နောက်တန်း က အဂ္ဂါအထုတ်ခံရပြီး ဂိုးပြတ်နဲ့ ရှုံးခဲ့သလို အခုတစ်ခါ မန်ယူပွဲမှာ ရှက်ဗ် လီ အထုတ်ခံရပြီး ၂-၁ နဲ့ ရှုံးခဲ့ပြန်တော့ လီဗာပူးရဲ့ Discipline ကို ဘရန် ဒန်ရော်ဂျာအနေနဲ့ သုံးသပ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
ငါးပွဲကစား အပြီးကို ပြန်ပြောင်းကြည့်လိုက်ရင် လီဗာပူးဟာ အိမ်ကွင်းမှာ သုံးပွဲကစား ထားပြီး ကစားရတဲ့အသင်းတွေက မန်စီးတီး ၂-၂၊ အာဆင် နယ် ၂-၀(ရှုံး)၊ မန်ယူ ၂-၁ (ရှုံး)ဆိုတဲ့ ရလဒ်တွေကို တွေ့ရမှာပါ။
ဒီသုံးပွဲမှာ လီဗာပူးဟာ မန်စီးတီးကို အနိုင်ရသင့်ခဲ့တာပါ။ ၁-၀ နဲ့ ဦး ဆောင်ခဲ့ပြီး ၁-၁ သရေကျခဲ့ကာ ၂-၁ နဲ့ ထပ်ပြီး ဦးဆောင်နိုင်တာကို နောက်တန်းသမား စကာတယ်ရဲ့ အဆင်အခြင်မဲ့ နောက်ပြန်ပေး ဘော လုံးကြောင့် သရေကျသွားခဲ့တာက လီဗာပူးအတော့ ကို နစ်နာသွားတဲ့ ပွဲဖြစ်ပါတယ်။
ဒီပွဲဟာ ရှေ့ဆက်မယ့်ပွဲအတွက် အတက်အကျ ဖြစ်သွားစေခဲ့တာပဲဖြစ် ပါတယ်။ အာဆင်နယ်ကို ၂-၀ နဲ့ ရှုံးတဲ့ပွဲကတော့ လီဗာပူး ပြောစရာမရှိ ခဲ့တဲ့ ကစားပုံ ညံ့ခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က မန်ယူနဲ့ပွဲအရှုံး ကျတော့ တကယ်လို့သာ ရှက်ဗ်လီအထုတ်မခံရဘူးဆိုရင် အခုလို ရှုံး ချင်မှရှုံးမှာပါ။ ဒီပွဲမှာ လီဗာပူးရဲ့ ကစားပုံ တော်တော်လေးကောင်းခဲ့တဲ့ ပွဲပဲဖြစ်ပါတယ်။
ပင်နယ်တီကတော့ အငြင်းပွားစရာလို့ ဆိုချင်ဆိုနိုင်ခဲ့ပါ တယ်။ ဒီသုံးပွဲမှာ တကယ်တမ်းဆို လီဗာပူးဟာ ခြောက်မှတ်၊ ဒါမှမဟုတ် လေးမှတ်ရနိုင် ခြေရှိခဲ့တဲ့ပွဲတွေပဲဖြစ်ပါ တယ်။ တခြားရှုထောင့်ကကြည့်ရင် လီဗာပူးဟာ အိမ်ကွင်းသုံးပွဲဆက်တိုက် အသင်းကြီးတွေနဲ့တွေ့ကာ ပွဲကျပ်ကစား ခဲ့ရတာက ဘရန်ဒန်ရော်ဂျာ နာမည် ပျက်ဖို့ ဖြစ်လာ ခဲ့ရတာပဲ ဖြစ်ပါ တယ်။
ဒီလိုအသင်းကြီးသုံးသင်းနဲ့ ဆက်တိုက် ကစားရတဲ့အဖြစ်မျိုး အခြားအ သင်းတွေမှာ မရှိခဲ့ ပါဘူး။ ဒီလိုအသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့မှုဟာ ခန့်မှန်းရခက်တဲ့ အခြေအနေမျိုးပဲဖြစ်ပါတယ်။ အဝေး ကွင်းနှစ်ပွဲက ၀က်စ်ဘရွန်းနဲ့ ဆန်းဒါးလန်းပွဲတွေပါ။ ဒီနှစ်သင်းဟာ သူတို့ရဲ့ အိမ်ကွင်းပွဲတွေမှာ အဓိက အမှတ်တွေ ယူပြီး ပရီမီယာလိဂ်မှာ ရပ်တည် နိုင်ဖို့ ပြင်ဆင်ထားလေ့ရှိတဲ့အသင်းတွေပဲဖြစ် ပါတယ်။ ၀က်စ်ဘရွန်းပွဲက ပရီမီယာလိဂ် အစပွဲဖြစ်ပြီး ဆန်းဒါးလန်းကို သရေ ကစားနိုင် သလိုမျိုး ကစားသင့်ခဲ့တဲ့ပွဲပဲ ဖြစ်ပါတယ်။
အဝေးကွင်းနှစ်ပွဲမှာ ၀က်စ်ဘရွန်းကို ရှုံးခဲ့တဲ့ပွဲသာ ပြောစရာဖြစ်ခဲ့ပြီး ဆန်းဒါးလန်းပွဲမှာ သရေရအောင် ကန်နိုင်တာက မဆိုးဘူး လို့ဆို ရမှာပဲဖြစ် ပါတယ်။ ဒါပေမယ့် ပွဲတွေကစားရတဲ့ အနေအထားကို ကောင်းကောင်း မလေ့လာဘဲ လီဗာပူးကို ၀ိုင်းဝန်းအပြစ် တင်နေတာ တွေက ပွဲကစားရမှုနဲ့ယှဉ် လိုက်ရင် သွေဖည်မှုတွေရှိနေတာ သေချာနေခဲ့ပါတယ်။
လီဗာပူးညံ့တယ် ဆိုရင်တောင် အရမ်းကြီးမညံ့ဘူးလို့ပဲ ဆိုချင်ပါတယ်။ အခုတော့ ပွဲကျပ်ခရီးတစ်ခုကနေ လွန်မြောက်လာခဲ့ပါပြီ။ လာ မယ့်အပတ် မှာ နော်ဝစ်ခ်ျပွဲကစပြီး ဘရန်ဒန်ရော်ဂျာ ဟာ ဘယ်လောက်စွမ်းဆောင်ပြမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။ ဒီကာလ ဟာ ဘရန်ဒန်ရော်ဂျာကို ဝေဖန်ရတော့ မယ့်ကာလပဲဖြစ်ပါတယ်။
နော်ဝစ်ခ်ျ ပွဲဟာ လီဗာပူးရဲ့ နေ့သစ်တစ်ခုမွေးဖွား တဲ့ ပွဲစဉ်တစ်ခုပဲဖြစ်ပါတယ်။ နွေရာသီ အပြောင်းအရွှေ့ကာလပိတ်ချိန်မှာ အင်ဒီကာ ရိုးလ်ကို ၀က်စ်ဟမ်းကို အငှား နဲ့ပို့ပြီးတဲ့နောက်မှာ ဒမ်ဆေးကို မခေါ်နိုင်ခဲ့တဲ့ အဖြစ်အပျက်က လီဗာပူးအသင်း တာထွက်မှာ ယိမ်းယိုင် သွားစေတဲ့ အချက်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။
ဒီ အဖြစ်အပျက်အပေါ်မှာ မန်နေဂျာ ဘရန်ဒန်ရော်ဂျာထက် အမေရိကန် ပိုင်ရှင် ဟင်နရီတို့အုပ်စုအပေါ်မှာပဲ တာဝန်ရှိခဲ့တာကလည်း လီဗာပူးရဲ့ အတွင်းရေးပြဿနာတစ်ခုဖြစ်နေခဲ့ပါ တယ်။ အခုတော့ ဟင်နရီ တို့ဟာ ဒေ့ဖ် ဖဲလိုး၊ ဘယ်ရီ ဟန်တားဆိုသူ တွေ ကို Scouting ဒါရိုက် တာတွေအဖြစ် ခန့် အပ်ပြီး လာမယ့် ဇန်န ၀ါရီ အပြောင်း အရွှေ့ ဈေး ကွက်မှာ ကစား သမား သစ်တွေ ၀ယ်နိုင်ဖို့ အတွက် ကစားသမား ရှာဖွေရေး စတင်နေ ပြီဖြစ်ပါ တယ်။
ဇန်န၀ါ ရီ မရောက် ခင်ကာလ အထိ တော့ လီဗာပူး တိုက်စစ်က အားလျော့နေတာ တော့ သေချာနေခဲ့ပါ တယ်။ တိုက်စစ်မှာ လူးဝစ် ဆွာရက်ဇ်နဲ့ ဘိုရီနီနှစ်ယောက်ပဲ ရှိနေခဲ့ပြီး ဘရန်ဒန်ရော်ဂျာ အနေနဲ့ နောက်ထပ် တိုက်စစ်မှူး တစ်ယောက်ထပ်သုံးမယ်ဆိုရင် လီဗာပူး လူငယ်ထဲက ကစားသမားတွေ ကိုပဲ သုံးဖို့ရှိပါတော့တယ်။
ဘရန်ဒန် ရော်ဂျာဟာ လီဗာပူးလူငယ်အသင်းက စတာလင်၊ ရှက်ဗ်ဗီတို့ကို ခေါ်ယူသုံးစွဲ လျက်တော့ရှိနေခဲ့ပါတယ်။ မန်ယူနဲ့ ပွဲအပြီး မှာတော့ ဘရန်ဒန်ရော်ဂျာဟာ ကစားသမားဒဏ်ရာရရှိမှုဆိုတဲ့ ထိုးနှက် ချက်တစ်ခုနဲ့တော့ ထပ်မံကြုံတွေ့သွား ခဲ့တာတွေ့ရပါတယ်။ တိုက်စစ်က ဘိုရီနီ၊ နောက်တန်းက ကယ်လီနဲ့ အဂ္ဂါတို့ ဒဏ်ရာတွေရသွားတာပါ။
ဘိုရီနီရဲ့ ဒဏ်ရာက နှစ်ပတ်လောက်နားရမှာ ဖြစ်ပြီး နောက်တန်းညာအစွန်သမား ကယ်လီရဲ့ ဒဏ်ရာက ကာလရှည်ဒဏ်ရာ လို့သိရ ပါတယ်။ အဂ္ဂါရဲ့ဒဏ်ရာက လည်း တစ်လလောက်နားရမယ့်ဆိုတဲ့ အတွက်တော့ ပြဿနာလို့ ယူဆရပါ တယ်။ ဒါပေမယ့် ကယ်လီရဲ့ နေရာ မှာ အင်းနရစ်ဝင်လာမှာဖြစ်ပြီး အဂ္ဂါရဲ့နေရာကို ကာရေဂါ၊ ဒါမှမဟုတ် ဆီဘက်ရှန်ကို တက်စ်တို့ရှိနေတဲ့ အတွက် ပြဿနာ မကြီးထွားပါဘူး။
တိုက်စစ်မှာ ဘိုရီနီ မရှိရင် လူးဝစ် ဆွာရက်ဇ် တစ်ယောက်ပဲရှိတဲ့အတွက်တော့ ပြဿနာရှိနိုင်ပါတယ်။ ဒီကြားထဲမှာ ရှက်ဗ်ဗီက သုံးပွဲ ပယ်ခံထားရလို့ အသင်း က အားနည်းသွားမယ်လို့ ယူဆစရာဖြစ် နေခဲ့ပါတယ်။ ဒီဒဏ်ရာရမှုအခြေအနေ တွေကြောင့် ဦးစားပေး နေရာ ပျောက် နေတဲ့ဆာဟင်၊ ဟင်ဒါ ဆင်၊ ဒေါင်းနင်း၊ အင်းနရစ်၊ ဆီဘက်ရှန်ကိုတက်စ်တို့ ဟာ နေရာရလာနိုင်ပြီး အသင်းရဲ့ အနေ အထားက လည်း အပြောင်းအလဲဖြစ် လာဖွယ်ရှိနေခဲ့ပါတယ်။
"ကျွန်တော်တို့ ကစားတဲ့ပွဲတွေ ကို ကြည့်မယ်ဆိုရင် အာဆင်နယ်ပွဲက လွဲရင် ကျန်တဲ့ပွဲတွေကို အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ယူဆမယ်ထင်ပါ တယ်။ Luck လိုနေလို့ပါ။ လာမယ့်ပွဲတွေမှာ ဂိုးတွေအများကြီးသွင်းနိုင် မယ်လို့ထင်ပါတယ်"လို့ လီဗာပူး နောက်တန်း မှ ဂလင်းဂျွန်ဆင်က ပြောဆို သွားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ လီဗာပူးဟာ ရမှတ်နှစ်မှတ်နဲ့ တန်းဆင်း ဇုန်ထဲကို ရောက်နေပေမယ့် မှောင်မိုက် တဲ့နေ့ရက်တွေဟာ မန်ယူကို ရှုံးပြီးတဲ့ နောက်မှာ အဆုံးသတ်သွားပြီလို့ မျှော်လင့်ရင်း တောက်ပတဲ့နေ့တွေကို တမ်းတနေမိပါရဲ့။
