အက်ဖ်အေ၏စစ်ဆေးမှု တယ်ရီ ရင်ဆိုင်ရပြန်
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

ဇူလိုင်လအတွင်းက အက်ဖ်အေ၏စွဲချက်အား ဖြေရှင်းရန် တရားရုံး သို့ တယ်ရီရောက်ရှိလာစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
လန်ဒန် - အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီသည် ရာဇ ၀တ်ပြစ်မှုတစ်ခုတွင် အပြစ်မရှိလွတ်ခဲ့ပြီး ဖြစ်သော်လည်း တနင်္လာနေ့ က လူမျိုးရေး ခွဲခြားဆက်ဆံမှုဖြင့် အက်ဖ်အေ၏ကြားနာစစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရသည်။
ကြားနာစစ်ဆေးမှုမှာ အောက်တိုဘာလတုန်းက ကွင်းပါ့ခ် ရိန်းဂျား (ကျူပီအာရ်)မှ အန်တန်ဖာဒီနန်အား လူမျိုးရေးခွဲခြားသော ရုန့်ရင်း ကြမ်းတမ်းသော စကားများပြောခဲ့၊ မပြောခဲ့ဟူသည်ကို စစ်ဆေးကြား နာ မည့်အမှုဖြစ်သည်။
ဤကြားနာစစ်ဆေးမှုမှာ အက်ဖ်အေ၏ သူ့အပေါ် ဆက်ဆံမှုကို ကန့် ကွက်သည့်အနေဖြင့် အင်္ဂလန်အသင်းတွင် လက်ရွေးစင် ဘောလုံးသ မား အဖြစ် ပါဝင်ကစားခြင်းမှ အနားယူတော့မည်ဟု တယ်ရီကြေညာ ပြီး နောက်တစ်ရက်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
တယ်ရီက သူ့အားရာဇ၀တ်ပြစ်မှုဖြင့် စွဲဆိုထားခြင်းမှ ကင်းကင်းရှင်းရှင်းဖြစ်သွားပြီးဖြစ်သည်ကို အက်ဖ်အေက သူ၏အသင်းခေါင်း ဆောင်ရာထူး တာဝန်တွင် မရပ်တည်နိုင်အောင် ပြုလိုက်ခြင်းဖြစ် သည်ဟု တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ သို့ရာတွင် သူသည် ချယ်လ်ဆီးအသင်းတွင်ကား ဆက်လက်ကစား သွားမည်ဟု ပြောသည်။
အက်ဖ်အေအတွင်းရေးမှူးချုပ် အလက်စ်ဟုမ်းကမူ "ဒါကတော့ သူ့ရဲ့ပုဂ္ဂလိက ဆုံးဖြတ်ချက်ပဲ။ သူ့ရာထူးမှာ မရပ်တည်နိုင်အောင် ကျွန် တော်တို့ လုပ်နေတယ်ဆိုတဲ့ အချက်ကတော့ လုံးဝမဟုတ်ပါဘူး။ ဒီကိစ္စနှစ်ခုက သီးခြားကိစ္စတွေပါပဲ"ဟု စကိုင်းစပို့ကို ပြောသည်။
တယ်ရီသည် သူ့အပေါ်စွဲဆိုထားသည့် လူမျိုးရေးခွဲခြားမှုကို အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီးဖြစ်သောလည်း ယခု အက်ဖ် အေ ၏ပြန်လည်ကြားနာ စစ်ဆေးမှုနှင့် ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။
(အေအက်ဖ်ပီ)
