ပရိသတ်အကြိုက် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပမည်
ထွန်းနေအောင်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)
အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး၍ VICTORY Myanmar Group Co.,Ltd နှင့် T & T Group တို့ စီစဉ် ကျင်းပသော MANDALAY RUMBLING INTERNATIONAL CHALLENGE မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ယခုလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ယင်းစိန်ခေါ်ပွဲကြီးတွင် လေးချီ စိန်ခေါ်ပွဲ နှစ်ပွဲနှင့် ငါးချီစိန်ခေါ်ပွဲ ခြောက်ပွဲ စုစုပေါင်း ပွဲစဉ်ရှစ်ပွဲ ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်သည်။
ငါးချီစိန်ခေါ်ပွဲများအနက် နှစ်ပွဲမှာ နိုင်ငံခြားသား ကစားသမားများနှင့် ထိုးသတ်သွားမည်ဖြစ်သည်။
မြန်မာပြည် ချန်ပီယံဟောင်း လုံးချောမှာ နယူးဇီလန် နိုင်ငံသား ERUA DRUCE နှင့် ယှဉ်ပြိုင် မည်ဖြစ်ပြီး တွေ့မရှောင်မှာ ယူဂန္ဓာ နိုင်ငံသား အရှေ့အာဖရိကချန်ပီယံ UMAR နှင့် ထိုးသတ်မည်ဖြစ်သည်။
