တက္ကသိုလ် အားကစား သမားဟောင်း များအသင်း ဖွဲ့စည်းမည်

ဝင်းလွင်အောင်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

တက္ကသိုလ် အားကစားသမားဟောင်း များအသင်းဖွဲ့ရန်အတွက် ဖြစ်မြောက် ရေးကော်မတီကို ပြီးခဲ့သည့် စက်တင် ဘာလ ၉ ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

တက္ကသိုလ်အားကစားသမားဟောင်း ကြီးများ၏ သာရေး၊ နာရေးကိစ္စနှင့် တက္ကသိုလ် အားကစား (အထူးသဖြင့် ဘောလုံး)ပြန်လည် တိုးတက်ဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သည့် ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးစိုးမြင့် (မြန်မာ့လက်ရွေးစင် ဘောလုံးသမား ဟောင်း)၊ အတွင်းရေးမှူးအဖြစ် ဦးဇော် မြင့် (လက်ရွေးစင် ဘောလုံးသမား ဟောင်း)တို့ကို တာဝန်ပေးအပ်ခဲ့သည်။

ထို့ပြင် တက္ကသိုလ်အားကစားသမား ဟောင်းများအသင်း ဖြစ်မြောက်ရေး ကော်မတီသို့ တက္ကသိုလ်အားကစား သမားဟောင်းများ အလှူငွေများ ပေးအပ် ခဲ့ကြောင်းလည်း သိရှိရသည်။