နှစ်နှစ်ဆက်တိုက် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေး ဖလားကို ရယူနိုင်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်

ကျော်ဇင်လှိုင်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

ရန်ကုန်ယူနိုက်တက်အသင်း ဆုဖလားရယူပြီးနောက် အောင်ပွဲခံနေစဉ်။

မြန်မာနေရှင်နယ်လိဂ် ၂၀၁၂ အမှတ်ပေး ပြိုင်ပွဲကြီး၏ ပွဲစဉ်(၂၆)အဖြစ် ရန်ကုန် ယူနိုက်တက်အသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီတွင် သုဝဏ္ဏ အားကစား ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ ကြသည်။

အဆိုပါပွဲသည် ရန်ကုန်ယူနိုက်တက် အသင်းအတွက် နောက်ဆုံးပွဲစဉ် ဖြစ်သလို ချန်ပီယံဖြစ်ရန်အဆုံးအဖြတ် ပေးမည့်ပွဲတစ်ပွဲဖြစ်သော ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းပရိသတ် အများအပြားလာ ရောက်အားပေးခဲ့ သည်ကိုတွေ့ရသည်။

ထူးခြားချက်အနေ ဖြင့် ယနေ့ပွဲကိုထိုင်းနိုင်ငံမှ ကွင်းလယ် ဒိုင်နှင့် စည်းကြပ်ဒိုင်များက တာဝန်ယူ ကိုင်တွယ်ခဲ့ကြောင်းသိရသည်။

ရန်ကုန် နှင့်ရင်ဆိုင်တွေ့ရသော ဧရာဝတီ ယူနိုက် တက်အသင်းသည် လည်း တောင့်တင်း သောအသင်းတစ်သင်းဖြစ်သောကြောင့် ပွဲမစတင် ခင်ကတည်းက ပရိသတ်များ ၏ စိတ်ဝင်စားမှုခံရသော ပွဲဖြစ်သည်။

ရန်ကုန်နှင့် ချန်ပီယံဆုကိုအပြိုင်လုရ မည့် ကမ္ဘောဇအသင်းကလည်း ဇွဲကပင် ယူနိုက်တက်အသင်းကို ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သောကြောင့် ယခုပွဲမစခင် အထိ အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်နေခဲ့ သည်။

ယခုပွဲကိုရန်ကုန် အနေဖြင့် အနိုင်မရခဲ့လျှင် ချန်ပီယံဆုကို ကမ္ဘောဇအသင်းထံသို့လွှဲပေးရမည်ဖြစ် သည်။

သို့သော် ရန်ကုန်ယူနိုက်တက် အသင်းသည် ဧရာဝတီအသင်းကို ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သောကြောင့် အမှတ်ပေးချန်ပီယံဆုကို နှစ်နှစ် ဆက် တိုက်ရယူနိုင်ခဲ့ပြီး ကမ္ဘောဇအသင်း သည်လည်း ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

ရန်ကုန်ယူနိုက်တက်အသင်း၏ တိုက်စစ်မှူးများသည် အကောင်းဆုံး ခြေစွမ်းပြသခဲ့ပြီး ပထမပိုင်းမှာပင် လေးဂိုး ပြတ်ဖြင့် အနိုင်ရ အောင်စွမ်းဆောင်နိုင် ခဲ့သည်။

အထူးသဖြင့် ရန်ကုန်ယူနိုက် တက် တိုက်စစ်မှူးကြည်လင်းနှင့် ဆီဇာ တို့သည် အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည်။ ရန်ကုန် ယူနိုက်တက်အတွက် ဦးဆောင်ဂိုးများကို ၁၁ မိနစ်၊ ၁၈ မိနစ်နှင့် ၂၅ မိနစ်တို့တွင် ကြည်လင်းက သွင်းယူခဲ့ပြီး ၃၁ မိနစ်တွင် တိုက်စစ်မှူးဆီဇာက ပင်နယ်တီမှ တစ်ဆင့် သွင်းယူပေးခဲ့သည်။

ယခုပွဲတွင် ဧရာဝတီယူနိုက်တက်အသင်းကစား သမားများ အကောင်းဆုံးပုံစံအောက် ရောက်နေခဲ့သည်ကိုတွေ့ရသည်။ ဒုတိယ ပိုင်းတွင် လေးဂိုးပြတ်နိုင်နေသော ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ကို ထိန်းကစားခဲ့ပြီးပွဲကို ဦးဆောင်နိုင်ခဲ့ သည်။

ဧရာဝတီယူနိုက်တက်အသင်း သည် ယခုပွဲကိုရှုံးနိမ့်ခဲ့သော်လည်း အဆင့်(၅) နေရာတွင် ရပ်တည်နိုင် ခဲ့သည်။ ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက် ကျင်းပခဲ့ပြီး ပထမရရှိခဲ့သော ရန်ကုန် ယူနိုက်တက်အသင်းကို မြန်မာနေရှင် နယ်လိဂ်ဖလားနှင့် ဆုငွေကျပ်သိန်း ၁,၀၀၀ ကို ချီးမြှင့်ခဲ့သည်။

ဒုတိယ ရရှိခဲ့သော ကမ္ဘောဇအသင်းကို ငွေကျပ် သိန်း ၇၅၀၊ တတိယရရှိသော ရတနာပုံ အသင်းကို ငွေကျပ်သိန်း ၅၀၀၊ စတုတ္ထ ရရှိ သော ဇေယျာရွှေမြေကို ငွေကျပ်သိန်း ၃၀၀ အသီးသီး ချီးမြှင့်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ယခုနှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ခြင်းကြောင့် မြန် မာနေရှင်နယ်လိဂ်ပြိုင်ပွဲသမိုင်းတွင် ရတနာပုံ အသင်းကဲ့သို့ နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲသည့်စံချိန်ကို ရယူနိုင်ခဲ့ပြီဖြစ် သည်။