ပဏာမမြန်မာ့လက်ရွေးစင် ကစားသမား ၂၆ ဦးရွေးချယ်

အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

စက်တင်ဘာလ ၁၁ ရက်နေ့တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို ကစားသမား ၂၆ ဦးဖြင့် ရွေးချယ်ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

သို့သော်လည်း စင်ကာပူနှင့် ခြေစမ်းပွဲပြီးတွင် ယခုရွေးချယ်ထားသော ကစားသမားများထဲမှ တစ်ဦးကို ချန်လှပ်ကာ ကစားသမားဦး ၂၅ ဦးဖြင့်သာ ဂျပန်နိုင်ငံသို့ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင်အသင်း ကို ယခင်က ကစားသမား ၃၁ ဦးဖြင့် ရွေးချယ်ဖွဲ့စည်းထားခဲ့ပြီး ဂျပန်ပူးတွဲ လေ့ကျင့်ရေးခရီးစဉ် ကို ကစားသမား ၂၆ ဦးကိုသာ ရွေးချယ်ခေါ်ယူသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါကစားသမားများထဲတွင် ယခင်က မပါဝင်ခဲ့သော မနောမြေ အသင်းမှ ညီညီမင်း၊ ဧရာဝတီယူနိုက်တက် ကွင်းလယ်လူမင်းမင်း သူ နှင့် ဒဏ်ရာကြောင့် ကာလရှည်အနားယူ နေရသည့် ဇေယျာရွှေမြေအသင်းမှ တိုက်စစ်မှူး ကျော်ကိုကိုတို့ကို ရွေးချယ် ခေါ်ယူခဲ့ သည်။

မြန်မာအသင်းသည် ဂျပန်နိုင်ငံသို့ စက်တင်ဘာလ ၁၇ ရက် နေ့တွင် ထွက်ခွာမည်ဖြစ်ပြီး စက်တင် ဘာလ ၂၀ ရက်နေ့မှ စတင်ခါ ဂျပန်ရှိ ကလပ်အသင်းပေါင်း ငါးသင်းနှင့် ခြေစမ်းပွဲများ ကစားသွားမည်ဖြစ် ကြောင်းသိရှိရသည်။