ယူရို ၂၀၁၂ ပြိုင်ပွဲက အီတလီရဲ့ခြေစွမ်းကို ပြန်မြင်ရမယ်
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)
စကော့တလန် - ဆားဘီးယား
စကော့တလန်အနေနဲ့ အရေးပါတဲ့ သီတင်းပတ်ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဥရောပဇုန်
ခြေစစ်ပွဲအစမှာပဲ စကော့တလန်ဟာ အိမ်ကွင်း ပွဲကို နှစ်ပွဲဆက်တိုက် ကစားရမှာ
ဖြစ်လို့ပါ။
စကော့ကွင်းရောက်ရင် စပိန်၊ ပြင်သစ်၊ အီတလီတို့လိုအသင်းကြီးတွေတောင် အခက် တွေ့ကြလို့ ခြေပုံမှန်မရှိတဲ့ ဆားဘီးယားကစားရခက်မယ့်ပွဲဖြစ်ပါ တယ်။ စကော့တလန် နိုင်ပွဲစတင်ရရှိပါလိမ့်မယ်။
ဝေးလ် - ဘယ်လ်ဂျီယံ
ဝေးလ်နည်းပြ ကိုးလ်မင်းလက်ထက်မှာ ကစားအားတက်လာခဲ့ခြင်းမရှိပါဘူး။
ကာဒစ်၊ ဆွမ်ဆီးကလပ်ကစားသမားတွေကို အမာခံ ထားတည်ဆောက်ထားတဲ့
ဝေးလ်ဟာ အိမ်ကွင်းမှာ ဘယ်လ်ဂျီယံကို ခက်ခက်ခဲခဲကစားရနိုင်ပါတယ်။ ဘယ်လ်ဂျီယံမှာ ပရီမီယာ လိဂ် အခြေစိုက်ကစားသမားတွေဖြစ်တဲ့ ဟာဇတ်၊ ဖယ်လိုင်နီ၊ မီရယ်
လပ်စ်၊ ကွန်ပနီ၊ ဗာမေလန်းတို့ ပါဝင်နေတာကြောင့် အနိုင်ကစားနိုင် ပါတယ်။
ဘူလ်ဂေးရီးယား - အီတလီ
အီတလီက ယူရို ၂၀၁၂ မှာ ဗိုလ်လုပွဲရောက်ခဲ့တဲ့အသင်းပါ။ ဘူလ်ဂေးရီးယားက
တိုးတက်လာခြင်းမရှိပါဘူး။ အီတလီဟာ အုပ်စုမှာ ဒိန်းမတ်၊ ချက်တို့ပါနေလို့ ဂရုတစိုက်ပြင်ဆင်လာနိုင်ပါတယ်။ နည်းပြပရန်ဒယ်လီဟာ ယူရို ၂၀၁၂ အီတလီ အသင်းနဲ့ပဲ ဘူလ်ဂေးရီး ယားကို ရင်ဆိုင်လာမှာပါ။ အီတလီအနိုင်ရပါလိမ့်မယ်။
ဆလိုဗေးနီးယား - ဆွစ်ဇာလန်
ဆလိုဗေးနီးယားက ဆွစ်ဇာလန်နဲ့ယှဉ်ရင် မထင်မရှားအသင်းပါ။ ဒါပေမယ့်
၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ဆလိုဗေးနီးယား ခြေစစ်ပွဲ အောင်သွားခဲ့ပါတယ်။ ဆွစ်ဇာလန်မှာ ဘာနက်တာ၊ ရှာကီရီ၊ ရှင်ရှာ၊ စတယ်လာတို့လို ဂျာမန်အခြေစိုက် ကစားသမားတွေရှိပေမယ့် ဆလိုဗေးနီးယားမှာလည်း စီးရီးအေအခြေစိုက် ကစားသမားတွေရှိထားပါတယ်။ ဆလိုဗေးနီးယား အနိုင်နဲ့ သရေပါ။
ဟော်လန် - တူရကီ
ဟော်လန်က နည်းပြသစ်နဲ့ပါ။ ဗန်ဂါးလ်ရဲ့လက်ထက်မှာ ဟော်လန်ဟာ ဘယ်လ်ဂျီယံနဲ့ ခြေစမ်းခဲ့ပြီး ရှုံးခဲ့ပါတယ်။ အခုလည်း ဗန်ဂါးလ် ဟာ ဗန်ပါစီ၊ ရှနိုက်ဒါ၊ ဗန်ဒါဗတ်၊
အယ်ဖယ်လေတို့ကိုပဲ ခေါ်ယူထားပါတယ်။ တူရကီကလည်း ဖီနာဘာချီနဲ့ ဂါလာတာ
စာရေး ကစား သမားတွေကိုပဲ အဓိကထား တည်ဆောက်ထားတဲ့အသင်းဖြစ်ပါတယ်။ ဟော်လန်ဟာ အနိမ့်ဆုံးတစ်လုံးတော့ သွင်းနိုင်ပါလိမ့်မယ်။
ရုရှား - မြောက်အိုင်ယာလန်
ရုရှားက နည်းပြသစ် ကာပယ်လိုနဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ ကာပယ်လိုဟာ အာရှာဗင်၊ ပိုဂရက်ညက်၊ ပက်ဗ်လူချန်ကိုတို့ကို ချန် ထားခဲ့ပြီး ရုရှားတိုက်စစ်အသစ်နဲ့
ပွဲထွက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ရုရှားဟာ တိုက်စစ်ဦးစားပေးပြီး ကစားလာ
ပါလိမ့်မယ်။ ရုရှား ကွင်းမှာ မြောက်အိုင်ယာလန် ပေးဂိုးမများအောင်ပဲ ရည်ရွယ် ကစားရပါမယ်။ ရုရှားရဲ့အနိုင်ဟာ ပြတ်သားပါလိမ့်မယ်။
မော်ဒိုဗာ - အင်္ဂလန်
ဥရောပဇုန်မှာ မော်ဒိုဗာ၊ လူဇင်ဘတ်၊ အန်ဒိုရာ၊ မော်လ်တာတို့ဆိုတာ အသင်း
သေးသေးလေးတွေပါ။ အဖြည့်ခံအသင်းတွေ သာပဲဖြစ် ပါတယ်။ အခု မော်ဒိုဗာကို
အင်္ဂလန်အနိုင်ရမှာသေချာပါတယ်။ ဒါပေမယ့် သုံးဂိုးပြတ်သွင်းနိုင်မလားဆိုတာကို
တော့ စောင့်ကြည့်ရပါ မယ်။ အင်္ဂလန်ရဲ့အုပ်စုမှာ ယူကရိန်း၊ မွန်တီနီဂရိုး၊ ပိုလန်တို့
ပါနေလို့ မော်ဒိုဗာပွဲကို အင်္ဂလိပ်တွေ ဂရုစိုက်ကန်နိုင်ပါတယ်။ အင်္ဂလန် ဂိုးပြတ် အနိုင်ရနိုင်ပါတယ်။
မွန်တီနီဂရိုး - ပိုလန်
မွန်တီနီဂရိုးကို လျှာ့တွက်လို့မရပါဘူး။ ယူရို ၂၀၁၂ ခြေစစ်ပွဲမှာ အုပ်စု ဒုတိယရပြီး
ပလေးအော့ဖ်အဆင့်ကို ရောက်ခဲ့ပါတယ်။ အသင်း လိုက်ကစားအားကောင်းတဲ့
အသင်းပဲဖြစ်ပါတယ်။ ဂျိုဗီဒစ်၊ ဗူချီနစ်တို့က မွန်တီနီဂရိုးရဲ့ Key တွေပါ။ ပိုလန်က
လီဝမ်ဒေါစကီး၊ ကူဘာ တို့ရှိပေမယ့် အသင်းလိုက် မကောင်းပါဘူး။ မွန်တီနီဂရိုး
ကို ရွေးချယ်ရမယ့်ပွဲပါ။
ဖင်လန် - ပြင်သစ်
ပြင်သစ်ကနည်းပြအသစ်နဲ့ပါ။ ဒေရှောင်ရဲ့ ပထမဆုံးနိုင်ငံတကာပွဲပဲ ဖြစ်ပါတယ်။
ဒီပွဲအတွက် လူရွေးတော့ အပြစ်ပေးခံထားရတဲ့ နာဆရီမပါတာကလွဲရင်
ဘလန့်အသင်းကိုပဲ ဒေရှောင်ဟာ ပြန်ရွေးထားပါတယ်။ အခုဖင်လန်ကွင်းမှာဖြစ်တဲ့ အတွက် ပြင်သစ်ဟာ ခက်ခက်ခဲခဲကစားရနိုင်ပါတယ်။ ဖင်လန်က အသင်းနိမ့်တယ် ထင်ရပေမယ့် အိမ်ကွင်းမှာ ဖြစ်နေတဲ့ အားသာချက်ရှိလို့ ဒီပွဲက ပြင်သစ် ကိုရှောင်ပြီး ဖင်လန်ကို ရွေးရမယ့်ပွဲဖြစ်ပါတယ်။
ဒိန်းမတ် - ချက်
ဒီနှစ်သင်းက ယူရို ၂၀၁၂ မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့အသင်းတွေဖြစ်ပါတယ်။ ဒိန်းမတ်က အုပ်စုက ထွက်ခဲ့ရပေမယ့် ချက်က ကွာတား ဖိုင်နယ်ကိုရောက်ခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ခြေတွေ၊ ဘောလုံးအဆင့်အတန်းတွေက သိပ်ပြီးကွာကြတာမဟုတ် ပါဘူး။ နှစ်သင်းစလုံး အမြင့်ဘောတွေကိုပဲ ဦးစားပေးကစားကြလို့ ဂိုးရဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ သရေကျဖို့များပြီး ဂိုးနည်းမှာကတော့ သေချာနေပါ တယ်။
