ကမ္ဘာလှည့်များအတွက် အသေးစား ခရီးစဉ်တစ်ရပ် စီစဉ်

ယုယုမော်
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

ကုန်ကျမှုသက်သာသည့် Seat-In-Coach (SIC) ခရီးစဉ်ကို ခရီးသည် တစ်ဦးလျှင် အမေရိကန် ၁၉ ဒေါ်လာ ဖြင့် ၀န်ဆောင်မှုပေး မည်ဖြစ်ကြောင်း Golden Bell ခရီးသွားလုပ်ငန်းမှ ဒါရိုက် တာ ကိုအီသားက ပြောသည်။

"တည်းခိုခန်းမှာတည်းတဲ့ ခရီးသည် တွေ၊ အထူးသဖြင့် တစ်ကိုယ်ရည် ခရီး သွား FIT တွေအတွက် ဒီခရီးစဉ်က အဆင်ပြေတယ်။ ခရီးစရိတ်မှာ နေရာ တွေအတွက် ဇုန်ဝင်ကြေးတွေ၊ စားစရိတ် တွေတော့ မပါဘူး။ တစ်ရက်အတွင်း ရန်ကုန်မြို့က နေရာ ၁၀ နေရာကို လိုက် ပို့ပေးမယ့် ၀န်ဆောင်မှုပါ" ဟု ၎င်းက ပြောသည်။

စွယ်တော်မြတ်စေတီတော်၊ ကျောက် တော်ကြီး၊ ဆင်ဖြူတော်၊ ကမ္ဘာအေး စေတီ၊ ခြောက်ထပ်ကြီးဘုရား၊ ဗိုလ် တထောင်ဘုရား၊ မြို့တော်ခန်းမ၊ ဆူးလေ ဘုရား၊ ဗိုလ်ချုပ်ဈေးနှင့် ရွှေတိဂုံဘုရား စသည့် ခရီးသည်လည်ပတ်မှုများသည့် နေရာ ၁၀ နေရာကို တစ်ရက်အတွင်း လိုက်လံပို့ဆောင်ပေးမည်ဖြစ်သည်။

"ပို့ဆောင်တဲ့နေရာမှာ ဧည့်လမ်းညွှန် တော့ မပါပါဘူး။ ဒါပေမယ့် ခရီးစဉ် တစ်ခုမှာ တစ်ယောက်နှစ်ယောက်တည်း ရှိနေပေမယ့်လည်း လိုက်ပို့ပါတယ်။ သူတို့ တည်းခိုတဲ့နေရာအထိ ကြိုပို့လုပ် ပေးမှာပါ။ ခရီးသည်တွေ အပြန်မှာ တရုတ်တန်းဝင်ချင်ရင်လည်း ပို့ပေးပါ တယ်" ဟု ၎င်းကပြောသည်။

အဆိုပါခရီးစဉ်ကို တစ်ရက်ကြိုတင်၍ ရန်ကုန်မြို့ ဗိုလ်မြတ်ထွန်းလမ်း၊ ကွင်းပါ့ခ် ဟိုတယ်အနီး၊ ကျောက်တံတားမြို့နယ်ရှိ Golden Bell ခရီးသွားလုပ်ငန်းတွင် ဘွတ်ကင်တင်နိုင်သည်။