နိုင်ငံတကာ၏သဘောထားသည် အကူအညီများထက်ပိုကောင်း
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)
မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်များ အရ နိုင်ငံတကာ၏ အဘက်ဘက်မှ ပံ့ပိုးကူညီ ပေးမှုများ လိုအပ်နေချိန်၊ လိုအပ်နေဆဲ အခြေအနေဖြစ်သည်။
သို့ရာတွင် အဆိုပါကူညီပံ့ပိုး မှုများထက် ပိုမိုကောင်းမွန်သောအရာမှာ ထိုသို့ ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်များအပေါ် နိုင်ငံ တကာက နားလည်သဘောပေါက်ပြီး ယုံကြည် လက်ခံရေးပင်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မြန်မာတိုင်း(မ်)ကို ဖြေကြားသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခွဲ၌ အပြည်ပြည်ဆိုင်ရာ အာရှ နိုင်ငံရေး ပါတီများညီလာခံ ICAPP ကိုယ်စားလှယ် အဖွဲ့ဝင်များက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား ပြည်သူ့ လွှတ်တော် ဇမ္ဗူသီရိဆောင်၌ တွေ့ဆုံအပြီး သူရဦးရွှေမန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"အဖွဲ့ဝင်နိုင်ငံပေါင်း ၅၀ ကျော်က နိုင်ငံရေး ပါတီစုံ ၃၂၀ လောက်ရှိတဲ့ (ICAPP) ကိုယ်စား လှယ်အဖွဲ့ဝင်တွေ အခုလိုလာတွေ့တဲ့ အကြောင်းရင်းက မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်း လဲမှုအခြေအနေတွေကို လေ့လာဖို့ပါ။ မိမိတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် သူတို့က နားလည် ယုံကြည်ပြီး အားပေးကြတာတွေ့ရတယ်။ တရုတ်ကွန်မြူနစ်ပါတီဝင်တွေ ပါတယ်။ အလား တူပဲ ဗီယက်နမ်ပါတယ်။ လာအိုပါတယ်။ ဖိလစ် ပိုင် ပါတယ်။ ဘင်္ဂလားဒေ့ရှ်ပါတယ်။ တူရကီ ပါ တယ်။ ဩစတြေးလျပါတယ်။ ဒီလို လာတွေ့ ခြင်းအားဖြင့် အဲဒီနိုင်ငံရေးပါတီတွေက မြန်မာ နိုင်ငံအကြောင်း ပိုပြီးနားလည်သွားတာပေါ့။
"မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ သူတို့ က ဘာအကူအညီတွေပေးနိုင်မလဲဆိုရင် လော လောဆယ်မှာတော့ သူတို့ရဲ့ အမြင်သဘော ထားဟာ တခြားကူညီတာတွေထက် ပိုပြီး ကောင်းမယ်လို့ ထင်ပါတယ်"ဟု ၎င်းက ပြော သည်။
