နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်သူများအား လက်ခံရန် ဂျွန်မက်ကိန်းတိုက်တွန်း

မြန်မာနိုင်ငံအစိုးရအနေဖြင့် ဧပြီလတွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာ သူများအား ဖိတ်ခေါ်ရန် နိုင်ငံတော်သမ္မတအား တိုက်တွန်းခဲ့ကြောင်း မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်သီတင်းပတ် က လာရောက်ခဲ့သည့် အမေ ရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဇန်န၀ါရီလ ၂၂ ရက် နေ့ ရန်ကုန်မြို့ အမေရိကန်စင်တာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

News 

ဥရောပသမဂ္ဂက ကန့်သတ်မှုများ ဆက်လက်၍ ဖြေလျှော့ရုပ်သိမ်းရန် စဉ်းစားနေ

ဥရောပသမဂ္ဂကောင်စီက မြန်မာနိုင်ငံ နှင့်ပတ်သက်၍ ချမှတ်ထားသည့် ကန့်သတ်မှုများအနက်မှ ပြည်ဝင်ခွင့် ပိတ်ပင်မှုကို ဆိုင်းငံ့ ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ဇန်န၀ါရီလ ၂၃ ရက်က ကျင်းပသည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးက ထုတ်ပြန်သည်။

News 

ကေအိုင်အိုတို့ တောင်းဆိုချက်မှ စကားလုံးတချို့ ပြင်ဆင်၊ ဖြည့်စွက်နိုင်လျှင် ငြိမ်းချမ်းမည်

ပြီးခဲ့သည့် သီတင်းပတ်၊ ဇန်န၀ါရီလ ၁၉ တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ကေအိုင် အိုနှင့် ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့တို့ ဆွေးနွေးခဲ့ စဉ် ဆက်လက်ညှိနှိုင်းရန် ကျန်ရှိသော ကေအိုင်အိုဘက်မှ တောင်းဆိုချက် ခုနစ်ချက်တို့နှင့်ပတ်သက်ပြီး အချို့ စကားလုံးများကို အဓိပ္ပာယ်တူစကားလုံးများဖြင့် ပြင်ဆင်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်အချို့ကို ထပ်မံ ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင် ကြမည်ဆိုပါက မြန်မာနိုင်ငံမြောက်ပိုင်းအတွက် ထာဝရငြိမ်းချမ်းရေး ရနိုင်ကြောင်း အဆိုပါဆွေးနွေး ပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူတစ်ဦးက မြန်မာတိုင်း(မ်)ကို ဖြေကြားသည်။

News 

ပြုပြင်ပြောင်းလဲသူများဘက်မှ ၈၈ မျိုးဆက် လွန်ဝင်ဆွဲမည်

ထောင်ဒဏ်ကျခံနေရရာမှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာမီက လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့် နိုင်ငံ အတွက် ပြုပြင်ပြောင်းလဲလိုသူများဘက် မှ ရပ်တည်ကာ ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့ က ရန်ကုန်မြို့တော်ဝင်စင်တာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

News 

ဥပဒေထွက်လာပါက လယ်ယာမြေပြဿနာများ ဖြေရှင်းနိုင်မည်

ပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ လယ်မြေ သိမ်းမှုများ စသည့် ပြဿနာများ ဖြစ်ပွားနေသည့် လယ်ယာမြေအငြင်းပွားမှုများကို လယ်ယာမြေ ဥပဒေထွက်လာပါက ဖြေရှင်းနိုင်မည်ဟုယုံကြည်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး က ယခုလ ၂၁ ရက်၌ အဆိုပါရုံးချုပ်တွင် သတင်းထောက်များအား ရှင်းလင်း ပြောကြားသည်။

News 

တရားမ၀င်သစ်ခိုးထုတ်မှုများ လျော့နည်းစေရေး ညှိနှိုင်းဆောင်ရွက်ပေးပါရန် နိုင်ငံတော် သမ္မတအား မေတ္တာရပ်ခံထား

မြန်မာ့ကျွန်းသစ်များကို တရားမ၀င် ခိုးထုတ်နေမှုများ လျော့ပါးရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပေးပါရန် သစ်လုပ်ငန်း ရှင်များက နိုင်ငံတော် သမ္မတထံ သို့ မေတ္တာရပ်ခံပြီးနောက် ခိုးထုတ်မှုများ လျော့ကျလာကြောင်း သစ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

News 

ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားဧည့်သည်အ၀င် စံချိန်သစ် ထပ်မံတင်

လွန်ခဲ့သောနှစ် ၂၀၁၁ တစ်နှစ်လုံးတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည်အ၀င်မှာ ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံ၏ သမိုင်းဝင် အထင်ကရဖြစ်သည့် ရွှေတိဂုံစေတီတော်သို့လည်း နိုင်ငံခြား ခရီးသွား ဧည့်သည်အ၀င်မှာ စံချိန်တင်ဝင်ရောက်ခဲ့ကြောင်း ဂေါပက အဖွဲ့မှ ပြုစုထားသော နိုင်ငံခြားခရီးသွား ဧည့်သည် အ၀င် စာရင်းအရ သိရှိရသည်။

News 

ဝယ်လိုအားကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်း သုံးမျိုးစလုံး ထပ်မံ တန်ဖိုးမြင့်တက်လာ

ပြည်တွင်း၏ အဓိကငွေလဲနှုန်းသုံးမျိုး တန်ဖိုးမှာ ကားတင်သွင်းမှုကို အဓိက အခြေခံ၍ ဇန်န၀ါရီလလယ်ပိုင်းမှ စခါ ဒုတိယအကြိမ် မြင့်တက်လာခဲ့ကြောင်း နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်မှ တာဝန်ရှိသူများက ပြောသည်။

News 

အရန်ဆန်တန်ချိန် တစ်သိန်းကို စတင်ဝယ်ယူနေ

မြန်မာအစိုးရ၏ အရန်ဆန်တန်ချိန် တစ်သန်းဝယ်ယူမည့် အစီအစဉ်၏ ပထမခြေလှမ်းအဖြစ် ဆန်တန်ချိန် တစ်သိန်းဝယ်ယူမည့် အစီအစဉ်ကို ယခု လ ၂၄ ရက်က စတင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယခု လ ၂၃ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် ပြောကြားသည်။

News 

ကျောင်းအုပ်ဆရာကြီးတစ်ဦးအား အမှုဖွင့်

လူငယ်တစ်ဦးအား ဖမ်းဆီးကာ ရိုက်နှက်၍ ကျောင်းဝရန်တာတွင် လက်ပြန်ကြိုး တုပ်ထားခဲ့သည်ဆိုသော သင်္ဃန်းကျွန်း မြို့နယ် အမက(၂၀)မှ ကျောင်းအုပ်ကြီး ဦးဌေးလွင် (၄၉ နှစ်)၊ ကျောင်းစောင့် နေလင်းအောင် (၃၄ နှစ်)နှင့် ဦးစိန်ထွန်း (၄၇ နှစ်)တို့အပေါ် ဖခင်ဖြစ်သူ၏ တိုင်တန်းချက်အရ သင်္ဃန်းကျွန်းရဲစခန်းက (ပ) ၅၈ / ၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂၊ ၃၂၅ / ၁၁၄ အရ ဇန်န၀ါရီ ၁၄ ရက်နေ့တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

News 

အကောက်ခွန်မဲ့ကုန်စည်များကြောင့် လုပ်ငန်းရှင်များထိခိုက်

အိမ်နီးချင်း နိုင်ငံအချို့မှ ပြည်တွင်းသို့ တရားမ၀င်အခွန်မဆောင်ဘဲ ၀င်ရောက် လာသည့် စားသောက်ကုန်ပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များကို များစွာထိခိုက်နေကြောင်း ယခုလ ၂၃ ရက်က ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များက ပြောကြားသည်။

News 

၂၀၁၂ ခုနှစ် မြန်မာဟိုတယ်နှင့် ခရီးသွားလမ်းညွှန် ထွက်ပြီ

၂၀၁၂ ခုနှစ် မြန်မာဟိုတယ်နှင့်ခရီးသွား လမ်းညွှန်စာအုပ်ကို Logistic Media Services ကုမ္ပဏီက ယခင်နှစ်များ နှင့်မတူ အသွင်သစ်ဖြင့် ယခုလဆန်း မှ စတင်ထုတ်ဝေဖြန့်ချိလိုက်သည်။

News 

ပို့ကုန်တိုးချဲ့ရန် ဈေးကွက်ရှာထွက်မည်

အစိုးရသစ် ပြောင်းလဲအုပ်ချုပ်ပြီးနောက် ပို့ကုန်သွင်းကုန် ကုန်သွယ်မှုများပြောင်း လဲလာသော်လည်း နိုင်ငံခြားပို့ကုန် ပမာဏမှာ ကိန်းဂဏန်းအရ နည်းနေ သည်နှင့်အတူ ပို့ကုန်အမယ်(အမည်) သစ်များ ဈေးကွက်သစ်များရှာရန် လိုအပ်နေသည့်အတွက် ဖေဖော်ဝါရီလပိုင်းတွင် ဈေးကွက်ထွက်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနတွင် ကျင်းပသည့် ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးပွဲ၌ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

News 

သုတေသနပြုချက်အရ ဂျပန် ထမင်းလိပ်များတွင် အီးကိုလိုင်ပိုး ပေါက်ဖွားမှုများနေသည်ကို တွေ့ရ

သန့်စင်မှုနှင့်သိုလှောင်ထားရှိမှုအားနည်း သော စူပါမားကက်များနှင့် ဈေးဆိုင်များရှိ ဂျပန်ထမင်းလိပ်များတွင် အီးကိုလိုင် ပိုးနှင့် အခြားဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားမှုများပြားနေသည်ကို သုတေ သနပြုလုပ်ချက်အရ တွေ့ရသည်ဟု ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) မှ သုတေသနပညာရှင်တစ်ဦးက ပြောသည်။

News 

ကိုဇေယျာသော်နှင့် မစန္ဒာမင်း မဲဆန္ဒရှင်များနှင့် တွေ့ဆုံ

ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် နေပြည်တော်ရှိ လစ်လပ်နေသော ပြည်သူ့လွှတ်တော် နေရာ လေးမြို့နယ်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုပါဝင် ယှဉ်ပြိုင်မည့် ကိုဇေယျာသော်နှင့် မစန္ဒာမင်းတို့သည် ပါဝင်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှ ပြည်သူများနှင့် မိတ်ဆက်ရန် ယခုလ ၂၄ ရက်က နေပြည်တော်သို့ ရောက်ရှိလာသည်။

News 

နေပြည်တော်၊ ပုဂံ-ညောင်ဦးနှင့် တောင်ကြီး-အင်းလေးရှိ ဟိုတယ်အချို့ ကြယ်အဆင့်သတ်မှတ်

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့် သည်အ၀င်တိုးတက်လာသည်နှင့်အမျှ ခရီးသွားဧည့်သည်အတွက် ဟိုတယ်များ၏ အရည် အသွေးနှင့် ၀န်ဆောင်မှုအား နိုင်ငံတကာ ဟိုတယ်အဆင့်အတန်း နှင့်အညီ ပေးနိုင်ရန် ရည်ရွယ်ပြီးဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနက နေပြည်တော်၊ ပုဂံ-ညောင်ဦးနှင့် တောင်ကြီး-အင်းလေးဟိုတယ်ဇုန်များရှိ ဟိုတယ်အချို့အား ကြယ် အဆင့်များ သတ်မှတ်လိုက်သည်။

News 

သင်္ဃန်းကျွန်းရှိ ဟိုတယ်သစ်ကို ဖေဖော်ဝါရီလကုန်တွင် နိုင်ငံခြားသားခရီးသည်များအတွက် ဖွင့်လှစ်ရန် စီစဉ်ထား

သင်္ဃန်းကျွန်းမြို့နယ် ခေမာသီလမ်းရှိ အဆောက်အအုံသစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် ဟိုတယ်သည် ရပ်ကွက်နေ ပြည်သူ အချို့စိုးရိမ်ကြသည့် ဟိုတယ် အဆင့်အတန်းမျိုးဖြစ်မည်မဟုတ်ဘဲ နိုင်ငံခြားသားခရီးသည်များအတွက် ရည်ရွယ်ကာဖွင့်လှစ်ခြင်း ဖြစ်သည်ဟု အဆောက်အအုံ၏ ပိုင်ရှင် Nice Fare Travel ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်သန္တာလေးနိုင်က ယခုလ ၂၃ ရက် နေ့က မြန်မာတိုင်း(မ်)နှင့် သီးသန့် တွေ့ဆုံစဉ် ပြောကြားသည်။

News 

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ တွင် ဗဟိုသန်းခေါင်စာရင်းကောက်မည်

မြန်မာနိုင်ငံရှိ လူဦးရေစာရင်းအတိ အကျကို နှစ်ပေါင်း ၃၀ အတွင်း ပထမ အကြိမ်အဖြစ် ၂၀၁၄ ခုနှစ်တွင် စတင် ကောက်ခံသွားရန် ယခုနှစ်မှ စတင် ပြင်ဆင်နေပြီဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မြန်မာတိုင်း(မ်)ကို ဇန်န၀ါရီဒုတိယပတ် အတွင်း ပြောကြားသည်။

News 

ကမ္ဘာ့ရေတိမ်ဒေသများနေ့ ဂုဏ်ပြု ကြိုဆိုပွဲနှင့် ဓာတ်ပုံပြပွဲ ကျင်းပမည်

မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းက ကြီးမှူး၍ ကမ္ဘာ့ ရေတိမ်ဒေသများနေ့ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားနှင့် ဓာတ်ပုံပြပွဲကို ဇန်န၀ါရီ လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခန်းမတွင် ကျင်းပမည်ဖြစ်သည်။

News 

လူမှုကယ်ဆယ်ရေး လစ်လပ်နေသေးတဲ့ စစ်ဘေးသင့် ကျောင်းသားငယ်များရှိနေဆဲ

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွက် One More လူမှုကွန်ရက်အဖွဲ့က မြစ်ကြီးနား မြို့မှာရှိတဲ့ စစ်ဘေးသင့် ကျောင်းသား သူငယ်တွေအတွက် ပညာရေး အထောက်အပံ့အဖြစ် ငွေကျပ် ၃,၃၄၅,၀၀၀ တိတိကို လှူဒါန်း ပါတယ်။ ဒါကြောင့် One More ကို မြစ်ကြီးနားမှာ တာဝန်ယူ ကောက်ခံနေတဲ့ ဆန္ဒတူသူတစ်စုနဲ့ ဥတ္တရလမင်း စာပေအဖွဲ့ဝင်တွေက စစ်ဘေးသင့်နေသူအရေအတွက်ကို ပဏာမ စုံစမ်းကြပါတယ်။

News 

မင်္ဂလာတောင်ညွန့် လူသတ်မှုနှင့်ပတ်သက်၍ မသင်္ကာသူများအား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ် ကန်/နောက်ရပ်ကွက်၊ ၈၇ လမ်းနှင့် ဒေါ်သိန်းတင်လမ်းထိပ်တွင် ရန်ငြိုးရန်စရှိခဲ့မှု အပေါ် အခြေခံ၍ လူငယ်တစ်စု ဇန်န၀ါရီလ ၁၃ ရက်နေ့ ညက ခိုက်ရန်ဖြစ်ပွားပြီး မြင့်မောင်မောင်၊ ဇာနည်ကြိုင်၊ မျိုးမင်းဦးနှင့် မျိုးမင်းအောင် တို့ မှာ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိနေ ကြောင်း သတင်းရရှိ၍ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

News 

ဒေါ်လာနှစ်ထောင်နှင့် ကျပ် ၁၄ သိန်း ဖောက်ထွင်းခံရမှုနှင့် ပတ်သတ်၍ မသင်္ကာသူကို ဖမ်းဆီး

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက် တံတားမြို့နယ်၊ အနော်ရထာလမ်း စင်ထရယ်တာဝါ မြေညီထပ်ရှိ Linc စာရေးကိရိယာ ဖြန့်ချိရောင်းဝယ်ရေး ဆိုင်အား ပိတ်ပြီးနောက် ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဆိုင်ပြန်ဖွင့်ရာ ဆိုင်နောက် တံခါး၏သော့ ပျက်နေသည်ကို တွေ့ရ သဖြင့် စစ်ဆေးခဲ့ရာ ဆိုင်ရှိ စားပွဲအံဆွဲ အတွင်း ထည့်ထားသည့် ငွေကျပ် ၁,၄၃၆,၀၀၀ ပျောက်ဆုံးနေပြီး၊ ဗီရို အံဆွဲလေးခုအတွင်းမှ ငွေရောရာ သိန်း ၂၀၀ ခန့်ပါ ပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် ဦးဒေ၀ါမုနီးက တရားလို ပြုလုပ်တိုင်တန်းရာ ကျောက်တံတား ရဲစခန်းက (ပ)၄/၂၀၁၂ ပြစ်မှုပုဒ်မ ၃၈၀ အရ အရေးယူ အမှုဖွင့် ခဲ့သည်။

News 

အများပြည်သူဆိုင်ရာဘ၀တွင် အမျိုးသမီးများ ပိုမိုပါဝင်ဆောင်ရွက်ရေး ဆောင်ရွက်မည်

တိုင်းပြည်တည်ဆောက်ရေး၏ အရေးပါသော အခန်းကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရန် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး၊ ရပိုင်ခွင့် အခွင့်အလမ်းများနှင့် ကာကွယ်စောင့် ရှောက်ရေးကို ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဟု လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်ထွန်းခိုင် ကဒီဇင်ဘာလအတွင်း ကျင်းပခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ပြောသည်။

News 

၂၀၁၁ ခုနှစ်အတွင်း ရန်ကုန်မြို့မီးလောင်မှုများ၏ သုံးပုံတစ်ပုံမှာ လျှပ်စစ်ပစ္စည်းများ သုံးစွဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်

ရန်ကုန်မြို့၏ ၂၀၁၁ ခုနှစ်အတွင်း မီးလောင်မှုများတွင် လျှပ်စစ်ပစ္စည်းများ သုံးစွဲရာမှ စတင်လောင်ကျွမ်းမှုမှာ မီးလောင်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံ ခန့်ရှိကြောင်း အမှတ်(၂) ၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးရုံးမှ ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက လွန်ခဲ့သော သီတင်းပတ်တွင် ပြောသည်။

News 

ဒါကာနှင့် တိုက်ရိုက် လေကြောင်းလိုင်း ပြန်လည် ပြေးဆွဲမည်

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံသဘောတူစာချုပ်အရ ရန်ကုန် နှင့် ဒါကာမြို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို မကြာမီ ပြန်လည် ပြေးဆွဲတော့မည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် သတင်း ထုတ်ပြန် သည်။ News