ဒေါ်အောင်ဆန်းစုကြည်အား ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဘနာဇီယာဘူတို၏ အထိမ်းအမှတ်ဆုဖြစ်သော Shaheed Benazir Bhutto Award for Democracy ဆုအား ဇန်န၀ါရီလ ၂၅ ရက်နေ့က ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ၎င်း၏နေအိမ်၌ ဘနာဇီယာဘူတို၏သမီးထံမှ လက်ခံရယူနေစဉ်။ ယခုလ ၂၄ ရက်က ရောက်ရှိလာသည့် ပါကစ္စတန်နိုင်ငံသမ္မတ အာလစ်အလီ ဇာဒါရီ(၀ဲအစွန်)သည် သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ အဆိုပါဆုသည် ၂၀၀၇ခုနှစ် ဒီဇင်ဘာ လတွင် လုပ်ကြံခံရကာ အသက်ဆုံးရှုံးခဲ့သော ၀န်ကြီးချုပ် ဘနာဇီယာ ဘူတို၏ ပါကစ္စတန်ပြည်သူ့ပါတီက တည်ထောင်ခဲ့သော ဆုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ခုနှစ် ဇွန်လကတည်းက ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
သတင်း - ရွှေယင်းမာဦး၊ ဓာတ်ပုံ - အေအက်ဖ်ပီ။