မျောက်မျိုးစိတ်သစ်ထိန်းသိမ်းရေး အစီအစဉ်ရေးဆွဲရန် နိုင်ငံတကာအဆင့် အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပမည်
မြန်မာနိုင်ငံတွင် ပထဦးဆုံးတွေ့ရှိခဲ့သော မျောက်မျိုးစိတ်သစ်အား ထိန်းသိမ်းရေးအစီအစဉ်များ ရေးဆွဲနိုင်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည် ဖြစ်သည်။
ထိုင်းနိုင်ငံရောက် အလုပ်သမားများဆိုင်ရာ ပြဿနာများကို ညှိနှိုင်းဆွေးနွေးမည်
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ယာယီနိုင်ငံကူးလက် မှတ်ထုတ်ပေးခြင်း၊ ထိုင်းဗီဇာရရှိရေး ကိစ္စနှင့် အခြား အထွေထွေ အလုပ်သမား ပြဿနာများကို ဖြေရှင်းရန်အတွက် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းပြီး အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မီတာထိန်းသိမ်းခဖြင့် လျှပ်စစ်ဆိုင်ရာထိန်းသိမ်းပြုပြင်မှုများပြုလုပ်ရဟုဆို
အများပြည်သူက မကျေမနပ်ဖြင့် ဝေဖန်နေသည့် တစ်လလျှင် ကျပ် ၁,၀၀၀ ကောက်ခံနေသည့် လျှပ်စစ်မီတာထိန်းသိမ်းစောင့် ရှောက်ခမှာ နိုင်ငံတကာတွင် လည်းကောက်ခံလေ့ရှိသည့် မီတာငှားရမ်းခကို ကောက်ခံခြင်းသာဖြစ်သည်ဟု အမှတ် (၂) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ယခုလ ၁၉ ရက်က ပြောကြားသည်။
မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျငွေချေ စနစ်ဖြင့် ပစ္စည်းများဝယ်ယူနိုင်
နေပြည်တော်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့်ချိတ်ဆက်၍ ပျဉ်းမနားမြို့ရှိ Sweet Villa Home Mart ၊ လင်း နှင့် လေဆာ ကွန်ပျူတာ ဆိုင်များ၊ ပြည့်ဖြိုး အီလက်ထရွန်းနစ်ဆိုင်၊ လန်းလန်းနှင့် နိုင်ဟိန်းစံ
ဆိုင်ကယ်ဆိုင်များရှိ ပစ္စည်းများကို အရစ်ကျငွေချေစနစ်ဖြင့် ယခုလတွင် စတင်ဝယ်ယူသုံးစွဲနိုင်ပြီဟု သိရသည်။
