Huawei ကုမ္ပဏီမှ မြန်မာ့ဆက်သွယ်ရေး အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် အမေရိကန် ဒေါ်လာ သုံးသန်း လှူဒါန်း

ဝင်းသော်တာ ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)

သမ္မတဦးသိန်းစိန်၏ တရုတ်ခရီးစဉ်အတွင်း Huawei နည်းပညာ ကုမ္ပဏီတည်ထောင်သူ မစ္စတာ Ren Zheng Fei နှင့် ရင်းနှီးစွာ တွေ့ဆုံစဉ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ် ပြည်ခရီးစဉ်အတွင်း စက်တင် ဘာ ၂၀ ရက်နေ့က ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ စီးပွားရေး လုပ်ငန်းတစ်ခုဖြစ် သော Huawei ကုမ္ပဏီရုံး စိုက်ရာ ရှန်ဇန်မြို့သို့ သွားရောက်လေ့လာခဲ့ပြီး ကုမ္ပဏီတည်ထောင်သူ မစ္စတာ Ren Zheng Fei နှင့် တွေ့ဆုံခဲ့ကာ Huawei ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ကျင်းပ မည့် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ဆက်သွယ် ရေးစနစ်တွင် အထောက်အပံ့ ဖြစ်စေမည့် 'ကန်'ဒေါ်လာသုံးသန်း တန် ဖိုး ရှိ 4G LTE Telecommunication System နှင့် Telepresent Video Conference System တို့ကို လှူဒါန်းခဲ့ကြောင်း ရန်ကုန်မြို့ အခြေ စိုက်ကုမ္ပဏီရုံးခွဲမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ လေ့လာရေးခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်သည် Huawei ကုမ္ပဏီ ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဥက္ကဋ္ဌမစ္စတာ Yang Shu နှင့် ရန်ကုန်ရုံးခွဲ ၏ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ Ren Geng တို့နှင့်ပါ တွေ့ဆုံခဲ့ပြီး Huawei ကုမ္ပဏီမှ တာဝန်ရှိသူများက သမ္မတ ဦးသိန်းစိန် အား ကုမ္ပဏီ၏ဆက်သွယ်ရေး နည်းပညာသစ်တစ်ခုဖြစ် သော G LTE (Fourth Generation Tele-communication Technolgy: Long Term Evolution System) အသုံးချပုံနှင့် အဝေးရောက် သင်ကြားရေး အထောက်အကူပြုစနစ်များကို ရှင်းလင်းပြသခဲ့သည်။

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် Huawei ကုမ္ပဏီအနေဖြင့် အစောပိုင်း ကာလကပင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသား များမှာ ကုမ္ပဏီထုတ် ပစ္စည်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီးဖြစ်ကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် အခြေခံအဆောက်အအုံ များ တည်ဆောက်ရာ၌ အရေးပါသော မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်း ပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် Huawei ကုမ္ပဏီ၏ အဆင့်မြင့်နည်းပညာ နှင့် အကြံဉာဏ်များ အသုံးပြုနိုင်ရန် မျှော်လင့်ပြီး ဒေသတွင်းစီးပွားရေး လုပ်ငန်းများနှင့် ပူးပေါင်းကာ အလုပ် အကိုင်အခွင့်အလမ်းများပါ ဖန်တီးပေး နိုင်ရန်ကိုပါ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၊ မေလဆန်း နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး ကာလ ပြည်တွင်းဆက်သွယ်ရေးစနစ်တွင် Huawei Network ကိုသာ အားပြုအသုံးချခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို နှောင့်နှေးမှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ကြောင့် ယင်းကာလနောက်ပိုင်းတွင် မြန်မာနိုင်ငံပြည်သူများအကြား Huawei ဖုန်း များကို 'နာဂစ်မိုဘိုင်းလ်' ဟု ခေါ်ဆိုလာခဲ့သည်။

Huawei ကုမ္ပဏီသည် ကမ္ဘာပေါ်ရှိ ဆက်သွယ်ရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများနှင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ အတွက် ဖြေရှင်းနိုင် မည့် နည်းလမ်းကောင်းများကို ထောက်ပံ့ ပေးလျက်ရှိသော လုပ်ငန်းကြီးများထဲမှ သုံးစွဲသူများ အသိအမှတ်ပြု အကြိုက် တွေ့သော လုပ်ငန်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံဈေးကွက်တွင်လည်း Huawei လက်ကိုင်ဖုန်းများမှာ လူကြိုက် အများဆုံးလက်ကိုင်ဖုန်းများအနက် တစ်ခုဖြစ်သည်။ အဆို ပါ ကုမ္ပဏီသည် ယခုနှစ်တွင် ဆက်သွယ်ရေး နည်းပညာ ပိုင်းဆိုင်ရာ အခက်အခဲများဖြေရှင်းနိုင် သည့် နည်းလမ်းများကို ထောက်ပံ့မှု အပေးနိုင်ဆုံး လုပ်ငန်းတစ်ခုအဖြစ် လည်း ရပ်တည်လျက်ရှိသည်။

Huawei ၏ ၂၀၁၁ ခုနှစ် အတွင်း လုပ်ငန်းမှရရှိသောဝင်ငွေမှာ အမေရိ ကန်ဒေါ်လာ ၃၂ ဒသမ ၄ ဘီလျံ အထိရှိ ခဲ့ပြီး ၀န်ထမ်းအရေ အတွက်မှာလည်း ၁၅၀,၀၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း ကုမ္ပဏီ၏ တရားဝင်သတင်းထုတ်ပြန် ချက်တွင် ဖော်ပြသည်။

အဆိုပါဝန်ထမ်း များ၏ထက်ဝက်ခန့်မှာ တရုတ်နိုင်ငံအပါအ၀င် အမေရိကားနှင့် ဥရောပနိုင်ငံများတွင် တည်ရှိသောလုပ်ငန်းပိုင်းဆိုင်ရာ သုတေသနနှင့် တိုးတက်မှုဆိုင်ရာဌာန ၁၅ ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိ ပြီး နိုင်ငံပေါင်း ၁၄၀ ကျော်အတွင်းရှိ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံခန့်အတွက် ပစ္စည်းများနှင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများဖြေရှင်းသည့် နည်းလမ်းများကို ရောင်းချပေးလျက်ရှိ ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။