ရေလုပ်ငန်းကဏ္ဍ၌ ကုန်ကြမ်းသီးသန့်ဝယ်ယူမှုကို သတိပြုသင့်
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

ပြည်တွင်းဈေးကွက်၌ စားသုံးမှုများသော တီလားဗီးယားငါးများကို ဗဟိုစံပြငါးဈေးကွက်အတွင်း ရောင်းချရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ဘူးသီး
ရေလုပ်ငန်းကဏ္ဍ၌ နိုင်ငံတကာအနေဖြင့် ကုန်ကြမ်းရှားပါးမှုများဖြစ်ပေါ် လာမှုကြောင့် မြန်မာ့ရေလုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ လိုသူများ စိတ်ဝင်စားမှု မြင့်တက်လာသော်လည်း ကုန်ကြမ်းသီးသန့်သာ ၀ယ်ယူခြင်းကို လက်ခံမည်မဟုတ်ကြောင်း ရေထွက်ပစ္စည်းလုပ်ငန်းရှင် များက မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အပတ်စဉ် အစည်းအဝေး တွင် ပြောသည်။
ရာသီဥတုပြောင်းလဲမှု၊ ပင်လယ်အနေအထားပြောင်းလဲမှုများကြောင့် သ ဘာဝ ငါးသယံဇာတရှားပါးမှုကို ကမ္ဘာ့နိုင်ငံများ ကြုံတွေ့နေရပြီး ဗီယက် နမ်နိုင်ငံသည်လည်း ပင်လယ်ငါးဖမ်းဆီးနိုင်မှု လျော့နည်းလာသည့် အ တွက် မြန်မာနိုင်ငံတွင်ကုန်ကြမ်းဝယ်ယူရန်လာရောက်လေ့လာလျက်ရှိ ပြီး စင်ကာပူနိုင်ငံသည်လည်း လာရောက်လေ့လာလျက်ရှိကြောင်း မြန် မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင် အထွေထွေ အတွင်းရေးမှူး ဦးဟန်ထွန်းက ပြောသည်။
"စင်ကာပူနိုင်ငံကို အရင်က အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံက အများဆုံးရေထွက်ပစ္စည်းတွေကို တင်ပို့တယ်။ အခု အင်ဒိုနီးရှားက ကုန်ကြမ်း ရှား သွားတာကြောင့် တင်ပို့မှု ထက်ဝက်လောက် လျော့ကျသွား ပြီး ထိုင်းကလည်း မပို့နိုင်သလောက်ကို ဖြစ်သွားတယ်။ စင်ကာပူနဲ့ ဈေး ကွက် ဆက်စပ်မှုရှိတဲ့ မလေးရှားနိုင်ငံမှာတင် ငါးဈေးနှုန်းက မနှစ်ကထက် ၅၀ ရာခိုင် နှုန်းလောက် တက်သွားတယ်။ မလေးမှာ တက် တော့ စင်ကာပူမှာပါ ဈေးကလိုက် တက်လာတယ်" ဟု ၎င်းကပြောသည်။
အဆိုပါကိစ္စရပ်များကြောင့် မြန်မာနိုင်ငံမှ ကုန်ကြမ်းများကို လာရောက်လေ့လာနေကြခြင်းဖြစ်ပြီး ရေချိုထက် ရေငန် ငါးများကို ပိုမို စိတ်ဝင်စားမှုရှိကြောင်း လည်း ၎င်းက ပြောသည်။
မွေးမြူရေးငါးများတွင် တီလားဗီးယား၊ ငါးတန်နှင့် ကကတစ်ငါးမျိုးများ ကို စိတ်ဝင်စားမှုရှိကြပြီး ရေချိုငါးမွေးမြူရေးလုပ်ငန်းများကို လည်း လေ့လာကြ ကြောင်းလည်း ဦးဟန်ထွန်းက ပြော သည်။ FAO ၏တွက်ချက်မှုအရ ၂၀၂၀ ပြည့် နှစ်တွင် တစ်ကမ္ဘာလုံးစားသုံး ရန်အတွက် ငါးတန်ချိန် သန်း ၁၆၀ ခန့်လိုအပ်မည် ဖြစ်ပြီး သဘာဝအတိုင်း ထွက်ရှိနှုန်းမှာ တန်ချိန် သန်း ၉၀ ခန့်သာရှိခြင်းကြောင့် လိုအပ်သည့် ငါးများကို မွေးမြူရေးပိုင်း ကသာ ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
"ကမ္ဘာပေါ်မှာ ဈေးအကောင်းဆုံးဖြစ်တဲ့ကျုနာငါးမျိုးကိုတောင် အခုဖမ်းဆီးခွင့်ကန့်သတ်လာတော့ ကိုယ်တိုင်မွေးမြူလာကြပြီ။ ရေရှည် မှာလည်း မွေးမြူရေး ကိုပဲ အားထားလုပ်ဆောင်ရမှာပါ" ဟု ဦးဟန်ထွန်းက ပြောသည်။
မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးနှင်းဦးက ကုန်ကြမ်းရှား ပါးမှုများကြောင့် ပြည်ပမှဝယ်လက်များ မြန်မာနိုင်ငံသို့ ကုန် ကြမ်းသီးသန့်သာ ၀ယ်ယူရန်အတွက် ပြည်တွင်းထွက်ငါး ဈေးကွက်ကို အာရုံစိုက်မှုအပေါ်သတိပြု သင့်ကြောင်းနှင့် ပို့ကုန်လုပ်ငန်းရှင် များ ကလည်း သတိထားသင့်ကာ တန်ဖိုးမြှင့် ကုန်ချောတင်ပို့နိုင်ရန်အတွက် အလေး ထားလုပ်ဆောင်ရန် အရေးကြီးကြောင်း ပြော သည်။
