ယာဉ်မှတ်ပုံတင်ခ လျော့ချခြင်းကြောင့် ဈေးကွက်တွင်း အရှုံးပြရန်ရှိ

တိုးဝေအောင်
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

နှစ် ၂၀ ကျော် ယာဉ်များအပ်နှံမှုကို စတင်ဆောင်ရွက်သွားမည့် ရထားပို့ဆောင် ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီး ဌာန၏ ဇွန်လ ၁၆ ရက် နေ့ကြေညာချက် ကြောင့်ဈေးကွက်အတွင်း ဆုံးရှုံးနစ်နာမှုနှင့် ထပ်မံကြုံရဦးမည်ဖြစ် ကြောင်း ကား ၀ယ်ရောင်းသမားများက ပြောသည်။

"ပထမပိုင်း စီမံချက်နဲ့ ယာဉ်အိုယာဉ် ဟောင်းတွေကို အပ်နှံမှုလက်ခံတာ အခုဆိုရင် 'ပ'အက္ခရာတောင် ရောက်နေပြီ။ ဦးဆုံးအပ်နှံတဲ့ သူတွေက စလစ်ပြပြီး ကားတွေကို သတ်မှတ်အခွန်အခတွေ ဆောင်ပြီးသွင်းလာကြလို့ စလစ်ဈေးကွက်ဖြစ်လာတယ်။ စလစ်တစ် စောင်ကို ကျပ်သိန်း ၁၆၀ နီးပါးလောက်အထိ ဖြစ် သွားတယ်။ ကားတင်သွင်းဝယ်ယူချင်တဲ့ သူတွေက စလစ်ကို တစ်ဆင့်ပြန်ပြီး ၀ယ်ကြတဲ့အတွက် စလစ်ဈေးနှုန်း မြင့်လိုက်၊ ကျလိုက်နဲ့ တော်တော်ဈေး ကောင်းခဲ့တယ်။ အဲဒီနောက်ပိုင်း မေလမှာ သက်ဆိုင်ရာက စလစ်မလိုဘဲ နိုင်ငံခြားငွေစာရင်းရှိတဲ့သူတိုင်း ပြည်ပကနေ ကားတင်သွင်းခွင့်ပြုလိုက် တော့ ကားဈေးကွက်ထဲမှာ စလစ်ကိုင် ထားတဲ့ သူတွေတော်တော်များများ အရှုံးပေါ်ခဲ့ကြတယ်"ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကြည်ညွန့်က ပြောသည်။

ယင်းနောက်ပိုင်းတွင် ယခင်ကတက် ဈေးဖြင့် ၀ယ်ယူခဲ့ပြီး ကျပ်သိန်း ၃၅၀ နှင့် ၄၀၀ နီးပါးပေါက်ဈေးရှိသည့် ကားများ မှာ သိန်း ၂၅၀ မှ ၁၅၀ ခန့်အထိ ဈေးကျ ခဲ့ပြီး ယခုထုတ်ပြန်ချက်အရ သုံးလ အတွင်းအပ်နှံပါက စီမံချက်ပထမပိုင်း အနေဖြင့် 'ပ' အက္ခရာအထိ ယာဉ်များ အပ်နှံ၍ အစားထိုးတင်သွင်းလာသည့် ယာဉ်များအပေါ် ယာဉ်မှတ်ပုံတင်ခ အား ၄၀ ရာခိုင်နှုန်း လျှော့ချကောက်ခံပြီး ဒုတိယစီမံချက်အဖြစ် 'ဗ'အက္ခရာမှ နှစ်စဉ် အနှစ် ၂၀ ကျော် အပ်နှံယာဉ်များ အပေါ် ၆၀ ရာခိုင်နှုန်း လျှော့ချကောက်ခံ သွားမည် ဆိုခြင်းကြောင့် ဈေးကွက် အတွင်းအနိမ့်ကား ဈေးနှုန်းများ ထပ်မံ ကျဆင်းနိုင်မည်ဟု ခန့်မှန်းကြသည်။

"အခုနောက်ပိုင်း ကားဈေးကွက်ထဲကို အက္ခရာနိမ့်ကားတွေက အငှားယာဉ်တွေ အဖြစ်နဲ့ ၀င်လာကြတယ်။ ဒီကားတွေ ၀င်လာပြီး သိပ်မကြာဘူး သက်ဆိုင်ရာက ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေလိုယာဉ်တွေကို နှစ်အလိုက်ပြန်ပြီးဖျက်သိမ်းဖို့ စီစဉ် လာတဲ့အတွက် တစ်ဖက်ကကြည့်ရင် ကောင်းပေမယ့် ယာဉ်ပိုင်ရှင်တွေအဖို့ နစ်နာမှုတော့ရှိတယ်"ဟု ယာဉ်ပိုင်ရှင် ကိုခင်ထွေးက ပြောသည်။

"အခု 'ဗ'အက္ခရာကစပြီး အနှစ် ၂၀ ကျော် ယာဉ်တွေ သုံးလအတွင်း အပ်နှံရမယ်လို့ ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ သိထားတာ ကားထုတ်တဲ့ ခုနှစ်နဲ့ ပြန် ပြီး လက်ခံမှာလား၊ ဒါမှမဟုတ် ကားတွေကို နိုင်ငံကိုဝင်လာပြီးနောက် အသက် သွင်းထားတဲ့ ခုနှစ်နဲ့ လက်ခံသွားမှာ လားဆိုတာပါ။ ကိုယ့်နိုင်ငံကို ရောက်တဲ့ ခုနှစ်နဲ့ အပ်တာကို လက်ခံမယ်ဆိုရင် လက်ရှိသုံးနေတဲ့ အနိမ့်ကားတွေက နောက်ထပ်နှစ်နှစ် သုံးနှစ်လောက်တော့ အသုံးပြုလို့ရနိုင်တယ်"ဟု ကားဝယ် ရောင်းလုပ်ကိုင်သူ ဦးသက်ဝင်းက ပြော သည်။

လက်ရှိ ကားဈေးကွက်အတွင်း Mark II ရွှေငါး ကျပ်သိန်း ၁၉၀၊ Harrier သိန်း ၂၀၀၊ Mark X သိန်း ၂၉၀၊ Vitz သိန်း ၁၆၀၊ Caldina ZT သိန်း ၂၂၀၊ Honda Fitသိန်း ၁၇၀၊ Caldina (စက်ရုပ်) သိန်း ၁၅၀၊ Crown (Mgesha) သိန်း ၁၀၀၊ တိုရိုတာ၊ ကိုရိုနာသိန်း ၇၀ ၀န်းကျင်ခန့် ရှိပြီး လက်ရှိအပ်နှံသည့် အက္ခရာစလစ် ဈေးမှာ သိန်း ၅၀ နှင့် ၆၀ ၀န်းကျင် ခန့်ရှိကြောင်း သိရသည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့် စီမံချက်စတင်သည့် ၂၀၁၁ ခုနှစ်၊ စက် တင်ဘာလ ၁၉ ရက်နေ့မှ ယခုနှစ် ဇွန်လ ၁၄ ရက်နေ့အထိ မှတ်ပုံတင်ဖျက်သိမ်းပြီး ယခု ၅၄,၉၀၆ စီး၊ အစားထိုးတင်သွင်းရန် လျှောက်ထားသည့်ယာဉ် ၄၈,၉၁၉ စီးရှိပြီး ဖျက်သိမ်းပြီး ယာဉ်များ အနက် ပိုင်ရှင်က ခေတ္တပြန်သုံးရန် လျှောက်ထား၍ ခွင့်ပြုယာဉ် ၅,၉၁၀ ရှိကြောင်း သက်ဆိုင်ရာထုတ်ပြန်ချက်အရ သိရသည်။